BREAKING NEWS


ယခုလက်ရှိဆန်စပါးဈေးကွက်ဈေးနှုန်းနဲ့ပတ်သတ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ပြန်လည်ေ ဆွးနွေး သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။




အောက်တိုဘာလ ၊နိုဝင်ဘာလ နဲ့ဒီဇင်ဘာလများအတွင်း စပါးပေါ်ချိန်တောင် သူလယ်သမား များ အတွက် အခြေခံဈေးနှုန်းထုတ်ပြန်ကြေညာရေးအတွက်လည်း အသေးစိတ်ဆက် လက်ေ ဆွးနွေးသွား မှာဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

Unicode ဖြင့်ဖတ်ရန်

======================

ဆန်စပါးဈေးကွက်နှင့်ပတ်သတ်၍ ပြန်လည်ဆွေးနွေးသွားမည်
ယခုလက်ရှိဆန်စပါးဈေးကွက်ဈေးနှုန်းနဲ့ပတ်သတ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ပြန်လည်ဆွေးနွေး သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
ဆန်စပါးဈေးကွက်ဈေးနှုန်းဆိုင်ရာဆွေးနွေးချက်များကို ဗဟိုအဖွဲ့မှအတည်ပြုထုတ်ပြန်နိုင်ရန်အတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူးဦးမြင့်လွင်ကပြောပါတယ်။
“မကြာခင်မှာ အသေးစိတ်ထုတ်ပြန်ပေးသွားပါမယ်။မပြီးပြတ်သေးတော့ ပြောလို့မရပါဘူး။ဈေးနှုန်း ၊ ဈေးကွက်ကော်မတီက(၂၄)ရက်နေ့မှာဆက်ပြီးဆွေးနွေးမှာ။အဲဒီကဆုံးဖြတ်ချက်ကိုဗဟိုအဖွဲ့ကိုပြန်တင်မှာ။ဗဟိုအဖွဲ့ကဈေးကွက်ဈေးနှုန်းကိုအတည်ပြုပြီးပြန်တင်ပြီးမှာ အဲဒီမှာမှထုတ်ပြန်လို့ရမှာပါ”
အဆိုပါဆန်စပါးဈေးကွက်ဈေးနှုန်းများနဲ့ပတ်သတ်၍လည်း စက်တင်ဘာလ(၁၈)ရက်နေ့က ဈေးကွက် နဲ့ဈေးနှုန်းတည်ငြိမ်စေရေး ၊ တောင်သူလယ်သမားများအတွက် အခြေခံဈေးနှုန်းတည်ငြိမ် စေရေး တို့ ကို ဆွေးနွေးခဲ့ကြောင်းလည်း အဆိုပါအသင်းချုပ်မှသိရပါတယ်။
အောက်တိုဘာလ ၊နိုဝင်ဘာလ နဲ့ဒီဇင်ဘာလများအတွင်း စပါးပေါ်ချိန်တောင်သူလယ်သမားများ အတွက် အခြေခံဈေးနှုန်းထုတ်ပြန်ကြေညာရေးအတွက်လည်း အသေးစိတ်ဆက်လက်ဆွေးနွေးသွား မှာဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *