BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

================

မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းစုံညီပွဲတော်ကျင်းပသွားမည်
ယခုလအတွင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း စုံညီပွဲတော်ကိုစက်တင်ဘာလ (၁၉)ရက်နေ့ မှာပြုလုပ် ကျင်းပသွားမှာဖြစ် ကြောင်းရန် ကုန်တိုင်းဒေသကြီး မြန်မာနိုင် ငံဝါးစိုက်ပျိုးရေးအသင်း မှသိရပါ တယ်။
ဝါးစိုက်ပျိုးမှုများကိုဖလှယ်နိုင်ရေး၊ ပြည်ပတင်ပို့မှုနဲ့ ဈေးကွက်အခြေအနေများကိုပါဆွေးနွေးပြုလုပ် သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံဝါးစိုက်ပျိုး ရေးအသင်းမှအတွင်းရေးမှူး ဒေါ်ဖြိုးနရီကိုကပြောပါတယ်။
“ ပွဲကျင်းပတာက ဝါးစိုက်ပျိုးမှုကို ဖလှယ်တာတင်မဟုတ်ပဲ ဝါးကို ပြည်ပကိုတင်ပို့နိုင်ရေးပါဆွေး နွေးမယ်။ဝါးစိုက်ပျိုးနည်းတွေတစ်ဦးနဲ့တစ်ဦးဖလှယ်မယ်။ ဝါးနဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေက အစ ပြပွဲမှာခင်းကျင်းပြသသွားမှာပါ”
အဆိုပါပွဲမှာမြန်မာ့ဝါးနဲ့ပတ်သတ်တဲ့ လက်မှုပစ္စည်းများကိုပြခန်းများမှာပါဝင်ပြသသွားမှာဖြစ်ကြောင်း အဆိုပါ အသင်းမှသိရပါတယ်။
မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းစုံညီပွဲတော်ကို နေပြည်တော် ပျဉ်းမနားမြို့နယ် ၊ မင်္ဂလာတော်ခန်း မမှာ နံနက်(၉)နာရီမှစတင်ကာပြုလုပ်ကျင်း ပသွားမှာဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင် ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *