BREAKING NEWS

မ်ိဳးသစ္အသိအမွတ္ျပဳလက္မွတ္ရရွိေရးအတြက္ သီးႏွံမ်ိဳးေပါင္း (၁၇)မ်ိဳးေလွ်ာက္ထား

အပင္မ်ိဳးသစ္မ်ားအသိအမွတ္ျပဳလက္မွတ္ရရွိႏိုင္ေရးအတြက္ သီးႏွံမ်ိဳးေပါင္း (၁၇)မ်ိဳးေလွ်ာက္ထားလ်က္ရွိ ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

ေလွ်ာက္ထားသီးႏွံမ်ိဳးမ်ားကို အပင္မ်ိဳးသစ္ကာကြယ္ေရးဥပေဒအတည္ျပဳၿပီးပါက စိစစ္ကာစစ္ေဆးျပဳလုပ္သြား မွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးႏိုင္ၾကည္ဝင္းကေျပာပါတယ္။

“ အပင္မ်ိဳးသစ္ေလွ်ာက္ထားတာေတြေတာ့ရွိတယ္။ ဒါေပမယ့္အခုခ်ိန္ထိေတာ့ မစစ္ရေသး ဘူး။ လက္ရွိ ဥပေဒအရ အတည္မျပဳရေသးဘူး။အဲဒီဥပေဒထြက္ လာၿပီး အတည္ျပဳလို႕ရွိရင္ စစ္ေဆးလို႕ရပါၿပီ။အခုဥပေဒ ကစစ္လို႕ေတာ့ရတယ္။ ဒါေပမယ့္ အခုအပင္မ်ိဳးသစ္ဥပေဒအတြက္ ခဏေလာက္ေစာင့္ေနတာပါ”

အပင္မ်ိဳးသစ္ဥပေဒအတည္ျပဳထြက္ရွိႏိုင္ေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ျပဳဆံုးျဖတ္သြားမွာ ျဖစ္ေၾကာင္း အဆိုပါဌာနမွသိရပါတယ္။

အဆိုပါမ်ိဳးသစ္အသိအမွတ္ျပဳလက္မွတ္ရရွိေရးအတြက္ ေလွ်ာက္ထားတဲ့သီးႏွံမ်ိဳးမ်ားမွာ ပီေလာပီနံ (၁)မ်ိဳး ၊ စပါး (၂)မ်ိဳး ၊ ေျပာင္းခ်ိဳ (၁)မ်ိဳး ၊ ငရုတ္(၂)မ်ိဳး ၊ ဝါ(၁)မ်ိဳး ၊ အေစ့စားေနၾကာ(၂)မ်ိဳး ၊ ဟင္းစားပဲပုပ္(၂)မ်ိဳး ၊ ပဲနီ(၁)မ်ိဳး ၊ ၾကက္သြန္နီ(၃)မ်ိဳး ၊ ၾကက္ဟင္းခါး(၂)မ်ိဳး ၊ ခရမ္း(၄)မ်ိဳး ၊ နံနံ(၂) မ်ိဳး ၊ မုန္လာဥနီ(၃)မ်ိဳး ၊ မုန္လာ ရြက္(၁)မ်ိဳး ၊ ရံုးပတီ(၃)မ်ိဳး ၊ ခဝဲ(၁)မ်ိဳး ၊ သခြား (၂)မ်ိဳး ၊ ဖရံုသခြား (၁)မ်ိဳး ၊ သၾကားမုန္လာ(၂)မ်ိဳး ၊ သေဘၤာ(၂)မ်ိဳး ၊ အာလူး(၅)မ်ိဳး ၊ တစ္သ်ွဴးဌက္ေပ်ာ(၅)မ်ိဳး ၊ ၾကံ(၁)မ်ိဳး ၊ Stevia (၁)မ်ိဳး ၊ ဘူးသီး (၁)မ်ိဳး ၊ စပါးမိဘလိုင္း (၁)စံု ၊ အေစ့ထုတ္ေျပာင္းမိဘလိုင္း (၇)စံု ၊ ခရမ္းခ်ဥ္မိဘလိုင္း (၃)စံု၊ သခြားမိဘလိုင္း(၁)စံု ၊ ဖရဲမိဘလိုင္း (၁)စံု ၊ ၾကက္ဟင္းခါးမိဘလိုင္း(၁)စံု ၊ ပဲေတာင့္ရွည္မိဘလိုင္း (၁)စံု  ၊ ေရႊဖရံုမိဘလိုင္း (၂)စံု နဲ႕ ရံုးပတီမိဘလိုင္း (၁)စံုတို႔ကို ေလွ်ာက္ထားေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် သီးနှံမျိုးပေါင်း (၁၇)မျိုးလျှောက်ထား
အပင်မျိုးသစ်များအသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရေးအတွက် သီးနှံမျိုးပေါင်း (၁၇)မျိုးလျှောက်ထားလျက်ရှိ ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
လျှောက်ထားသီးနှံမျိုးများကို အပင်မျိုးသစ်ကာကွယ်ရေးဥပဒေအတည်ပြုပြီးပါက စိစစ်ကာစစ်ဆေးပြုလုပ်သွား မှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းကပြောပါတယ်။
“ အပင်မျိုးသစ်လျှောက်ထားတာတွေတော့ရှိတယ်။ ဒါပေမယ့်အခုချိန်ထိတော့ မစစ်ရသေး ဘူး။ လက်ရှိ ဥပဒေအရ အတည်မပြုရသေးဘူး။အဲဒီဥပဒေထွက် လာပြီး အတည်ပြုလို့ရှိရင် စစ်ဆေးလို့ရပါပြီ။အခုဥပဒေ ကစစ်လို့တော့ရတယ်။ ဒါပေမယ့် အခုအပင်မျိုးသစ်ဥပဒေအတွက် ခဏလောက်စောင့်နေတာပါ”
အပင်မျိုးသစ်ဥပဒေအတည်ပြုထွက်ရှိနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။
အဆိုပါမျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် လျှောက်ထားတဲ့သီးနှံမျိုးများမှာ ပီလောပီနံ (၁)မျိုး ၊ စပါး (၂)မျိုး ၊ ပြောင်းချို (၁)မျိုး ၊ ငရုတ်(၂)မျိုး ၊ ဝါ(၁)မျိုး ၊ အစေ့စားနေကြာ(၂)မျိုး ၊ ဟင်းစားပဲပုပ်(၂)မျိုး ၊ ပဲနီ(၁)မျိုး ၊ ကြက်သွန်နီ(၃)မျိုး ၊ ကြက်ဟင်းခါး(၂)မျိုး ၊ ခရမ်း(၄)မျိုး ၊ နံနံ(၂) မျိုး ၊ မုန်လာဥနီ(၃)မျိုး ၊ မုန်လာ ရွက်(၁)မျိုး ၊ ရုံးပတီ(၃)မျိုး ၊ ခဝဲ(၁)မျိုး ၊ သခွား (၂)မျိုး ၊ ဖရုံသခွား (၁)မျိုး ၊ သကြားမုန်လာ(၂)မျိုး ၊ သင်္ဘော(၂)မျိုး ၊ အာလူး(၅)မျိုး ၊ တစ်သျှူးဌက်ပျော(၅)မျိုး ၊ ကြံ(၁)မျိုး ၊ Stevia (၁)မျိုး ၊ ဘူးသီး (၁)မျိုး ၊ စပါးမိဘလိုင်း (၁)စုံ ၊ အစေ့ထုတ်ပြောင်းမိဘလိုင်း (၇)စုံ ၊ ခရမ်းချဉ်မိဘလိုင်း (၃)စုံ၊ သခွားမိဘလိုင်း(၁)စုံ ၊ ဖရဲမိဘလိုင်း (၁)စုံ ၊ ကြက်ဟင်းခါးမိဘလိုင်း(၁)စုံ ၊ ပဲတောင့်ရှည်မိဘလိုင်း (၁)စုံ ၊ ရွှေဖရုံမိဘလိုင်း (၂)စုံ နဲ့ ရုံးပတီမိဘလိုင်း (၁)စုံတို့ကို လျှောက်ထားကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *