ဝဥအစိုေစ်းႏႈန္းျမင့္တက္လာ

ယခင္ႏွစ္ထက္ ဝဥေစ်းႏႈန္းမ်ားမွာ ျမင့္တက္လာေၾကာင္း ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

ျပည္တြင္းဝယ္လိုအားလိုက္လာတာေၾကာင့္ ဝဥအစိုေစ်းႏႈန္းမ်ားျမင့္တက္လာတာျဖစ္ေၾကာင္း ခ်င္း ျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ အၾကံေပး ဦးေဖြးမနား ကေျ ပာပါတယ္။

“ ျမန္မာ့ဝဥက ျပည္တြင္းဝယ္လိုအားလိုက္လာတဲ့အတြက္ အရင္ႏွစ္ကထက္
ဝဥေစ်းႏႈန္းမ်ားမွ တစ္ပိႆာကို က်ပ္ ၃၀၀ ျမင့္တက္လာတာျဖစ္ပါတယ္။ အခုဝဥရာသီအစမွာတင္ ေစ်းႏႈန္းက
အရင္ ႏွစ္ထက္ေကာင္းတယ္”

ယခင္ႏွစ္က ဝဥအစိုတစ္ပိႆာကို အျမင့္ဆံုးေစ်း ၁၃၀၀က်ပ္ဝန္းက်င္သာရရွိခဲ့ၿပီး
ယခုႏွစ္မွာ ဝဥအစို တစ္ပိႆာကို ၁၆၀၀ က်ပ္ဝန္းက်င္ ရရွိေနေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။

ျမန္မာ့ဝဥကို ခ်င္းျပည္နယ္မွာ အဓိကစိုက္ပ်ိဳးလ်က္ရွိေနၿပီး
အျခားနယ္မ်ားမွာလည္း စိုက္ပ်ိဳးရန္ စီစဥ္ လုပ္ေဆာင္ေနေၾကာင္းလည္း သိရပါတယ္။

ယခုလက္ရွိမွာ ျမန္မာ့ဝဥကို တရုတ္ကိုအဓိကထားတင္ပို႔ေနၿပီး အျခားႏိုင္ငံမ်ားကိုလည္း တင္ ပို႔ေန ေၾကာင္း ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္း ခ်သူမ်ားအသင္းမွသိရ ပါ တယ္။

Unicode ျဖင့္ဖတ္ရန္

==================

ဝဥအစိုဈေးနှုန်းမြင့်တက်လာ
ယခင်နှစ်ထက် ဝဥဈေးနှုန်းများမှာ မြင့်တက်လာကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
ပြည်တွင်းဝယ်လိုအားလိုက်လာတာကြောင့် ဝဥအစိုဈေးနှုန်းများမြင့်တက်လာတာဖြစ်ကြောင်း ချင်း ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနားကပြောပါတယ်။
“ မြန်မာ့ဝဥက ပြည်တွင်းဝယ်လိုအားလိုက်လာတဲ့အတွက် အရင်နှစ်ကထက် ဝဥဈေးနှုန်းများမှ တစ်ပိဿာကို ကျပ် ၃၀၀ မြင့်တက်လာတာဖြစ်ပါတယ်။ အခုဝဥရာသီအစမှာတင် ဈေးနှုန်းက အရင် နှစ်ထက်ကောင်းတယ်”
ယခင်နှစ်က ဝဥအစိုတစ်ပိဿာကို အမြင့်ဆုံးဈေး ၁၃၀၀ကျပ်ဝန်းကျင်သာရရှိခဲ့ပြီး ယခုနှစ်မှာ ဝဥအစို တစ်ပိဿာကို ၁၆၀၀ ကျပ်ဝန်းကျင် ရရှိနေကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ဝဥကို ချင်းပြည်နယ်မှာ အဓိကစိုက်ပျိုးလျက်ရှိနေပြီး အခြားနယ်များမှာလည်း စိုက်ပျိုးရန် စီစဉ် လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။
ယခုလက်ရှိမှာ မြန်မာ့ဝဥကို တရုတ်ကိုအဓိကထားတင်ပို့နေပြီး အခြားနိုင်ငံများကိုလည်း တင်ပို့နေ ကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *