တရုတ္ကိုဆန္တန္ခ်ိန္(၁)သိန္းႏိုဝင္ဘာလမွာအၿပီးတင္ပို႕သြားမည္

ျမန္မာ့ဆန္တန္ခ်ိန္(၁)သိန္းထဲမွ က်န္ရွိေနတဲ့တန္ခ်ိန္မ်ားကို ႏိုဝင္ဘာလမွာ အၿပီး သတ္တင္ ပို ႔ႏိုင္ရန္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။

တင္ပို႔ရန္က်န္ရွိေနတဲ့ ဆန္တန္ခ်ိန္မ်ားကို အၿပီးသတ္တင္ပို႕ႏိုင္ရန္အတြက္ ႏိုဝင္ဘာလမွာ တ တိယ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ရံုးအဖြဲ႕မွဴး ဦးျမင့္ လြင္ကေျပာပါ တယ္။

“ တရုတ္ကိုဆန္တန္ခ်ိန္ (၁)သိန္းေရာင္းဝယ္မယ္ဆိုၿပီး လက္မွတ္ေတြ ေရးထိုးခဲ့တယ္။ ေစ်းႏႈန္း သတ္မွတ္တဲ့အတိုင္းေရာင္းၾကဝယ္ၾကဆိုေတာ့ တန္ခ်ိန္ ၈၈၅၀၀ ကၿပီးသြား ၿပီ။ က်န္ ရွိတဲ့ ဆန္တန္ခ်ိန္ ၁၂၀၀၀ ေလာက္က်န္တာကိုလည္း တတိယ စာခ်ဳပ္ခ်ဳပ္လိုက္ရင္ ၿပီးသြား မွာ။ႏိုဝင္ဘာ ေလာက္ၿပီး သြားမွာပါ”

အဆိုပါဆန္တန္ခ်ိန္(၁)သိန္းထဲမွ အခုလက္ရွိအခ်ိန္ထိ ဆန္တန္ခ်ိန္
(၈၈၅၀၀) တင္ပို႕ခဲ့ၿပီးၿပီ ျဖစ္ ေၾကာင္းလည္း အဆိုပါအသင္းခ်ဳပ္မွသိရပါတယ္။

ယခုႏွစ္အတြင္းမွလည္း တရုတ္ျပည္သူ႕ သမၼတႏိုင္ငံ COFCO နဲ႕ ျမန္မာႏိုင္ငံဆန္ စပါးအသင္း ခ်ဳပ္တို႕ ပူးေပါင္းကာ ထပ္မံ၍ ဆန္တန္ခ်ိန္(၁)သိန္းတင္ပို႔ႏိုင္ေရးအတြက္MoU ေရးထိုးေရးကို စီစဥ္လုပ္ ေဆာင္သြားမွာျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

တရုတ်ကိုဆန်တန်ချိန်(၁)သိန်းနိုဝင်ဘာလမှာအပြီးတင်ပို့သွားမည်
မြန်မာ့ဆန်တန်ချိန်(၁)သိန်းထဲမှ ကျန်ရှိနေတဲ့တန်ချိန်များကို နိုဝင်ဘာလမှာ အပြီးသတ်တင်ပို့နိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
တင်ပို့ရန်ကျန်ရှိနေတဲ့ ဆန်တန်ချိန်များကို အပြီးသတ်တင်ပို့နိုင်ရန်အတွက် နိုဝင်ဘာလမှာ တတိယ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူးဦးမြင့်လွင်ကပြောပါ တယ်။
“ တရုတ်ကိုဆန်တန်ချိန် (၁)သိန်းရောင်းဝယ်မယ်ဆိုပြီး လက်မှတ်တွေ ရေးထိုးခဲ့တယ်။ ဈေးနှုန်း သတ်မှတ်တဲ့အတိုင်းရောင်းကြဝယ်ကြဆိုတော့ တန်ချိန် ၈၈၅၀၀ ကပြီးသွားပြီ။ကျန်ရှိတဲ့ ဆန်တန်ချိန် ၁၂၀၀၀ လောက်ကျန်တာကိုလည်း တတိယ စာချုပ်ချုပ်လိုက်ရင် ပြီးသွားမှာ။နိုဝင်ဘာ လောက်ပြီး သွားမှာပါ”
အဆိုပါဆန်တန်ချိန်(၁)သိန်းထဲမှ အခုလက်ရှိအချိန်ထိ ဆန်တန်ချိန် (၈၈၅၀၀) တင်ပို့ခဲ့ပြီးပြီ ဖြစ် ကြောင်းလည်း အဆိုပါအသင်းချုပ်မှသိရပါတယ်။
ယခုနှစ်အတွင်းမှလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ COFCO နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကာ ထပ်မံ၍ ဆန်တန်ချိန်(၁)သိန်းတင်ပို့နိုင်ရေးအတွက်MoU ရေးထိုးရေးကို စီစဉ်လုပ် ဆောင်သွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *