BREAKING NEWS
ပြည်ပနိုင်ငံများကိုမြန်မာ့ထောပတ်သီးအရည်အသွေးကောင်းများတင်ပို့နိုင်ရန်အတွက်လည်း ကောင်း မွန်သောစိုက်ပျိုးရေးအလေ့အကျင့်(gap)နဲ့စိုက်ပျိုးထုတ်လုပ်မှုများကို စီစဉ်ဖော်ေ ဆာ င်နေ တာ ဖြစ် ကြောင်းလည်း မြန်မာနိုင်ငံသစ်သီးဝလံ ၊ပန်းမာန်နှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်း ချသူများအသင်း(ပြင်ဦးလွင်မြို့နယ်)မှသိရပါတယ်။
Unicode ဖြင့်ဖတ်ရန်
==================
မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများကိုတင်ပို့သွားမည်
ယခုလအတွင်း မြန်မာ့ထောပတ်သီးကို ထိုင်းနဲ့အိန္ဒိယနိုင်ငံများကိုတင်ပို့သွားမှာဖြစ်ကြောင်း မြန်မာ နိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(ပြင်ဦး လွင်)မြို့နယ်မှသိရပါတယ်။
မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများမှ လာရောက်ဝယ်ယူသွားမှာဖြစ်တဲ့အတွက် အခုလအ တွင်းတင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း(ပြင်ဦးလွင်မြို့နယ်)မှ ဥက္ကဌဦးမျိုးညွှန့်ကပြောပါတယ်။
“အခုဒီရက်ပိုင်းအတွင်းမှာ ထိုင်းကိုတင်ပို့သွားမယ်။အိန္ဒိယကလည်းဆင်းပြီးလာဝယ်ကြမှာပါ။မနှစ်က လည်းအိန္ဒိယနိုင်ငံကလာဆင်းဝယ်တာတွေရှိတယ်။ထောပတ်သီးအရည်အသွေးကောင်းတွေပြည်ပကို တင်ပို့ နိုင်ဖို့အတွက်လည်းစီစဉ်လုပ်ဆောင်နေပါတယ်”
မြန်မာ့ထောပတ်သီးကို ထိုင်း ၊ အိန္ဒိယ ၊ ဟောင်ကောင် ၊ စင်ကာပူ ကိုတင်ပို့သွားမှာဖြစ်ပြီး တရုတ် နိုင်ငံကိုအဓိကထားတင်ပို့သွားမှာဖြစ်ကြောင်းလည်းအဆိုပါအသင်းမှသိရပါတယ်။
ပြည်ပနိုင်ငံများကိုမြန်မာ့ထောပတ်သီးအရည်အသွေးကောင်းများတင်ပို့နိုင်ရန်အတွက်လည်း ကောင်း မွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)နဲ့စိုက်ပျိုးထုတ်လုပ်မှုများကို စီစဉ်ဖော်ဆောင်နေ တာ ဖြစ် ကြောင်းလည်း မြန်မာနိုင်ငံသစ်သီးဝလံ ၊ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချသူများအသင်း(ပြင်ဦးလွင်မြို့နယ်)မှသိရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *