BREAKING NEWS

ျမန္မာ့ေထာပတ္သီးကို ျပည္ ပေစ်း ကြက္မ်ားကိုတင္ပို႔ႏိုင္ရန္ စီစဥ္ေ ဆာင္ရြက္ေန

ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္(GAP)နဲ႕စိုက္ပ်ိဳးထားတဲ့ ျမန္မာ့ေထာပတ္သီးမ်ားကို ျပည္ပ ေစ်းကြက္မ်ားကိုတင္ပို႔ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံသစ္သီးဝလံ ပန္း မာန္ႏွင့္ဟင္း သီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း (ျပင္ဦးလြင္ၿမိဳ႕နယ္) မွသိရပါတယ္။

ပိုးမႊားေရာဂါကင္းစင္ၿပီး စိုက္ပ်ိဳးလ်က္ရွိေနတဲ့ ျမန္မာ့ေထာပတ္သီးမ်ားကို ျပည္ပေ စ်းကြက္မ်ား ကိုပါ တင္ပို႔ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ေနတယ္လို႕ ျမန္မာႏိုင္ငံသစ္သီးဝလံ ပန္းမာန္ႏွင့္ဟင္းသီး ဟင္း ရြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း (ျပင္ဦးလြင္ၿမိဳ႕နယ္)မွ ဥကၠဌ ဦးမ်ိဳး ညႊန္႕ကေျပာပါ တယ္။

“ပိုးမႊားေရာဂါေတြကင္းစင္ေအာင္လို႕ေနရာအႏွံ႕ေတာ့မလုပ္ႏိုင္ေသးဘူး။အနိမ့္ဆံုးေကာင္းမြန္တဲ့စိုက္ပ်ိဳးေရးအေလ့အက်င့္(GAP)စနစ္နဲ႕စိုက္ပ်ိဳးဖို႕ေတာ့လိုတယ္။
ျပင္ဆင္ေနၾကၿပီ။ (GAP) နဲ႔ပတ္သတ္ၿပီး သင္တန္းေတြပို႕ခ်ေနတယ္။လက္မွတ္နဲ႕ပို႔ႏိုင္ေအာင္ႀကိဳးစားေနတာေပါ့”

လာမယ့္ႏွစ္ ၂၀၂၁ -၂၀၂၂ခုႏွစ္အတြင္း ျမန္မာ့ေထာပတ္သီးကို ျပည္ပေစ်းကြက္ မ်ားကို တင္ပို ႔ႏိုင္ရန္ အဆင္သင့္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းအဆိုပါအသင္းမွသိရပါတယ္။

ျမန္မာ့ေထာပတ္သီးကို တရုတ္ ၊အိႏိၵယ ၊ထိုင္း ၊စင္ကာပူနဲ႕ေ ဟာင္ေကာင္ႏိုင္ငံ မ်ားကို တင္ပို႕ မႈမ်ားရွိ ေနေၾကာင္းလည္း ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္ လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္း(ျပင္ဦးလြင္ၿမိဳ႕နယ္)မွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက်များကိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ
ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)နဲ့စိုက်ပျိုးထားတဲ့ မြန်မာ့ထောပတ်သီးများကို ပြည်ပ ဈေးကွက်များကိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်နှင့်ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်မြို့နယ်)မှသိရပါတယ်။
ပိုးမွှားရောဂါကင်းစင်ပြီး စိုက်ပျိုးလျက်ရှိနေတဲ့ မြန်မာ့ထောပတ်သီးများကို ပြည်ပဈေးကွက်များကိုပါ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်နှင့်ဟင်း သီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်မြို့နယ်)မှ ဥက္ကဌ ဦးမျိုးညွှန့်ကပြောပါ တယ်။
“ပိုးမွှားရောဂါတွေကင်းစင်အောင်လို့နေရာအနှံ့တော့မလုပ်နိုင်သေးဘူး။အနိမ့်ဆုံးကောင်းမွန်တဲ့စိုက်ပျိုးရေးအလေ့အကျင့်(GAP)စနစ်နဲ့စိုက်ပျိုးဖို့တော့လိုတယ်။ ပြင်ဆင်နေကြပြီ။ (GAP) နဲ့ပတ်သတ်ပြီး သင်တန်းတွေပို့ချနေတယ်။လက်မှတ်နဲ့ပို့နိုင်အောင်ကြိုးစားနေတာပေါ့”
လာမယ့်နှစ် ၂၀၂၁ -၂၀၂၂ခုနှစ်အတွင်း မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက်များကိုတင်ပို့နိုင်ရန် အဆင်သင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ထောပတ်သီးကို တရုတ် ၊အိန္ဒိယ ၊ထိုင်း ၊စင်ကာပူနဲ့ဟောင်ကောင်နိုင်ငံများကိုတင်ပို့မှုများရှိ နေကြောင်းလည်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း(ပြင်ဦးလွင်မြို့နယ်)မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *