BREAKING NEWS

တရုတ္ကို ျမန္မာ့နာနတ္သီးတင္ပို႔ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ေန

ျမန္မာ့နာနတ္သီးကို တရုတ္ကို တင္ပို႔ႏိုင္ရန္အတြက္ စီစဥ္ေဆာင္ရြက္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း ျမန္မာအ ျပည္ျပည္ဆိုင္ရာကုန္သြယ္မႈျမွင့္တင္ေရးဗဟိုဌာနမွသိရပါတယ္။

တရုတ္ကို ျမန္မာ့သီးႏွံမ်ားတင္ပို႕ႏိုင္ရန္အတြက္ က်န္ရွိေနတဲ့သီးႏွံမ်ားထဲမွ နာနတ္သီးကိုလည္း အျမန္ဆံုးတင္ ပို႔ႏိုင္ရန္စီစဥ္ေဆာင္ရြက္မႈမ်ားလုပ္ေဆာင္ေနတာျဖစ္ေၾကာင္း ျမန္မာအျပည္ျပည္ဆိုင္ရာကုန္သြယ္မႈျမွင့္တင္ေရး ဗဟိုဌာနမွ တာဝန္ခံ ဦးသက္လြင္ဦးကေျပာပါတယ္။

“ က်န္တဲ့သီးႏွံေတြလည္းအျမန္ဆံုးတရုတ္ကိုတင္ပို႕ႏိုင္ဖို႔အတြက္ ဆက္လက္စီစဥ္လုပ္ေဆာင္ေနပါတယ္။ တကယ္ပို႔ႏိုင္မယ့္ တကယ္ထြက္မယ့္ပစၥည္း ကိုေရြးၿပီးလုပ္ေနတာေပါ့။နာနတ္သီးကို ထပ္ရဖို႕အခုဆက္ လက္လုပ္ေဆာင္ေနတယ္”

ျမန္မာ့သီးႏွံ(၈)မ်ိဳးထဲမွ သီးႏွံ(၄)မ်ိဳးသာတင္ပို႔ခြင့္ရေနတာေၾကာင့္ တရုတ္ကိုက်န္သီးႏွံမ်ား ဆက္လက္တင္ပို႔ ႏိုင္ရန္စီစဥ္လုပ္ေဆာင္ေနတာျဖစ္ေၾကာင္းလည္း အဆိုပါဌာနမွ သိရပါတယ္။

ျမန္မာ့သီးႏံွ(၄)မ်ိဳးျဖစ္တဲ့ ဖရဲ  ၊ သခြား ၊ ဇီးသီး နဲ႕ သရက္သီးမ်ားကို တင္ပို႔ခြင့္ရေနၿပီး က်န္သီးႏွံမ်ားကိုတင္ပို႔ ႏိုင္ရန္အတြက္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနနဲ႕ သက္ဆိုင္ရာသံရံုးမ်ားမွတစ္ဆင့္ စီစဥ္ လုပ္ေဆာင္မႈမ်ားရွိေနေၾကာင္း ျမန္မာအျပည္ျပည္ဆိုင္ရာကုန္သြယ္မႈျမွင့္တင္ေရးဗဟိုဌာနမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

တရုတ်ကို မြန်မာ့နာနတ်သီးတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ
မြန်မာ့နာနတ်သီးကို တရုတ်ကို တင်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း မြန်မာအ ပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဗဟိုဌာနမှသိရပါတယ်။
တရုတ်ကို မြန်မာ့သီးနှံများတင်ပို့နိုင်ရန်အတွက် ကျန်ရှိနေတဲ့သီးနှံများထဲမှ နာနတ်သီးကိုလည်း အမြန်ဆုံးတင် ပို့နိုင်ရန်စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်နေတာဖြစ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေး ဗဟိုဌာနမှ တာဝန်ခံ ဦးသက်လွင်ဦးကပြောပါတယ်။
“ ကျန်တဲ့သီးနှံတွေလည်းအမြန်ဆုံးတရုတ်ကိုတင်ပို့နိုင်ဖို့အတွက် ဆက်လက်စီစဉ်လုပ်ဆောင်နေပါတယ်။ တကယ်ပို့နိုင်မယ့် တကယ်ထွက်မယ့်ပစ္စည်း ကိုရွေးပြီးလုပ်နေတာပေါ့။နာနတ်သီးကို ထပ်ရဖို့အခုဆက် လက်လုပ်ဆောင်နေတယ်”
မြန်မာ့သီးနှံ(၈)မျိုးထဲမှ သီးနှံ(၄)မျိုးသာတင်ပို့ခွင့်ရနေတာကြောင့် တရုတ်ကိုကျန်သီးနှံများ ဆက်လက်တင်ပို့ နိုင်ရန်စီစဉ်လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။
မြန်မာ့သီးနံှ(၄)မျိုးဖြစ်တဲ့ ဖရဲ ၊ သခွား ၊ ဇီးသီး နဲ့ သရက်သီးများကို တင်ပို့ခွင့်ရနေပြီး ကျန်သီးနှံများကိုတင်ပို့ နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာသံရုံးများမှတစ်ဆင့် စီစဉ် လုပ်ဆောင်မှုများရှိနေကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဗဟိုဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *