BREAKING NEWS
(Unicode ဖြင့်ဖတ်ရန်)
===================
မြန်မာ့ငရုတ်ပြည်ပတင်ပို့မှုရပ်တန့်နေ
ယခုလအတွင်းမြန်မာ့ငရုတ် ပြည်ပတင်ပို့မှုမှာရပ်တန့်နေကြောင်း ငရုတ်သီးဈေးကွက်နှင့်နည်းပညာ ဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်အရည်အသွေးများကြောင့် ပြည်ပတင်ပို့မှုရပ်တန့်ထားတာဖြစ်တယ်လို့ ငရုတ်သီးဈေး ကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ ငရုတ်သီးတင်ပို့မှုကခေတ္တရပ်တန့်နေတယ်။အရည်အသွေးတွေက အခုလက်ရှိမှာ ညံ့နေသေးတော့ တင်ပို့လို့အဆင်မပြေတဲ့အတွက်ရပ်နားထားတာပါ။အခုဧရာဝတီဘက်မှာတော့ နောက်နှစ်မှာတင်ပို့ ဖို့အတွက်ကိုပြင်ဆင်နေပါပြီ”
ယခုနှစ်အတွင်း မြန်မာ့ငရုတ်ကို ဗီယက်နမ်နိုင်ငံမှာလာရောက်ဝယ်ယူနေတာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ လည်းတင်ပို့ သွားနိုင်ရန်စီစဉ်နေကြောင်းအဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်ကို အထက်ပိုင်းဒေသများဖြစ်တဲ့ကျောက်ဆည် နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများ ဆုံးစိုက်ပျိုးနေတာဖြစ်ကြောင်းလည်း ငရုတ်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရ ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *