BREAKING NEWS


မြန်မာ့ကြယ်ပဲပြည်ပတင်ပို့မှုရပ်တန့်နေ ယခုလအတွင်း ပြည်ပနိုင်ငံများကို မြန်မာ့ကြယ်ပဲတင်ပို့မှုရပ်တန့်နေကြောင်း မြန်မာနိုင်ငံကြယ်ပဲအ သင်းမှသိရပါတယ်။ ပြည်ပနိုင်ငံအချို့မှကြယ်ပဲရာသီပေါ်ချိန်ဖြစ်နေတာကြောင့် မြန်မာ့ကြယ်ပဲကို မဝယ်ယူပဲ ခေတ္တရပ်တန့် ထားတယ်လို့ မြန်မာနိုင်ငံကြယ်ပဲအသင်းမှ ဒုတိယဥက္ကဌဦးသန်းအောင်ကပြောပါတယ်။ “ကြယ်ပဲကဗီယမ်နမ်တို့ဘာတို့မှာ ထွက်ရှိနေတဲ့အချိန်ဖြစ်နေတဲ့အတွက် မြန်မာကတင်ပို့မှုကိုမယူ သေးပဲခေတ္တရပ်တန့်ထားတယ်။အရင်နှစ်ကဆို ကိုရီးယားကဝယ်ယူသေးတော့ ဈေးနှုန်းတွေဘာတွေ ကောင်းသေးတယ်။ အခုဒီနှစ်မှာက အခုလက်ရှိအချိန်ထိဘယ်နိုင်ငံမှမတင်ပို့ရသေးတော့ ရပ်တန့်နေ တာ” မြန်မာ့ကြယ်ပဲကို ထိုင်းနိုင်ငံကိုအဓိကထားတင်ပို့နေပြီး အခြားပြည်ပနိုင်ငံများကလည်း လိုအပ်ချက်ရှိ ပါက ဝယ်ယူကြောင်း အဆိုပါအသင်းမှသိရပါတယ်။ ကြယ်ပဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ (တောင်ပိုင်း) ၊ မန္တလေးတိုင်းဒေသကြီး နဲ့ မကွေးတိုင်းဒေသ ကြီးတို့မှာ အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း မြန်မာနိုင်ငံကြယ်ပဲအသင်းမှသိရပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *