BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

===================

ယခင်နှစ်ထက် ကြယ်ပဲဈေးနှုန်းထက်ဝက် ကျဆင်း
ယခင်နှစ်ထက် မြန်မာ့ကြယ်ပဲဈေးနှုန်းများမှာ တစ်ကီလိုကို ကျပ်၃၀၀၀ ဝန်းကျင်ကျဆင်းသွား ကြောင်း မြန်မာနိုင်ငံကြယ်ပဲအသင်းမှသိရပါတယ်။
ပြည်ပနိုင်ငံများမှ ဝယ်လိုအားနည်းသွားတဲ့အတွက် မြန်မာ့ကြယ်ပဲဈေးနှုန်းကျသွားတာဖြစ်တယ်လိုက မြန်မာနိုင်ငံကြယ်ပဲအသင်းမှ ဒုတိယဥက္ကဠ ဦးသန်းအောင်ကပြောပါတယ်။
“ ကြယ်ပဲကိုအခုဝယ်နေတဲ့နိုင်ငံတွေက သူတို့နိုင်ငံကထွက်ရှိနေတဲ့အချိန်ဖြစ်တဲ့အတွက် ဝယ်လိုအား နည်းသွားတယ်။ပြီးတော့ကြယ်ပဲကိုတင်ပို့နေတဲ့လမ်းကြောင်းတွေကလည်းအခြေအနေမကောင်းဘူး။အဲဒါကြောင့် ဒီနှစ်မှာကြယ်ပဲဈေးကထက်ဝက်ကျဆင်းသွားတယ်”
ယခင်နှစ်က ကြယ်ပဲတစ်ကီလိုကို ကျပ် ၆၀၀၀ ဝန်းကျင်ရရှိခဲ့သော်လည်း ယခုနှစ်မှာ ကြယ်ပဲတစ်ကီ လိုကို ကျပ် ၃၀၀၀ ဝန်းကျင်သာရရှိကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ကြယ်ပဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ မကွေးတိုင်းဒေသကြီးတို့မှာအများဆုံးစိုက်ပျိုးကြောင်း မြန်မာနိုင်ငံကြယ်ပဲအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *