BREAKING NEWS

အေစ့ထုတ္ေျပာင္း စိုက္ပ်ိဳးနည္းဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား (အပိုင္း – ၁)

ျမန္မာအမည္ – အေစ့ထုတ္ေျပာင္း

အဂၤလိပ္အမည္ – corn / Maize

သိပၸံအမည္ ​      – Zea maize

မ်ိဳးရင္း              – Graminae

နိဒါန္း

ေစ်းကြက္လိုအပ္ခ်က္ ႏွင့္ ကိုက္ညီ၍ ေဒသေရေျမရာသီဥတု ႏွင့္ ကိုက္ညီသည့္ မ်ိဳးေကာင္း မ်ိဳးသန္႔မ်ား အသံုးျပဳရန္ လိုအပ္ပါသည္။ စိုက္ပ်ိဳးမည့္ သီးႏွံမ်ိဳး ႏွင့္ စိုက္ပ်ိဳးနည္းစနစ္မ်ားသည္ ပိုးသတ္ေဆးအသံုးျပဳမႈ တတ္ႏိုင္သမွ်အနည္းဆံုး ျဖစ္သင့္ၿပီး ပတ္၀န္းက်င္ထိခိုက္မႈ ေလ်ာ့ နည္းေစႏိုင္မည့္ နည္းစနစ္မ်ားႏွင့္ တြဲဖက္ အသံုးျပဳ ေဆာင္ရြက္ရမည္။

စိုက္ပ်ိဳးမည့္ ေျမေနရာ ေရြးခ်ယ္ျခင္း

  • စိုက္ပ်ိဳးေျမႏွင့္ အနီးပတ္၀န္းက်င္ရွိေျမသည္ ဓါတု ႏွင့္ ဇီ၀ဆိုင္ရာ အႏၱရာယ္ ရွိသည့္ ေျမေနရာ မျဖစ္ေစရ။
  • စိုက္ကြင္း ေျမပံု ႏွင့္ မွတ္တမ္း ထားရွိရမည္။
  • ေျမၾသဇာ ထက္သန္ေသာ ႏံုးေျမ၊ ႏံုးေျမေစး ႏွင့္ သဲႏုန္းေျမတို႔တြင္ လည္းေကာင္း၊ ေရသြင္းေရထုတ္ လြယ္ကူၿပီး ေလ၀င္ေလထြက္မွ်တ၍ ေျမဆီလႊာ နက္ေသာ ေျမမ်ိဳးတြင္ အထူးသင့္ေတာ္သည္။
  • ရႊံ႔ေစးေျမ၊ ေျမနီ၊ ေက်ာက္စရစ္ ႏွင့္ သဲေျမ တို႔တြင္ မစိုက္သင့္ပါ။
  • အေစ့ထုတ္ေျပာင္း သီးႏွံ ျဖစ္ထြန္းရန္အတြက္ ေျမအခ်ဥ္ငံဓာတ္ (၅.၃ – ၇.၃) တြင္ စိုက္ပ်ိဳးႏိုင္ၿပီး၊ အေကာင္းဆံုးမွာ pH (6 – ၇) ျဖစ္သည္။
  • အေစ့ထုတ္ေျပာင္းသီးႏွံကို ႏွစ္စဥ္ပ်မ္းမွ်မိုးေရခ်ိန္ (၃၅” – ၄၀”) ရြာၿပီး အပူခ်ိန္ (၂၃- ၃၀ ံC) ဒီဂရိတ္အတြင္းရွိ ေဒသမ်ားတြင္ ေအာင္ျမင္ျဖစ္ထြန္းစြာ စိုက္ပ်ိဳးႏိုင္သည္။
  • အပင္သက္တမ္းတစ္ေလွ်ာက္တြင္ မိုးေရခ်ိန္ စုစုေပါင္း (၁၇”) ရလွ်င္ အသင့္ေတာ္ဆံုးျဖစ္သည္။
  • စိုက္ပ်ိဳးမည့္ ေျမေနရာသည္ ေဆးရံုေဆာက္ခဲ့သည့္ ေနရာ၊ တိရစာၦန္ ေမြးျမဴေရး ေဆာင္ရြက္ခဲ့ေသာေနရာ၊ စက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့သည့္ေနရာ ျမဴနီစပယ္မွ အမႈိက္စြန္႔ပစ္ခဲ့ေသာ ေနရာမ်ား မျဖစ္ေစရ။

ေရ

  • စိုက္ပ်ိဳးေရးကို စနစ္တက် သံုးစြဲရမည္။
  • အသံုးျပဳမည့္ေရကို လိုအပ္ပါက ဓာတ္ခြဲစမ္းသပ္ၿပီး သီးႏွံႏွင့္ သင့္ေတာ္မႈ ရွိရမည္။
  • ေမြးျမဴေရးဇံု၊ ေဆးရံု၊ စက္ရံုမ်ားမွ ျဖတ္သန္းလာေသာေရ၊ ျမဴနီစပယ္စြန္႔ပစ္ေရမ်ား၊ အႏၱရာယ္ျဖစ္ေပၚႏိုင္သည့္ ေရမ်ားကို အသံုးမျပဳရ။

မ်ိဳးေစ့

ေစ်းကြက္ရွိ၍ ေရေျမေဒသႏွင့္ ကိုက္ညီေသာ မ်ိဳးမ်ားကို ေရြးခ်ယ္ၿပီးအပင္ေပါက္ ၈၅ – ၉၀ % အထက္ရွိသည့္ မ်ိဳးေကာင္းမ်ိဳးသန္႔မ်ား စိုက္ပ်ိဳးသင့္သည္။

ထုတ္ျပန္ထားသည့္ မ်ိဳးေစ့ဥပေဒကို လိုက္နာက်င့္သံုးရမည္။

မ်ိဳးေစ့ေဆာင္ ေရာဂါမ်ား ပါ၀င္မႈ မရွိေစရ။

ရာသီဥတုဒါဏ္၊ ပိုးမႊားေရာဂါဒါဏ္ခံနိုင္ေသာမ်ိဳးကို ေရြးခ်ယ္စိုက္ပ်ိဳးသင့္သည္။

မ်ိဳးေစ့၀ယ္ယူရရွိသည့္ေဒသ၊ ပမာဏ၊ ေန႔ရက္  ႏွင့္ မ်ိဳးေစ့ေရာင္းရသူအမည္မ်ားကို မွတ္တမ္းထားရွိရမည္။

ေျမၾသဇာႏွင့္ ေျမဆီလႊာျဖည့္စြက္ပစၥည္းမ်ား

  • စိုက္ပ်ိဳးမည့္ ေျမဆီလႊာ၏ အာဟာရပါ၀င္မႈ သိရွိႏိုင္မႈ စစ္ေဆးရမည္။
  • ေျမဆီလႊာ ဓာတ္ခြဲစမ္းသပ္မႈကို အေျခခံ၍ အေစ့ထုတ္ေျပာင္းသီးႏွံအတြက္ လိုအပ္သည့္ ေျမၾသဇာ ႏွင့္ ေျမဆီလႊာ ျဖည့္စြက္ပစၥည္းမ်ား ကာကြယ္ရန္ အတြက္ သင့္ေတာ္သည့္ မႈိသတ္ေဆး တစ္မ်ိဳးမ်ိဳး လူးနယ္အသံုးျပဳသင့္သည္။
  • လူ ႏွင့္ ပတ္၀န္းက်င္ကို အႏၱရာယ္ျဖစ္ေစၿပီး ေျခဖ်က္ရန္ ခက္ခဲသည့္ ဓါတ္သတၱဳမ်ား (heavy metal) ႏွင့္ အျခားအဆိပ္သင့္ပစၥည္းမ်ား မပါ၀င္ေသာ အသိအမွတ္ျပဳ မွတ္ပံုတင္ထားသည့္ ေျမၾသဇာမ်ားကို အသံုးျပဳရမည္။
  • ကၽြဲ၊ ႏြား၊ တိရစာၦန္အညစ္အေၾကးမ်ားကို (၃-၄) လထိ ေကာင္းစြာေဆြးေျမ႔ၿပီးမွသာလွ်င္ သဘာ၀ ေျမၾသဇာအျဖစ္ ေျမျပင္စဥ္တြင္ တစ္ဧကလွ်င္ (၃-၅) တန္ ထည့္သြင္းေပးသင့္သည္။
  • ေျမႀကီး၏ ရုပ္ဂုဏ္သတၱိ ႏွင့္ ဓါတ္ဂုဏ္သတၱိမ်ား တိုးပြားေစရန္ ေကာင္းစြာေဆြးေျမ႔ေနေသာ သဘာ၀ေျမၾသဇာ ႏွင့္ သစ္စိမ္းေျမၾသဇာမ်ားကို ေျမဆီလႊာအတြင္း ႏွစ္စဥ္ထည့္သြင္းေပးရန္ လိုအပ္သည္။ ေျမေဆြးျပဳလုပ္မည္ဆိုရာတြင္ ေရာဂါကင္းေသာ ပင္ၾကြင္း ပင္က်န္မ်ားကို အသံုးျပဳသင့္သည္။
  • ေျမဆီလႊာ သံုးစြဲျခင္း ႏွင့္ ဆက္စပ္သည့္ သီးႏွံစိုက္ပ်ိဳးေရး မွတ္တမ္းမ်ား ထားရွိရမည္။
  • ေျမၾသဇာ (သို႔မဟုတ္) ေျမဆီလႊာျဖည့္စြက္ပစၥည္းမ်ား ေရာေႏွာျခင္း၊ သိုေလွာင္ျခင္း ေအာ္ဂဲနစ္ပစၥည္းမ်ားကို ေဆြးေျမ႔ေစရန္ ေဆာင္ရြက္မည့္ ေနရာသည္ ေျမ ႏွင့္ေရအရင္းအျမစ္ သန္႔ရွင္းမႈကို ထိခိုက္ေစေသာ ေနရာမ်ား၌ မျပဳလုပ္ရ။
  • ေျမၾသဇာ (သို႔မဟုတ္) ေျမဆီလႊာျဖည့္စြက္ပစၥည္းမ်ားကို အသံုးျပဳရမည္။
  • ေျမၾသဇာ (သို႔မဟုတ္) ေျမဆီလႊာ ျဖည့္စြက္ပစၥည္းမ်ား၏ ရရွိသည့္ေဒသ၊ ရရွိသည့္ အေရအတြက္၊ ရရွိသည့္ ေန႔စြဲ ႏွင့္ ေရာင္းခ်သူအမည္တို႔ကို မွတ္တမ္းထားရွိရမည္။

စိုက္ပ်ိဳးေရးသံုးဓါတုေဆးမ်ား ႏွင့္ အျခားဓါတုပစၥည္းမ်ား

တရား၀င္မွတ္ပံုတင္ စာရင္းသြင္းထားေသာ အပင္ထြက္ပိုးသတ္ေဆး ႏွင့္ အဏုဇီ၀ ပိုးသတ္ေဆးမ်ား ကို သံုးသင့္ပါသည္။

ဓါတုေဆးမ်ား အသံုးျပဳမႈ အနည္းဆံုးျဖစ္ေစရန္ ဘက္စံုပိုးမႊားကာကြယ္ေရး စနစ္မ်ားကို အသံုးျပဳသင့္သည္။

ပိုးသတ္ေဆးဥပေဒ၊ ေျမၾသဇာဥပေဒ၊ နည္းဥပေဒ ႏွင့္အညီ ပတ္၀န္းက်င္ ညစ္ညမ္းျခင္း ႏွင့္ လူသားတို႔၏ က်န္းမာေရးထိခိုက္မႈမ်ား မျဖစ္ေစေရးကို အထူးဂရုျပဳသင့္သည္။

ဓါတုေဆးမ်ားကို အသံုးျပဳရန္ လိုအပ္ပါက တရား၀င္အသိအမွတ္ျပဳ မွတ္ပံုတင္ထားသည့္ ဓါတုေဆးမ်ားကိုသာ သံုးရမည္။

ေဆးဖ်န္းၿပီးေနာက္ မရိတ္သိမ္းမီ ႏွင့္ ရိတ္သိမ္းၿပီး ေစာင့္ဆိုင္းရမည့္ ရက္ကာလ အပိုင္းအျခား ကို အတိအက် လိုက္နာရမည္။

ပိုးသတ္ေဆး စနစ္တက် ကိုင္တြယ္သံုးစြဲနည္း သင္တန္းမ်ားတတ္ေရာက္ထားသင့္သည္။

ဓါတုေဆးမ်ား ၀ယ္ယူ၊ သိုေလွာင္၊ သံုးစြဲမႈ၊ အသံုးခ်မႈ ႏွင့္ စြန္႔ပစ္မႈတို႔ကို စနစ္တက် ေဆာင္ရြက္၍ မွတ္တမ္းမ်ားထားရွိရမည္။

ေလာင္စာဆီ၊ ေခ်ာဆီ ႏွင့္ အျခားေသာ စိုက္ပ်ိဳးေရးသံုးမဟုတ္သည့္ ဓါတုေဆးမ်ားကို သီးႏွံမ်ားညစ္ညမ္းမႈ အႏၱရာယ္အနည္းဆံုး ျဖစ္ေစရန္ ကိုင္တြယ္ အသံုးျပဳျခင္း ၊ သိုေလွာင္ျခင္ ႏွင့္ စြန္ပစ္ျခင္း စနစ္တက် ျပဳလုပ္ရမည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

အစေ့ထုတ်ပြောင်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ (အပိုင်း – ၁)

======================================================

မြန်မာအမည် – အစေ့ထုတ်ပြောင်း
အင်္ဂလိပ်အမည် – corn / Maize
သိပ္ပံအမည် – Zea maize
မျိုးရင်း – Graminae

နိဒါန်း
ဈေးကွက်လိုအပ်ချက် နှင့် ကိုက်ညီ၍ ဒေသရေမြေရာသီဥတု နှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ အသုံးပြုရန် လိုအပ်ပါသည်။ စိုက်ပျိုးမည့် သီးနှံမျိုး နှင့် စိုက်ပျိုးနည်းစနစ်များသည် ပိုးသတ်ဆေးအသုံးပြုမှု တတ်နိုင်သမျှအနည်းဆုံး ဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်မည့် နည်းစနစ်များနှင့် တွဲဖက် အသုံးပြု ဆောင်ရွက်ရမည်။
စိုက်ပျိုးမည့် မြေနေရာ ရွေးချယ်ခြင်း
– စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိမြေသည် ဓါတု နှင့် ဇီဝဆိုင်ရာ အန္တရာယ် ရှိသည့် မြေနေရာ မဖြစ်စေရ။
– စိုက်ကွင်း မြေပုံ နှင့် မှတ်တမ်း ထားရှိရမည်။
– မြေသြဇာ ထက်သန်သော နုံးမြေ၊ နုံးမြေစေး နှင့် သဲနုန်းမြေတို့တွင် လည်းကောင်း၊ ရေသွင်းရေထုတ် လွယ်ကူပြီး လေဝင်လေထွက်မျှတ၍ မြေဆီလွှာ နက်သော မြေမျိုးတွင် အထူးသင့်တော်သည်။
– ရွှံ့စေးမြေ၊ မြေနီ၊ ကျောက်စရစ် နှင့် သဲမြေ တို့တွင် မစိုက်သင့်ပါ။
– အစေ့ထုတ်ပြောင်း သီးနှံ ဖြစ်ထွန်းရန်အတွက် မြေအချဉ်ငံဓာတ် (၅.၃ – ၇.၃) တွင် စိုက်ပျိုးနိုင်ပြီး၊ အကောင်းဆုံးမှာ pH (6 – ၇) ဖြစ်သည်။
– အစေ့ထုတ်ပြောင်းသီးနှံကို နှစ်စဉ်ပျမ်းမျှမိုးရေချိန် (၃၅” – ၄၀”) ရွာပြီး အပူချိန် (၂၃- ၃၀ ံC) ဒီဂရိတ်အတွင်းရှိ ဒေသများတွင် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်သည်။
– အပင်သက်တမ်းတစ်လျှောက်တွင် မိုးရေချိန် စုစုပေါင်း (၁၇”) ရလျှင် အသင့်တော်ဆုံးဖြစ်သည်။
– စိုက်ပျိုးမည့် မြေနေရာသည် ဆေးရုံဆောက်ခဲ့သည့် နေရာ၊ တိရစ္ဆာန် မွေးမြူရေး ဆောင်ရွက်ခဲ့သောနေရာ၊ စက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်နေရာ မြူနီစပယ်မှ အမှိုက်စွန့်ပစ်ခဲ့သော နေရာများ မဖြစ်စေရ။

ရေ
– စိုက်ပျိုးရေးကို စနစ်တကျ သုံးစွဲရမည်။
– အသုံးပြုမည့်ရေကို လိုအပ်ပါက ဓာတ်ခွဲစမ်းသပ်ပြီး သီးနှံနှင့် သင့်တော်မှု ရှိရမည်။
– မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ်ရေများ၊ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။
မျိုးစေ့
ဈေးကွက်ရှိ၍ ရေမြေဒေသနှင့် ကိုက်ညီသော မျိုးများကို ရွေးချယ်ပြီးအပင်ပေါက် ၈၅ – ၉၀ % အထက်ရှိသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသင့်သည်။
ထုတ်ပြန်ထားသည့် မျိုးစေ့ဥပဒေကို လိုက်နာကျင့်သုံးရမည်။
မျိုးစေ့ဆောင် ရောဂါများ ပါဝင်မှု မရှိစေရ။
ရာသီဥတုဒါဏ်၊ ပိုးမွှားရောဂါဒါဏ်ခံနိုင်သောမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။
မျိုးစေ့ဝယ်ယူရရှိသည့်ဒေသ၊ ပမာဏ၊ နေ့ရက် နှင့် မျိုးစေ့ရောင်းရသူအမည်များကို မှတ်တမ်းထားရှိရမည်။
မြေသြဇာနှင့် မြေဆီလွှာဖြည့်စွက်ပစ္စည်းများ
– စိုက်ပျိုးမည့် မြေဆီလွှာ၏ အာဟာရပါဝင်မှု သိရှိနိုင်မှု စစ်ဆေးရမည်။
– မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်မှုကို အခြေခံ၍ အစေ့ထုတ်ပြောင်းသီးနှံအတွက် လိုအပ်သည့် မြေသြဇာ နှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ကာကွယ်ရန် အတွက် သင့်တော်သည့် မှိုသတ်ဆေး တစ်မျိုးမျိုး လူးနယ်အသုံးပြုသင့်သည်။
– လူ နှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေပြီး ခြေဖျက်ရန် ခက်ခဲသည့် ဓါတ်သတ္တုများ (heavy metal) နှင့် အခြားအဆိပ်သင့်ပစ္စည်းများ မပါဝင်သော အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် မြေသြဇာများကို အသုံးပြုရမည်။
– ကျွဲ၊ နွား၊ တိရစ္ဆာန်အညစ်အကြေးများကို (၃-၄) လထိ ကောင်းစွာဆွေးမြေ့ပြီးမှသာလျှင် သဘာ၀ မြေသြဇာအဖြစ် မြေပြင်စဉ်တွင် တစ်ဧကလျှင် (၃-၅) တန် ထည့်သွင်းပေးသင့်သည်။
– မြေကြီး၏ ရုပ်ဂုဏ်သတ္တိ နှင့် ဓါတ်ဂုဏ်သတ္တိများ တိုးပွားစေရန် ကောင်းစွာဆွေးမြေ့နေသော သဘာဝမြေသြဇာ နှင့် သစ်စိမ်းမြေသြဇာများကို မြေဆီလွှာအတွင်း နှစ်စဉ်ထည့်သွင်းပေးရန် လိုအပ်သည်။ မြေဆွေးပြုလုပ်မည်ဆိုရာတွင် ရောဂါကင်းသော ပင်ကြွင်း ပင်ကျန်များကို အသုံးပြုသင့်သည်။
– မြေဆီလွှာ သုံးစွဲခြင်း နှင့် ဆက်စပ်သည့် သီးနှံစိုက်ပျိုးရေး မှတ်တမ်းများ ထားရှိရမည်။
– မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ရောနှောခြင်း၊ သိုလှောင်ခြင်း အော်ဂဲနစ်ပစ္စည်းများကို ဆွေးမြေ့စေရန် ဆောင်ရွက်မည့် နေရာသည် မြေ နှင့်ရေအရင်းအမြစ် သန့်ရှင်းမှုကို ထိခိုက်စေသော နေရာများ၌ မပြုလုပ်ရ။
– မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများကို အသုံးပြုရမည်။
– မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၏ ရရှိသည့်ဒေသ၊ ရရှိသည့် အရေအတွက်၊ ရရှိသည့် နေ့စွဲ နှင့် ရောင်းချသူအမည်တို့ကို မှတ်တမ်းထားရှိရမည်။
စိုက်ပျိုးရေးသုံးဓါတုဆေးများ နှင့် အခြားဓါတုပစ္စည်းများ
တရားဝင်မှတ်ပုံတင် စာရင်းသွင်းထားသော အပင်ထွက်ပိုးသတ်ဆေး နှင့် အဏုဇီ၀ ပိုးသတ်ဆေးများ ကို သုံးသင့်ပါသည်။
ဓါတုဆေးများ အသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေး စနစ်များကို အသုံးပြုသင့်သည်။
ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေ နှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း နှင့် လူသားတို့၏ ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရေးကို အထူးဂရုပြုသင့်သည်။
ဓါတုဆေးများကို အသုံးပြုရန် လိုအပ်ပါက တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် ဓါတုဆေးများကိုသာ သုံးရမည်။
ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီ နှင့် ရိတ်သိမ်းပြီး စောင့်ဆိုင်းရမည့် ရက်ကာလအပိုင်းအခြားကို အတိအကျ လိုက်နာရမည်။
ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်း သင်တန်းများတတ်ရောက်ထားသင့်သည်။
ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှု နှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍ မှတ်တမ်းများထားရှိရမည်။
လောင်စာဆီ၊ ချောဆီ နှင့် အခြားသော စိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေးများကို သီးနှံများညစ်ညမ်းမှု အန္တရာယ်အနည်းဆုံး ဖြစ်စေရန် ကိုင်တွယ် အသုံးပြုခြင်း ၊ သိုလှောင်ခြင် နှင့် စွန်ပစ်ခြင်း စနစ်တကျ ပြုလုပ်ရမည်။





Leave a Reply

Your email address will not be published. Required fields are marked *