BREAKING NEWS

ျမန္မာ့ဆန္အရည္အေသြး စံခ်ိန္စံညႊန္းနဲ႕ အကဲျဖတ္ေရးနည္းပညာသင္တန္း ဒုတိယအႀကိမ္ဖြင့္လွစ္ သြားမည္

ျမန္မာ့ဆန္အရည္အေသြး စံခ်ိန္စံညႊန္းနဲ႕ အကဲျဖတ္ေရးနည္းပညာသင္တန္းကို ေအာက္တိုဘာလ ဆန္းမွာ ဒုတိယအႀကိမ္ဖြင့္လွစ္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွသိ ရပါတယ္။

ျမန္မာ့ဆန္အရည္အေသြးနဲ႕ ဆန္အစိုဓါတ္တိုင္းတာမႈမ်ားကို သိရွိေစႏိုင္ဖြင့္အတြက္ဖြင့္လွစ္တာျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွ အေထြေထြအတြင္းေရးမွဴးဦးေအာင္ျမင့္ကေျပာ ပါတယ္။

“ ဆန္အရည္အေသြးဘယ္လိုရွိမလဲ ၊ အစိုဓါတ္ဘယ္လိုတိုင္းမလဲ ဆိုတာကိုသင္ၾကားေပးေနတာပါ။ ႏိုင္ငံျခားကို ပို႕ေနတဲ့ ဆန္ေတြကိုနားလည္ေအာင္သင္ၾကားေပးမယ္။ျမန္မာႏိုင္ငံရဲ႕ဆန္ကိုလည္း ႏိုင္ ငံတကာဆန္နဲ႕ကိုက္ညီေအာင္ေျပာင္းလဲဖို႕လည္းရွိပါတယ္။ဒါေၾကာင့္ ဆန္စက္ပိုင္၊ကုန္သည္ေတြနဲ႕ ေအာက္ကလယ္သမားကအစသိရေအာင္ဖြင့္လွစ္တာပါ”

ျမန္မာ့ဆန္အရည္အေသြး စံခ်ိန္စံညႊန္းနဲ႕ အကဲျဖတ္ေရးနည္းပညာသင္တန္းကို ေအာက္တိုဘာ လ (၁)ရက္ေန႕မွ (၉)ရက္ေန႕ထိ သင္ၾကားေပးသြားမွာျဖစ္ၿပီး သင္တန္းတက္ေရာက္လိုသူမ်ားအေနနဲ႕ စက္တင္ဘာလ(၂၇)ရက္ေန႕ေနာက္ဆံုးထားကာဆက္သြယ္စာရင္းေပးသြင္းႏိုင္ေၾကာင္း အဆိုပါ အသင္းမွသိရပါတယ္။

အဆိုပါသင္တန္းကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္နဲ႔ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္း တို႕မွပူးေပါင္းဖြင့္လွစ္တာျဖစ္ေၾကာင္းလည္းသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

မြန်မာ့ဆန်အရည်အသွေး စံချိန်စံညွှန်းနဲ့ အကဲဖြတ်ရေးနည်းပညာသင်တန်း ဒုတိယအကြိမ်ဖွင့်လှစ် သွားမည်
မြန်မာ့ဆန်အရည်အသွေး စံချိန်စံညွှန်းနဲ့ အကဲဖြတ်ရေးနည်းပညာသင်တန်းကို အောက်တိုဘာလ ဆန်းမှာ ဒုတိယအကြိမ်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှသိ ရပါတယ်။
မြန်မာ့ဆန်အရည်အသွေးနဲ့ ဆန်အစိုဓါတ်တိုင်းတာမှုများကို သိရှိစေနိုင်ဖွင့်အတွက်ဖွင့်လှစ်တာဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူးဦးအောင်မြင့်ကပြော ပါတယ်။
“ ဆန်အရည်အသွေးဘယ်လိုရှိမလဲ ၊ အစိုဓါတ်ဘယ်လိုတိုင်းမလဲ ဆိုတာကိုသင်ကြားပေးနေတာပါ။ နိုင်ငံခြားကို ပို့နေတဲ့ ဆန်တွေကိုနားလည်အောင်သင်ကြားပေးမယ်။မြန်မာနိုင်ငံရဲ့ဆန်ကိုလည်း နိုင် ငံတကာဆန်နဲ့ကိုက်ညီအောင်ပြောင်းလဲဖို့လည်းရှိပါတယ်။ဒါကြောင့် ဆန်စက်ပိုင်၊ကုန်သည်တွေနဲ့ အောက်ကလယ်သမားကအစသိရအောင်ဖွင့်လှစ်တာပါ”
မြန်မာ့ဆန်အရည်အသွေး စံချိန်စံညွှန်းနဲ့ အကဲဖြတ်ရေးနည်းပညာသင်တန်းကို အောက်တိုဘာ လ (၁)ရက်နေ့မှ (၉)ရက်နေ့ထိ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေနဲ့ စက်တင်ဘာလ(၂၇)ရက်နေ့နောက်ဆုံးထားကာဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း အဆိုပါ အသင်းမှသိရပါတယ်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း တို့မှပူးပေါင်းဖွင့်လှစ်တာဖြစ်ကြောင်းလည်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *