တရုတ္ကိုျမန္မာ့ဆန္တန္ခ်ိန္(၁)သိန္းထပ္မံတင္ပို႕ႏိုင္ေရးအတြက္ စီ စဥ္ေ ဆာင္ရြက္ေန

တရုတ္ကို ျမန္မာ့ဆန္တန္ခ်ိန္(၁)သိန္းထပ္မံတင္ပို႕ႏိုင္ေရးအတြက္ MoU ေရးထိုးႏိုင္ ရန္ အ တြက္ စီစဥ္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။

ယခုႏွစ္ဇြန္လအတြင္းမွာ (၁)သိန္းတင္ပို႔ႏိုင္ေရးအတြက္လက္မွတ္ေရးထိုးခဲ့ၿပီး ထပ္မံ၍ ျမန္မာ့ ဆန္(၁) တန္ခ်ိန္(၁)သိန္းကို တင္ပို႕ႏိုင္ရန္စီစဥ္ေဆာင္ြရက္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္ စပါးအသင္းခ်ဳပ္ မွ ရံုးအဖြဲ႕မွဴး ဦးျမင့္လြင္ကေျပာပါတယ္။

“ ဒီႏွစ္မွာပဲ ျမန္မာ့ဆန္(၁)သိန္းကို ဝယ္ယူေရးအတြက္ လက္မွတ္ေရးထိုး ခဲ့ၾက တယ္။ အခု လက္ရွိလည္း တင္ပို႕ေနတယ္။တန္ခ်ိန္တစ္ေသာင္းေက်ာ္ေလာက္ေတာ့က်န္ေသးတယ္။ၿပီးရင္ ထပ္မံၿပီးတင္ပို႔ႏိုင္ဖို႔ အတြက္ ဒီႏွစ္အတြင္းမွာပဲ MoU ကို ေရးထိုးသြားမယ္”

ျမန္မာ့ဆန္တန္ခ်ိန္(၁)သိန္းကို ထပ္မံတင္ပို႔ႏိုင္ေရးအတြက္ ႏိုဝင္ဘာလမွာ MoU ကိုေရး ထိုး သြားႏိုင္ရန္အတြက္ စီစဥ္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါဆန္တင္ပို႕မႈအတြက္ တရုတ္ျပည္သူသမၼတႏိုင္ငံမွ COFCO အဖြဲ႕နဲ႕ ျမန္မာႏို င္ငံ ဆန္ စပါး အသင္းခ်ဳပ္တို႕ ပူးေပါင္းကာလုပ္ေဆာင္ေနတာျဖစ္ေၾကာင္းလည္း အဆိုပါ အသင္း ခ်ဳပ္ မွ သိရပါတယ္။

ပထမအႀကိမ္ ဆန္တန္ခ်ိန္(၁)သိန္းတင္ပို႕ေနရာ တန္ခ်ိန္ (၈၅၅၀၀)တင္ပို႕ခဲ့ၿပီးၿပီျဖစ္ၿပီး တင္ပို႕ ရန္ က်န္ရွိတဲ့ တန္ခ်ိန္မ်ားကိုလည္း ဆက္လက္တင္ပို႕ႏိုင္ရန္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

တရုတ်ကို မြန်မာ့ဆန်တန်ချိန်(၁)သိန်းထပ်မံတင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေ
တရုတ်ကို မြန်မာ့ဆန်တန်ချိန်(၁)သိန်းထပ်မံတင်ပို့နိုင်ရေးအတွက် MoU ရေးထိုးနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
ယခုနှစ်ဇွန်လအတွင်းမှာ (၁)သိန်းတင်ပို့နိုင်ရေးအတွက်လက်မှတ်ရေးထိုးခဲ့ပြီး ထပ်မံ၍ မြန်မာ့ဆန်(၁) တန်ချိန်(၁)သိန်းကို တင်ပို့နိုင်ရန်စီစဉ်ဆောင်ွရက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။
“ ဒီနှစ်မှာပဲ မြန်မာ့ဆန်(၁)သိန်းကိုဝယ်ယူရေးအတွက်လက်မှတ်ရေးထိုးခဲ့ကြတယ်။အခုလက်ရှိလည်း တင်ပို့နေတယ်။တန်ချိန်တစ်သောင်းကျော်လောက်တော့ကျန်သေးတယ်။ပြီးရင် ထပ်မံပြီးတင်ပို့နိုင်ဖို့ အတွက် ဒီနှစ်အတွင်းမှာပဲ MoU ကို ရေးထိုးသွားမယ်”
မြန်မာ့ဆန်တန်ချိန်(၁)သိန်းကို ထပ်မံတင်ပို့နိုင်ရေးအတွက် နိုဝင်ဘာလမှာ MoU ကိုရေးထိုးသွားနိုင် ရန်အတွက် စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါဆန်တင်ပို့မှုအတွက် တရုတ်ပြည်သူသမ္မတနိုင်ငံမှ COFCO အဖွဲ့နဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကာလုပ်ဆောင်နေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းချုပ်မှသိရပါတယ်။
ပထမအကြိမ် ဆန်တန်ချိန်(၁)သိန်းတင်ပို့နေရာ တန်ချိန် (၈၅၅၀၀)တင်ပို့ခဲ့ပြီးပြီဖြစ်ပြီး တင်ပို့ရန် ကျန်ရှိတဲ့ တန်ချိန်များကိုလည်း ဆက်လက်တင်ပို့နိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *