BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

==================

မြန်မာ့ဖရဲကိုဟောင်ကောင်ကိုတင်ပို့သွားမည်

=======================================
လာမယ့်လအတွင်းမှာ မြန်မာ့ဖရဲကို ဟောင်ကောင်ကိုတင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင် ငံဖရဲ ၊ သ ခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

မြန်မာ့ဖရဲကို ဟောင်ကောင်မှအမှာရှိတာကြောင့် နိုဝင်ဘာလအတွင်းမှာ တင်ပို့သွား မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါ တယ်။

“ နိုဝင်ဘာလဆိုရင်တော့အမှာလေးတွေလည်းရှိလာတော့ မြန်မာ့ဖရဲကိုတင် ပို့ပေးရတော့ မှာ။နောက် လထဲမှာဟောင်ကောင်ကိုတင်ပို့ပေးရမယ်။အခုကတော့ တရုတ်ကိုပဲတင်ပို့နေ ရတာပါ။ဒီလလယ်ေ လာက်ဆို တင်ပို့မှုအားကောင်းလာမှာပါ”

ယခင်လပိုင်းအတွင်းက ဖရဲတစ်တန်ကိုယွမ် ၉၀၀ ဝန်းကျင်သာရရှိခဲ့ပြီး ယခုရက်ပို င်းအတွ င်း မြန် မာ့ဖရဲတစ်တန်ကို ယွမ် ၁၅၀၀ မှ ၂၃၀၀ ယွမ်အထိဈေးနှုန်း များရရှိလာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ဖရဲကိုတရုတ်ကိုအဓိကထားတင်ပို့နေပြီး အခြားပြည်ပဈေးကွက်များကိုလည်း တင်ပို့ နိုင် ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လု ပ်တင် ပို့ရောင်း ချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *