BREAKING NEWS

GAP)သီးႏွံမ်ားေစ်းကြက္ထဲမွာေရာင္းခ်ႏိုင္ရန္ မိတ္ဆက္ပြဲအခမ္းအနားျပဳလုပ္သြားမည္

ပင္းတယနဲ႕ဟဲဟိုးၿမိဳ႕နယ္မ်ားမွ စိုက္ပ်ိဳးထြက္ရွိတဲ့ ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ (GAP) သီးႏွံမ်ားေစ်းကြက္ထဲမွာေရာင္းခ်ႏိုင္ရန္ မိတ္ဆက္ပြဲအခမ္းအနားကို စက္တင္ဘာ လ (၃၀)ရက္ ၊ ပင္း တယၿမိဳ႕မွာျပဳလုပ္သြားမွာျဖစ္ေၾကာင္းျမန္မာႏိုင္ ငံသစ္သီးဝလံ ၊ပန္းမာန္ႏွင့္ ဟင္းသီးဟင္း ရြက္စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါ တယ္။

(SAFI)ပေရာဂ်က္ကေန အစားအစားေဘးကင္းလံုျခံဳေရးအတြက္စိုက္ပ်ိဳးထုတ္လုပ္ထားတဲ့ သီးႏွံမ်ား ကို မိတ္ဆက္ေပးသြားမွာျဖစ္တဲ့အတြက္ျပဳလုပ္က်င္းပသြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ ငံသစ္သီးဝလံ၊ ပန္းမာန္ႏွင့္ဟင္းသီး ဟင္းရြက္စိုက္ပ်ိဳး ထုတ္လုပ္တင္ ပို႔ေရာင္းခ် သူမ်ားအ သင္းမွ ဥကၠဌဦးစိုးသန္းမင္းဒင္ ကေျပာပါတယ္။

“အစားအစာေဘးကင္းလံုၿခံဳေရးအတြက္ကိုစိုက္ပ်ိဳးထုတ္လုပ္ထားတယ္။ဒါကိုေစ်းကြက္ပို႕တဲ့အခါက်ရင္ ေဘးကင္းလံုျခံဳတဲ့သီးႏွံေတြျ ဖစ္တဲ့အေၾကာင္းေျ ပာမယ္။ေတာင္ သူ(၁၂၀)ေ လာက္ က(GAP) လက္ မွတ္ရထားတာေတြရွိတယ္။သူတို႔ စိုက္ထားတဲ့ ၾကက္သြန္နီ ၊ၾကက္သြန္ျဖဴ ၊အာလူး ၊ဂ်င္း စတဲ့ သူတို႕ ထြက္ကုန္ေတြလည္းျပမယ္။မိတ္လည္းမိတ္ဆက္တာေပါ့”

ပင္းတယနဲ႕ဟဲဟိုးၿမိဳ႕နယ္မ်ားမွ စိုက္ပ်ိဳးထြက္ရွိသည့္ GAP သီးႏွံမ်ားေရာင္းခ်ႏိုင္ရန္ ေစ်းကြက္ သို႔မိတ္ ဆက္ပြဲအခမ္းအနားကို ပင္းတယၿမိဳ႕ ၊ ရြာသစ္ရပ္ ၊ဒိုင္းမြန္ကြင္းခန္းမမွာ နံနက္(၉)နာရီမွ စတင္ကာ ျပဳ လုပ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါပြဲကိုစိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ၊ ျမန္မာႏိုင္ငံသစ္သီး ဝလံပန္း မာန္ႏွင့္ ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းနဲ႕ ဂ်ာမနီႏိုင္ငံပူးေ ပါင္းေဆာင္ရြက္ ေရးအဖြဲ႕မွ ပူးေပါင္းက်င္းပတာျဖစ္ေၾကာင္းလည္း သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

======================

(GAP)သီးနှံများဈေးကွက်ထဲမှာရောင်းချနိုင်ရန် မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်သွားမည်
ပင်းတယနဲ့ဟဲဟိုးမြို့နယ်များမှ စိုက်ပျိုးထွက်ရှိတဲ့ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) သီးနှံများဈေးကွက်ထဲမှာရောင်းချနိုင်ရန် မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ(၃၀)ရက် ၊ ပင်း တယမြို့မှာပြုလုပ်သွားမှာဖြစ်ကြောင်းမြန်မာနိုင် ငံသစ်သီးဝလံ ၊ပန်းမာန်နှင့်ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။
(SAFI)ပရောဂျက်ကနေ အစားအစားဘေးကင်းလုံခြုံရေးအတွက်စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံများ ကို မိတ်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးစိုးသန်းမင်းဒင် ကပြောပါတယ်။
“အစားအစာဘေးကင်းလုံခြုံရေးအတွက်ကိုစိုက်ပျိုးထုတ်လုပ်ထားတယ်။ဒါကိုဈေးကွက်ပို့တဲ့အခါကျရင် ဘေးကင်းလုံခြုံတဲ့သီးနှံတွေဖြစ်တဲ့အကြောင်းပြောမယ်။တောင်သူ(၁၂၀)လောက်က(GAP) လက် မှတ်ရထားတာတွေရှိတယ်။သူတို့ စိုက်ထားတဲ့ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ၊အာလူး ၊ဂျင်း စတဲ့ သူတို့ ထွက်ကုန်တွေလည်းပြမယ်။မိတ်လည်းမိတ်ဆက်တာပေါ့”
ပင်းတယနဲ့ဟဲဟိုးမြို့နယ်များမှ စိုက်ပျိုးထွက်ရှိသည့် GAP သီးနှံများရောင်းချနိုင်ရန် ဈေးကွက်သို့မိတ် ဆက်ပွဲအခမ်းအနားကို ပင်းတယမြို့ ၊ ရွာသစ်ရပ် ၊ဒိုင်းမွန်ကွင်းခန်းမမှာ နံနက်(၉)နာရီမှစတင်ကာ ပြု လုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါပွဲကိုစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနဲ့ ဂျာမနီနိုင်ငံပူးပေါင်းဆောင်ရွက် ရေးအဖွဲ့မှ ပူးပေါင်းကျင်းပတာဖြစ်ကြောင်းလည်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *