BREAKING NEWS
မှိုစိုက်တောင်သူများအတွက်မှိုမျိုးဆိုင်ရာအခက်အခဲများအတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးေ ပါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း မှသိရပါ တယ်။
Unicode ဖြင့်ဖတ်ရန်
====================
မှိုမျိုးဆိုင်ရာအခက်အခဲများအတွက် စီစဉ်ဆောင်ရွက်နေ
===============================================
မှိုစိုက်တောင်သူများအတွက်မှိုမျိုးဆိုင်ရာအခက်အခဲများအတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။
မှိုစိုက်တောင်သူများအတွက် မှိုမျိုးအခက်အခဲများရှိနေတဲ့အတွက် အစိုးရ သက်ဆိုင်ရာ ဌာနများ နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးတင်အောင်ကပြောပါတယ်။
“မှိုစိုက်တဲ့လူတွေရင်ဆိုင်နေရတဲ့မျိုးပြဿာနာရှိပါတယ်။မျိုးအာမခံမှုရှိမရှိ ဌာနကနေလုပ်ပေးသွားမှာ တွေတော့ရှိတယ်။ဌာနကစမ်းသပ်ထားတဲ့မျိုးတွေကိုလည်း မှိုစိုက်တောင်သူတွေကိုမျှဝေပေးသွားဖို့ လည်းရှိပါတယ်”
မှိုအစုအဖွဲ့များကိုလည်း မှိုစိုက်ပျိုးမှုအားကောင်းတဲ့နေရာများမှာ ဖွဲ့စည်းဆောင်ရွက်နေပြီး စစ်ကိုင်း တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်(တောင်ပိုင်း)မှာလည်းဖွဲ့စည်းသွားမှာဖြစ်ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
မှိုစိုက်တောင်သူများအတွက်လည်း လာမယ့်နှစ်ဆန်းပိုင်းမှစကာသင်တန်းများပေးသွားမှာဖြစ်ပြီး မှို စိုက်ပျိုးမှုတိုးတက်စေရန် စီစဉ်ဆောင်ရွက်မှုများရှိနေကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချသူများအသင်းမှသိရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *