BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

မြန်မာ့လက်ဖက်အစိုကို အမေရိကားကိုတင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်နေ

ယခုနှစ်အတွင်းမြန်မာ့လက်ဖက်အစိုကို အမေရိကားနိုင်ငံကို တင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုက်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

မြန်မာ့လက်ဖက်အစိုကိုတင်ပို့နိုင်ရန်အတွက်ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်နေတယ်လို့ ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးသိန်းထွေး ကပြောပါတယ်။

“ လက်ဖက်အစိုကိုအမေရိကားကိုတင်ပို့သွားဖို့ရှိတယ်။အခုပို့ဖို့ပြင်ဆင်နေတယ်။ Buyer ဘက်က လည်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေတယ်။ရှေ့နှစ်တွေမှာလည်း အမေရိကားကိုတင်ပို့တာ တွေလည်းရှိခဲ့ပါတယ်”

၂၀၁၃ ၊ ၂၀၁၄ နဲ့၂၀၁၇ ခုနှစ်များမှာ မြန်မာ့လက်ဖက်ကို အမေရိကားနိုင်ငံကို တင်ပို့ခဲ့ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့လက်ဖက်ကိုတရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေပြီး အခြားဈေးကွက်များကိုလည်း တင်ပို့သွားမှာဖြစ်ကြောင်းပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *