BREAKING NEWS



ပြည်ပနိုင်ငံများမှ ဝယ်လိုအားနည်းနေပြီး မြန်မာ့ငရုတ်အရည်အသွေးများမပြည့်မှီတာကြောင့် ဈေးနှုန်း ကျဆင်းရတာဖြစ်တယ်လို့ ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။




Unicode ဖြင့်ဖတ်ရန်

===================

မြန်မာ့ငရုတ်များဈေးနှုန်းထက်ဝက်ကျဆင်း
ယခုလအတွင်း ပြည်ပနိုင်ငံများကိုတင်ပို့နေတဲ့မြန်မာ့ငရုတ်ဈေးနှုန်းများတစ်ပိဿာကို ထက်ဝက် ကျော်ကျဆင်းနေ ကြောင်း ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
ပြည်ပနိုင်ငံများမှ ဝယ်လိုအားနည်းနေပြီး မြန်မာ့ငရုတ်အရည်အသွေးများမပြည့်မှီတာကြောင့် ဈေးနှုန်း ကျဆင်းရတာဖြစ်တယ်လို့ ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
“ အခုကငရုတ်ကို ဝယ်နေတဲ့ နိုင်ငံတွေကလည်း ဝယ်လိုအားကျဆင်းသွားတယ်။ငရုတ်သီးဈေးမရ တာက သူတို့နိုင်ငံတွေက ပေါ်နေတဲ့အချိန်ရယ် ၊ မြန်မာကထွက်တဲ့ငရုတ်သီးကလည်းအရည်အသွေး ပြည့်မှီတာတွေမရှိတာရယ်ကြောင့် ဈေးနှုန်းက တစ်ပိဿာကို ထက်ဝက်ကျော်ကျော်ကျသွားတယ်”
မြန်မာ့ငရုတ်တစ်ပိဿာကို ယခင်လများအတွင်းက တစ်ပိဿာ ၃၀၀၀ ကျပ်ဝန်းကျင်ရရှိခဲ့ပေမယ့် လည်း အခုလအတွင်းတစ်ပိဿာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိတော့ကြောင်း အဆိုပါအသင်းမှသိ ရပါတယ်။
မြန်မာ့ငရုတ်ကို တရုတ် ၊ ထိုင်းနိုင်ငံတို့ကိုအဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း ငရုတ်သီး ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *