BREAKING NEWS






နှစ်နိုင်ငံ ရောင်းဝယ်မှုမှာ နှစ်ဖက်ရောင်းဝယ်နိုင်တဲ့သီးနှံများနဲ့ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး သီးနှံ တစ်မျိုးချင်းစီအတွက် အရောင်းအဝယ်စာချုပ်ချုပ်ဆိုသွားမြှာ ဖစ်ကြောင်းလည်းသိရ ပါ တယ်။

Unicode ဖြင့်ဖတ်ရန်

====================

မြန်မာ့သစ်သီးဝလံများတင်ပို့ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာရေးထိုး
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မြန်မာ့သစ်သီးဝလံများတင်ပို့နိုင်ရေးအတွက် Guangxi Pingxiang Intern ational Fruit Chamber of Commerce နဲ့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ မနေ့ကရေးထိုးခဲ့တာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့သစ်သီးဝလံများကို နှစ်နိုင်ငံအပြန်အလှန် တင်ပို့ရောင်းဝယ်နိုင်ရေးအတွက် MoU ရေးထိုးတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းမှ ဥက္ကဌဦးစိုးသန်းမင်းဒင်ကပြောပါတယ်။
“ မြန်မာ့သစ်သီးဝလံတွေကို သူတို့ကလည်းလိုချင်တယ်။ဒီကလည်းရောင်းချင်တယ်။နှစ်ဦးနှစ်ဖက် အရောင်းအဝယ်ပြုမယ်ဆိုတဲ့ကတိကဝတ် အနေနဲ့ MoU ရေးထိုးတာပါ။ဘယ်လောက်ယူမယ်၊ဘယ် လောက်ပေးမယ်ဆိုတာတော့မပါသေးဘူး”
အဆိုပါနားလည်မှုစာချွန်လွှာမှာ နှစ်ဖက်အပြန်အလှန် နည်းပညာ ဖလှယ်ရေး ၊ လေ့လာရေး ၊ သစ် သီးဝလံများအပြန်အလှန်ရောင်းဝယ်ရေး တို့ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်းသိရပါ တယ်။
နှစ်နိုင်ငံ ရောင်းဝယ်မှုမှာ နှစ်ဖက်ရောင်းဝယ်နိုင်တဲ့သီးနှံများနဲ့ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး သီးနှံ တစ်မျိုးချင်းစီအတွက် အရောင်းအဝယ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *