BREAKING NEWS

(GAP)လက္မွတ္ရသီးႏွံမ်ားကို စင္ကာပူေစ်းကြက္ကို တင္ပို႕ႏိုင္ရန္ ဖိတ္ေခၚသြားမည္

ရွမ္းျပည္နယ္မွထြက္ရွိတဲ့ ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္နဲ႕စိုက္ပ်ိဳးထားတဲ့(GAP) သီးႏွံ မ်ားကို စင္ကာပူေစ်းကြက္ကိုတင္ပို႕ႏိုင္ရန္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ ငံ သစ္သီးဝလံ ပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္းမွ သိရပါ တယ္။

ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္(GAP)လက္မွတ္ရရွိထားတဲ့ေတာင္သူေတြစိုက္ပ်ိဳးထားတဲ့ သီးႏွံေတြကို စင္ကာပူေစ်းကြက္ကိုတင္ပို႕ေရာင္းခ်ႏိုင္ရန္အတြက္ ဝယ္လက္ေတြကို ဖိတ္ေခၚသြားမွာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီး ဟင္းရြက္စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူ မ်ားအသင္းမွ ဥကၠဌဦးစိုးသန္းမင္းဒင္ကေျပာပါတယ္။

“  (SAFI)စီမံကိန္းကေန လုပ္ေဆာင္ထားတဲ့ ေတာင္သူ(၁၂၀)ကေန ေကာင္းမြန္ေသာစိုက္ပ်ိဳးေ ရးအ ေလ့အက်င့္ လက္မွတ္ရရွိၿပီးသားသီးႏွံေတြကို ျပသၿပီးေတာ့ စင္ကာပူေစ်းကြက္ကိုတင္ ပို႔ႏိုင္ဖို႔အတြက္ ဝယ္လက္ေတြကိ ခ်ိတ္ဆက္ေဆာင္ရြက္သြားမွာပါ”

ေတာင္သူမ်ားစိုက္ပ်ိဳးထားတဲ့သီးႏွံမ်ားမွာ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ ၊ အာလူးနဲ႕ဂ်င္း စတဲ့ သီးႏွံမ်ား ပါဝင္ၿပီး တင္ပို႔ေရာင္းခ်သြားမွာျဖစ္ေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။

အဆိုပါေတာင္သူမ်ားစိုက္ပ်ိဳးထားတဲ့သီးႏွံမ်ားကို အျခားေစ်းကြက္မ်ားကိုလည္း တင္ပို႕ကာေ ရာင္းခ် သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ ဟင္းသီးဟင္းရြက္စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

(GAP)လက်မှတ်ရသီးနှံများကို စင်ကာပူဈေးကွက်ကို တင်ပို့နိုင်ရန် ဖိတ်ခေါ်သွားမည်
ရှမ်းပြည်နယ်မှထွက်ရှိတဲ့ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်နဲ့စိုက်ပျိုးထားတဲ့(GAP) သီးနှံ များကို စင်ကာပူဈေးကွက်ကိုတင်ပို့နိုင်ရန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင် ငံသစ်သီးဝလံ ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။
ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)လက်မှတ်ရရှိထားတဲ့တောင်သူတွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို စင်ကာပူဈေးကွက်ကိုတင်ပို့ရောင်းချနိုင်ရန်အတွက် ဝယ်လက်တွေကိုဖိတ်ခေါ်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းမှ ဥက္ကဌဦးစိုးသန်းမင်းဒင်ကပြောပါတယ်။
“ (SAFI)စီမံကိန်းကနေ လုပ်ဆောင်ထားတဲ့ တောင်သူ(၁၂၀)ကနေ ကောင်းမွန်သောစိုက်ပျိုးရေးအ လေ့အကျင့် လက်မှတ်ရရှိပြီးသားသီးနှံတွေကို ပြသပြီးတော့ စင်ကာပူဈေးကွက်ကိုတင်ပို့နိုင်ဖို့အတွက် ဝယ်လက်တွေကိ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ”
တောင်သူများစိုက်ပျိုးထားတဲ့သီးနှံများမှာ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ အာလူးနဲ့ဂျင်း စတဲ့ သီးနှံများ ပါဝင်ပြီး တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
အဆိုပါတောင်သူများစိုက်ပျိုးထားတဲ့သီးနှံများကို အခြားဈေးကွက်များကိုလည်းတင်ပို့ကာရောင်းချ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *