BREAKING NEWS

⁠ေကာ္ဖီ စိုက္ပ်ိဳး⁠ေရးဆိုင္ရာ အ⁠ေလ့အက်င့္⁠ေကာင္းမ်ား အပိုင္း (၃)

စိုက္ပ်ိဳးရန္ ႏွင့္ အျခားဆက္စပ္ပစၥည္းကိရိယာမ်ား

ထြက္ကုန္သီးႏွံအတြက္ အသံုးျပဳေသာ စက္ပစၥည္းကိရိယာမ်ား၊ သိုေလွာင္ပစၥည္းမ်ား ႏွင့္ အျခားပစၥည္းမ်ားသည္ သန္႔ရွင္းရန္ လိုအပ္ၿပီး ထြက္ကုန္သီးႏွံကို ညစ္ညမ္းမႈ မရွိေစရ။ စြန္႔ပစ္ပစၥည္းမ်ား ဓါတုေဆးမ်ားႏွင့္ အျခားအႏၱရာယ္ျဖစ္ေစသည့္ အရာမ်ားကို တိတိက်က် သတ္မွတ္ထားရမည္။ ၄င္းပစၥည္းမ်ားျဖင့္ ထုတ္လုပ္သီးႏွံမ်ားထည့္ျခင္း၊ သိုေလွာင္ျခင္း၊ ထုပ္ပိုးျခင္းမျပဳရ။

ရိတ္သိမ္းျခင္းႏွင့္ ထြက္ကုန္ျပဳျပင္ျခင္း

ေကာ္ဖီသီးမ်ားေကာင္းစြာရင့္မွည့္မႈရွိသည့္အခ်ိန္တြင္ ေကာ္ဖီပင္ကို မထိခိုက္ေစေသာ နည္းစနစ္ျဖင့္ ခူးဆြတ္ရိတ္သိမ္းရမည္။

ရိတ္သိမ္း ခူးဆြတ္ၿပီး ေကာ္ဖီသီးမွည့္မ်ားကို ႀကိတ္ခြဲစက္ရံုသို႔ အခ်ိန္မီေရာက္ရွိရန္ စီမံရမည္။ ေကာ္ဖီမ်ိဳးအလိုက္ ခြဲျခားခူးဆြတ္ရိတ္သိမ္း ႀကိတ္ခြဲမွတ္တမ္းမ်ား ထားရွိရမည္။ မ်ိဳးအျဖစ္အသံုးျပဳမည့္  စိုက္ကြက္အတြင္းရွိအပင္ကို ေသခ်ာေရြးခ်ယ္ၿပီး အမွတ္အသား ျပဳလုပ္ၿပီး မွတ္တမ္းထားရမည္။

ေကာ္ဖီသီးခူးျခင္းကာလကို ႏို၀င္ဘာလမွ မတ္လလယ္ထိ သတ္မွတ္၍ မတ္လကုန္အၿပီး ေဆာင္ရြက္ရမည္။ အပင္နားေနကာလေပးရန္ အပင္ျပဳျပင္ပံုသြင္း သန္႔ရွင္းေရးလုပ္ရန္ ျဖစ္ပါသည္။ အေစ့အဆံျပည့္၀ေသာ အရည္အေသြးျမွင့္ အထူးတန္း၀င္ ေကာ္ဖီေစ့ရရွိရန္ စိုက္ပ်ိဳးၿပီး သက္တမ္း (၄) ႏွစ္ေက်ာ္တြင္ စတင္ခူးဆြတ္ရပါမည္။

ေကာ္ဖီရိတ္သိမ္းခ်ိန္တြင္ ဆက္လက္ေဆာင္ရြက္ရမည့္ လုပ္ငန္းမ်ားမွာ –

(၁) အေစ့ခြံပါ ေကာ္ဖီဆံအား စက္ျဖင့္ အေစ့ခြံခၽြတ္ျခင္း

(၂) ေလမႈတ္သန္႔စင္ျခင္း

(၃) ေကာ္ဖီဆံအတန္းအစားခြဲျခားျခင္း (စကာခ်ျခင္း)

(၄) ေကာ္ဖီေရြးသန္႔ျခင္း

(၅) အိတ္သြတ္ထုတ္ပိုးျခင္း

(၆)ေစ်းကြက္သို႔တင္ပို႔ျခင္း (သို႔မဟုတ္) ေကာ္ဖီမႈန္႔ျပဳလုပ္ရန္ စက္ရံုသို႔ တင္ပို႔ျခင္း

(၇) ေကာ္ဖီေစ့ေလွာ္ျခင္း

(၈) ေကာ္ဖီမႈန္႔ႀကိတ္ျခင္း

(၉) ထုပ္ပိုး – သိုေလွာင္ျခင္း

(၁၀) ေစ်းကြက္သို႔ ျဖန္႔ျဖဴးျခင္း

စားေသာက္ကုန္ျဖစ္ေသာ ေကာ္ဖီမႈန္႔ထုတ္လုပ္ရာတြင္ အစားအေသာက္မ်ားေဘးအႏၱရာယ္ လံုၿခံဳမႈရွိေစရန္ အေရးႀကီးပါသည္။ အစားအေသာက္ ေဘးကင္းလံုၿခံဳရန္အတြက္ လုပ္ငန္းေဆာင္ရြက္မႈ အဆင့္တိုင္း မွတ္တမ္းမ်ားထားရွိၿပီး လိုက္နာေဆာင္ရြက္မည့္ နည္း ပညာႏွင့္ စည္းကမ္းမ်ားကို လိုက္နာရမည္။

သတ္မွတ္စံခ်ိန္စံညႊန္းမ်ားႏွင့္ အညီခြဲျခားထုတ္ပိုးသိုေလွာင္ရန္ လိုအပ္ၿပီး မွတ္တမ္းမ်ားထားရွိရန္ လိုအပ္ပါသည္။

သိုေလွာင္ျခင္း ႏွင့္ သယ္ယူပို႔ေဆာင္ျခင္း

ေကာ္ဖီသီး၊ ေကာ္ဖီေစ့ မ်ားကို ဓါတု၊ ဇီ၀ ႏွင့္ ရုပ္၀တၳဳဆိုင္ရာ ညစ္ညမ္းမႈ အႏၱရာယ္ျဖစ္ေစႏိုင္သည့္ ကုန္ပစၥည္းမ်ားႏွင့္ ခြဲျခားသိုေလွာင္ျခင္း၊ သယ္ေဆာင္ျခင္း ျပဳလုပ္ရမည္။

သိုေလွာင္မည့္ ဂိုေဒါင္ သယ္ေဆာင္မည့္ယာဥ္ကို အသံုးမျပဳမွီ သန္႔ရွင္းမႈ ၊ ဓါတုေဆးဖိတ္စင္မႈ အျခားပစၥည္းမ်ားႏွင့္ ပိုးမႊားက်ေရာက္မႈ ရွိ/မရွိ ကိုစစ္ေဆးၿပီး သန္႔ရွင္းထားရမည္။

ေကာ္ဖိသီး၊ ေကာ္ဖီဆံ သိုေလွာင္ရန္ ေလ၀င္ေလထြက္ ေကာင္းမြန္ေသာ ဂိုေဒါင္အေဆာက္အဦးျဖစ္ရမည္။ သိုေလွာင္ရံုသည္ ေလထုစိုထိုင္းဆ (R-H) (၆၀% – ၆၅%) ရွိရမည္။ ရာသီဥတု အလြန္စိုစြတ္ၿပီး မိုးမ်ားေနပါက ေကာ္ဖီေစ့မ်ားကို အေျခာက္ခံစက္မ်ားျဖင့္ အေျခာက္ခံၿပီးမွ သိုေလွာင္သင့္ပါသည္။

သယ္ယူပို႔ေဆာင္ရာတြင္ တင္ပို႔မည့္ေနရာေရာက္ရွိသည္အထိ သီးႏွံ၏ ဇီ၀ျဖစ္စဥ္မ်ား ႏွင့္ ဓါတ္ေျပာင္းလဲမႈမ်ားကို ထိန္းသိမ္းၾကည့္ရႈရမည္။

ပို႔ေဆာင္သည့္ယာဥ္သည္ သန္႔ရွင္းရမည္။ အျခားသီးႏွံမ်ား၊ တိရစာၦန္မ်ား ပိုးသတ္ေဆး၊ ဓါတ္ေျမၾသဇာမ်ားႏွင့္ ေရာေႏွာ သယ္ေဆာင္ျခင္းမျပဳရ။

သယ္ယူပို႔ေဆာင္ရာတြင္ သဘာ၀ေဘးဒဏ္မက်ေရာက္ေစရန္ ႀကိဳတင္ကာကြယ္ၿပီး ပတ္၀န္းက်င္မွ ပိုးမႊားမ်ား ၀င္ေရာက္ျခင္းမရွိရန္ သတိျပဳသယ္ေဆာင္ရမည္။

အေဆာက္အဦးမ်ား ေဆာက္လုပ္ျခင္း

ေကာ္ဖီေစ့ မ်ား ထုတ္ပိုးျခင္း၊ ကိုင္တြယ္ျပဳျပင္ျခင္း ႏွင့္ ထုပ္ပိုးၿပီး ေကာ္ဖီေစ့၊ ေကာ္ဖီမႈန္႔မ်ား သိုေလွာင္ထားရွိျခင္း တို႔တြင္ ေဘးဥပါဒ္အႏၱရာယ္ က်ေရာက္မႈနည္းပါးေစရန္ သီးသန္႔အေဆာက္အဦး မ်ားတည္ေဆာက္ျခင္း (သို႔မဟုတ္) သီးသန္႔ေဆာင္ရြက္မည့္ေနရာမ်ားသတ္မွတ္ရမည္။ ျပဳျပင္ထိန္းသိမ္းရမည္။ ေလာင္စာဆီ၊ ပိုးသတ္ေဆး ႏွင့္ ေျမၾသဇာမ်ား၊ လယ္ယာသံုးကိရိယာမ်ား အပါအ၀င္ အျခားပစၥည္းမ်ားႏွင့္ ေကာ္ဖီသီး / ေစ့မ်ား ေရာေႏွာ သိုေလွာင္ျခင္း မျပဳရ။

တိရိစာၦန္ႏွင့္ ဖ်က္ပိုးမ်ား ထိန္းခ်ဳပ္ျခင္း

အိမ္ေမြး ႏွင့္ လယ္ယာသံုးတိရစာၦန္မ်ားကို ေကာ္ဖီသီး၊ ရိတ္သိမ္းထုတ္ပိုးသိုေလွာင္သည့္ေနရာမ်ားတြင္ မရွိေစရ။ ေကာ္ဖီသီး/ ေစ့/ မႈန္႔ မ်ား ကိုင္တြယ္ျခင္း၊ ထုတ္ပိုးျခင္း၊ သိုေလွာင္သည့္ ေနရာမ်ားႏွင့္ အနီးတ၀ိုက္တြင္ အင္းဆက္ပိုးမႊားမ်ား မရွိေစရန္ ႀကိဳတင္ထိန္းခ်ဳပ္ရမည္။

လုပ္ငန္းေဆာင္ရြက္သည့္ ေနရာအနီးတြင္ အိမ္ေမြးတိရစာၦန္ ေမြးျမဴျခင္း မျပဳရပါ။

ေကာ္ဖီသီး/ ေစ့/မႈန္႔တို႔၏ ထုပ္ပိုးခြံမ်ား ထုတ္ပိုးပစၥည္းမ်ားကို ညစ္ညမ္းမႈ မရွိေစရန္ ကိုင္တြယ္အသံုးျပဳမည့္ ၀န္ထမ္းမ်ားႏွင့္ ထုတ္ပိုးခန္းကို သီးသန္႔ထား၍ ပိုးသန္႔စင္ရန္ စီမံထားရမည္။

အေထာက္အထားႏွင့္မွတ္တမ္းမ်ား

ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္သူမ်ားသည္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င္းေကာင္းမ်ား ႏွင့္ပတ္သက္သည့္ မွတ္တမ္းမ်ားကို အနည္းဆံုး (၃) နွစ္ သိမ္းဆည္းထားရမည္။

လက္ရွိေဆာင္ရြက္ေနသည့္ လုပ္ငန္းမ်ားအတြက္ သတ္မွတ္ထားသည့္ မွတ္တမ္း ပံုစံတြင္ စနစ္တက်မွန္ကန္ရွင္းလင္းစြာ ေရသြင္းထားရမည္။ ကြင္းဆင္းစစ္ေဆးသူမ်ား လာေရာက္စစ္ေဆးသည့္ အခါ သိရွိလိုေသာ အခ်က္အလက္မ်ားကို တင္ျပႏိုင္ရမည္။

ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္မႈအေပၚ ပတ္၀န္းက်င္ရာသီဥတုႏွင့္ ေစ်းကြက္မ်ားက လႊမ္းမိုး ထားသျဖင့္ မွတ္တမ္းမ်ား၊ တိက်မွန္ကန္မႈမ်ားက ေနာက္ဆက္တြဲျပႆနာမ်ားကို ေျဖေလ်ာ့ေကာက္ခ်က္ခ်ႏိုင္မည္ ျဖစ္သည္။

ေနာက္ေၾကာင္းျပန္စစ္ေဆးျခင္းႏွင့္ ျပန္လည္သိမ္းဆည္းျခင္း

ေကာ္ဖီသီး/ ေစ့/ မႈန္႔ မ်ား စိုက္ပ်ိဳးထုတ္လုပ္သည့္ေနရာအား ေနာက္ေၾကာင္းျပန္စစ္ေဆးႏိုင္ရန္အတြက္ ထုပ္ပိုိးပစၥည္းမ်ားအေပၚတြင္ သိသာထင္ရွားသည့္ အမွတ္အသားႏွင့္ မွတ္ပံုတင္ အမွတ္အသားထားရွိရမည္။ ထုတ္လုပ္သည္ကုမၸဏီအမည္၊ ထုတ္လုပ္ရပ္စြဲ၊ ကုန္ဆံုးရက္စြဲမ်ားပါ ပါ၀င္ရမည္။

ေကာ္ဖီမ်ိဳးအလိုက္ တင္ပို႔သည့္ေနရာႏွင့္ ေပးပို႔သည့္ရက္စြဲ၊ သယ္ေဆာင္သည့္ယာဥ္၊ ရရွိသည့္ ေစ်းႏႈန္းမ်ားကို ႏွစ္အလိုက္ စနစ္တက်မွတ္တမ္းထားရွိရမည္။

ေကာ္ဖီမ်ိဳးအလိုက္ စိုက္ပ်ိဳးထုတ္လုပ္ေသာ ေျမယာတစ္ခုခ်င္းကို ေျမယာ၏ ရာဇ၀င္အမည္ (သို႔မဟုတ္) သေကၤတ၊ အကြက္နံပါတ္၊ စိုက္ပ်ိဳးသည့္ခုႏွစ္၊ အထြက္ႏႈန္းမ်ားကို ေဖာ္ျပမွတ္တမ္းတင္ထားရမည္။

မ်ိဳးအလိုက္ ထူးျခားသည့္/ ေျပာင္းလဲသည့္ စရိုက္လကၡဏာမ်ားကိုလည္း ဓါတ္ပံုမွတ္တမ္း၊ စာမွတ္တမ္းမ်ားထားရွိၿပီး သက္ဆိုင္ရာသို႔ အခ်ိန္ႏွင့္ တေျပးညီ တင္ျပရမည္။ သက္ဆိုင္ရာ အစားအေသာက္ကြပ္ကဲေရးမွ လာေရာက္စစ္ေဆးသည့္အခါ အစစ္ခံႏုိင္ရန္ အခ်က္အလက္မ်ား စုေဆာင္းထားရမည္။ စစ္ေဆးေတြ႕ရွိခ်က္ႏွင့္ သက္ဆုိင္သည့္ ေဆာင္ရြက္ရန္မ်ားကို လိုက္နာေဆာင္ရြက္ၿပီး မွတ္တမ္းမ်ားထားရွိရမည္။

မသန္႔ရွင္းမႈႏွင့္ ပတ္သက္၍ ကန္႔ကြက္ခံရပါက ေနာက္ထပ္မျဖစ္ေအာင္ ကာကြယ္ေဆာင္ရြက္ရမည္။

သင္တန္း

ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္သူ လုပ္ငန္းရွင္မ်ား၊ ကုမၸဏီမ်ားႏွင့္ လုပ္သားမ်ားသည္ ကၽြမ္းက်င္ပညာရွင္မ်ား ႏွင့္ ပူးေပါင္းၿပီး နည္းပညာအရ အေထာက္အပံ့မ်ားရယူျခင္းျဖင့္ အရည္အေသြးေကာင္း ေကာ္ဖီေစ့မ်ားကို ညွိႏႈိင္းထုတ္လုပ္ႏိုင္မည္ ျဖစ္သည္။

ေကာ္ဖီစိုက္ပိ်ဴးသည္မွ တန္ဘိုးျမွင့္ထုတ္ကုန္ ထုတ္လုပ္ႏိုင္သည္အထိ အဆင့္လိုက္ လိုက္နာေဆာင္ရြက္၇မည့္ နည္းပညာအခ်က္အလက္မ်ားကို ေကာ္ဖီ၀န္ထမ္းမ်ား၊ ေကာ္ဖီစိုက္ေတာင္သူမ်ား လုပ္သားမ်ားမွ ကၽြမ္းက်င္စြာတတ္ေျမာက္သည္အထိ ျပည္တြင္း/ ျပ ည္ပ ရွိ အဖြဲ႔အစည္းမ်ားျဖင့္ ခ်ိန္ဆက္ၿပီး သင္တန္းမ်ားတတ္ေရာက္ရမည္။

လူမႈစီးပြားဖြံၿဖိဳးတိုးတက္ေစရန္ ေကာ္ဖီႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္မ်ားႏွင့္ သဘာ၀အရင္းအျမစ္မ်ားကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္မႈမ်ားအတြက္ ေကာ္ဖီစိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းသင္တန္းမ်ားကို မျဖစ္မေန တက္ေရာက္ရမည္။

နည္းပညာမ်ားေဆြးေႏြးသည့္ အလုပ္ရံုေဆြးေႏြးပြဲမ်ား က်င္းပျခင္း မ်ားကို မလြဲမေသြ ေဆာင္ရြက္ရန္ လိုပါသည္။ အခ်ိန္ႏွင့္တေျပးညီ ေကာ္ဖီႏွင့္သက္ဆိုင္သည့္ သတင္းအခ်က္အလက္မ်ားကို (Internet) မ်ားသံုးစြဲျခင္းျဖင့္ ရယူၿပီး လုပ္သားမ်ားသို႔ မွ်ေ၀ႏိုင္ပါသည္။

ေဆာင္ရြက္က်င့္သံုးမႈမ်ားကို ျပန္လည္သံုးသပ္ျခင္း

ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအေနျဖင့္ က်င့္သံုးေနေသာ နည္းလမ္းမ်ား မွန္မွန္ကန္ကန္ေဆာင္ရြက္ေၾကာင္း ေသခ်ာေစရန္ လုပ္ငန္းအားလံုးကို ပညာရွင္မ်ားပါ၀င္ေသာ အဖြဲ႔မွ အနည္းဆံုးတစ္ႏွစ္ (၁) ႀကိမ္ ျပန္လည္စစ္ေဆးရမည္။ အားနည္းခ်က္၊ အားသာခ်က္မ်ားကို အေျဖထုတ္၍ ေကာ္ဖီစိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ားတြင္ ပါ၀င္သည့္ အခ်က္အလက္မ်ားကို အေျခခံ၍ မွန္ကန္သည့္လမ္းေၾကာင္းသို႔ေရာက္ေအာင္ အခ်ိန္မီ ျပဳျပင္ က်င့္သံုးရမည္။

အဆင့္လိုက္ေဆာင္ရြက္မႈ မွတ္တမ္းမ်ားထားရမည္။

တိုင္ၾကားခ်က္မ်ားရွိပါက မိမိကိုယ္တိုင္ေျဖရွင္းေဆာင္ရြက္ရန္ မွတ္တမ္းမ်ား ထိန္းသိမ္းထားရွိရမည္။

တစ္ကိုယ္ေရသန္႔ရွင္းျခင္း ႏွင့္ လုပ္သားမ်ား ဘ၀သာယာ၀ေျပာေရး

လုပ္ငန္းခြင္ရွိ လုပ္သားစုေ၀းခန္းမမ်ားႏွင့္ သိသာထင္ရွားေသာေနရာမ်ားတြင္ လုပ္သားမ်ား၏ တစ္ကိုယ္ေရသန္႔ရွင္းေရးအတြက္ က်န္းမာေရး အသိေပးသည့္ ညႊန္ၾကားခ်က္မ်ားကို ေရးသားေဖာ္ျပထားရမည္ (သို႔မဟုတ္) သိရွိေအာင္ ျဖန္႔ေ၀ေပးျခင္း (သို႔မဟုတ္) ရွင္းလင္းေျပာၾကားျခင္းမ်ား ျပဳလုပ္ရမည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ကော်ဖီ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အပိုင်း (၃)
==========================================
စိုက်ပျိုးရန် နှင့် အခြားဆက်စပ်ပစ္စည်းကိရိယာများ
ထွက်ကုန်သီးနှံအတွက် အသုံးပြုသော စက်ပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများ နှင့် အခြားပစ္စည်းများသည် သန့်ရှင်းရန် လိုအပ်ပြီး ထွက်ကုန်သီးနှံကို ညစ်ညမ်းမှု မရှိစေရ။ စွန့်ပစ်ပစ္စည်းများ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများကို တိတိကျကျ သတ်မှတ်ထားရမည်။ ၎င်းပစ္စည်းများဖြင့် ထုတ်လုပ်သီးနှံများထည့်ခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းမပြုရ။
ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း
ကော်ဖီသီးများကောင်းစွာရင့်မှည့်မှုရှိသည့်အချိန်တွင် ကော်ဖီပင်ကို မထိခိုက်စေသော နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။
ရိတ်သိမ်း ခူးဆွတ်ပြီး ကော်ဖီသီးမှည့်များကို ကြိတ်ခွဲစက်ရုံသို့ အချိန်မီရောက်ရှိရန် စီမံရမည်။ ကော်ဖီမျိုးအလိုက် ခွဲခြားခူးဆွတ်ရိတ်သိမ်း ကြိတ်ခွဲမှတ်တမ်းများ ထားရှိရမည်။ မျိုးအဖြစ်အသုံးပြုမည့် စိုက်ကွက်အတွင်းရှိအပင်ကို သေချာရွေးချယ်ပြီး အမှတ်အသား ပြုလုပ်ပြီး မှတ်တမ်းထားရမည်။
ကော်ဖီသီးခူးခြင်းကာလကို နိုဝင်ဘာလမှ မတ်လလယ်ထိ သတ်မှတ်၍ မတ်လကုန်အပြီး ဆောင်ရွက်ရမည်။ အပင်နားနေကာလပေးရန် အပင်ပြုပြင်ပုံသွင်း သန့်ရှင်းရေးလုပ်ရန် ဖြစ်ပါသည်။ အစေ့အဆံပြည့်ဝသော အရည်အသွေးမြှင့် အထူးတန်းဝင် ကော်ဖီစေ့ရရှိရန် စိုက်ပျိုးပြီး သက်တမ်း (၄) နှစ်ကျော်တွင် စတင်ခူးဆွတ်ရပါမည်။
ကော်ဖီရိတ်သိမ်းချိန်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ –
(၁) အစေ့ခွံပါ ကော်ဖီဆံအား စက်ဖြင့် အစေ့ခွံချွတ်ခြင်း
(၂) လေမှုတ်သန့်စင်ခြင်း
(၃) ကော်ဖီဆံအတန်းအစားခွဲခြားခြင်း (စကာချခြင်း)
(၄) ကော်ဖီရွေးသန့်ခြင်း
(၅) အိတ်သွတ်ထုတ်ပိုးခြင်း
(၆)ဈေးကွက်သို့တင်ပို့ခြင်း (သို့မဟုတ်) ကော်ဖီမှုန့်ပြုလုပ်ရန် စက်ရုံသို့ တင်ပို့ခြင်း
(၇) ကော်ဖီစေ့လှော်ခြင်း
(၈) ကော်ဖီမှုန့်ကြိတ်ခြင်း
(၉) ထုပ်ပိုး – သိုလှောင်ခြင်း
(၁၀) ဈေးကွက်သို့ ဖြန့်ဖြူးခြင်း
စားသောက်ကုန်ဖြစ်သော ကော်ဖီမှုန့်ထုတ်လုပ်ရာတွင် အစားအသောက်များဘေးအန္တရာယ် လုံခြုံမှုရှိစေရန် အရေးကြီးပါသည်။ အစားအသောက် ဘေးကင်းလုံခြုံရန်အတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်း မှတ်တမ်းများထားရှိပြီး လိုက်နာဆောင်ရွက်မည့် နည်း ပညာနှင့် စည်းကမ်းများကို လိုက်နာရမည်။
သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီခွဲခြားထုတ်ပိုးသိုလှောင်ရန် လိုအပ်ပြီး မှတ်တမ်းများထားရှိရန် လိုအပ်ပါသည်။
သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း
ကော်ဖီသီး၊ ကော်ဖီစေ့ များကို ဓါတု၊ ဇီ၀ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်ဖြစ်စေနိုင်သည့် ကုန်ပစ္စည်းများနှင့် ခွဲခြားသိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရမည်။
သိုလှောင်မည့် ဂိုဒေါင် သယ်ဆောင်မည့်ယာဉ်ကို အသုံးမပြုမှီ သန့်ရှင်းမှု ၊ ဓါတုဆေးဖိတ်စင်မှု အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကိုစစ်ဆေးပြီး သန့်ရှင်းထားရမည်။
ကော်ဖိသီး၊ ကော်ဖီဆံ သိုလှောင်ရန် လေဝင်လေထွက် ကောင်းမွန်သော ဂိုဒေါင်အဆောက်အဦးဖြစ်ရမည်။ သိုလှောင်ရုံသည် လေထုစိုထိုင်းဆ (R-H) (၆၀% – ၆၅%) ရှိရမည်။ ရာသီဥတု အလွန်စိုစွတ်ပြီး မိုးများနေပါက ကော်ဖီစေ့များကို အခြောက်ခံစက်များဖြင့် အခြောက်ခံပြီးမှ သိုလှောင်သင့်ပါသည်။
သယ်ယူပို့ဆောင်ရာတွင် တင်ပို့မည့်နေရာရောက်ရှိသည်အထိ သီးနှံ၏ ဇီဝဖြစ်စဉ်များ နှင့် ဓါတ်ပြောင်းလဲမှုများကို ထိန်းသိမ်းကြည့်ရှုရမည်။
ပို့ဆောင်သည့်ယာဉ်သည် သန့်ရှင်းရမည်။ အခြားသီးနှံများ၊ တိရစ္ဆာန်များ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာများနှင့် ရောနှော သယ်ဆောင်ခြင်းမပြုရ။
သယ်ယူပို့ဆောင်ရာတွင် သဘာဝဘေးဒဏ်မကျရောက်စေရန် ကြိုတင်ကာကွယ်ပြီး ပတ်ဝန်းကျင်မှ ပိုးမွှားများ ဝင်ရောက်ခြင်းမရှိရန် သတိပြုသယ်ဆောင်ရမည်။
အဆောက်အဦးများ ဆောက်လုပ်ခြင်း
ကော်ဖီစေ့ များ ထုတ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်း နှင့် ထုပ်ပိုးပြီး ကော်ဖီစေ့၊ ကော်ဖီမှုန့်များ သိုလှောင်ထားရှိခြင်း တို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှုနည်းပါးစေရန် သီးသန့်အဆောက်အဦး များတည်ဆောက်ခြင်း (သို့မဟုတ်) သီးသန့်ဆောင်ရွက်မည့်နေရာများသတ်မှတ်ရမည်။ ပြုပြင်ထိန်းသိမ်းရမည်။ လောင်စာဆီ၊ ပိုးသတ်ဆေး နှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ကော်ဖီသီး / စေ့များ ရောနှော သိုလှောင်ခြင်း မပြုရ။
တိရိစ္ဆာန်နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း
အိမ်မွေး နှင့် လယ်ယာသုံးတိရစ္ဆာန်များကို ကော်ဖီသီး၊ ရိတ်သိမ်းထုတ်ပိုးသိုလှောင်သည့်နေရာများတွင် မရှိစေရ။ ကော်ဖီသီး/ စေ့/ မှုန့် များ ကိုင်တွယ်ခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်သည့် နေရာများနှင့် အနီးတဝိုက်တွင် အင်းဆက်ပိုးမွှားများ မရှိစေရန် ကြိုတင်ထိန်းချုပ်ရမည်။
လုပ်ငန်းဆောင်ရွက်သည့် နေရာအနီးတွင် အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း မပြုရပါ။
ကော်ဖီသီး/ စေ့/မှုန့်တို့၏ ထုပ်ပိုးခွံများ ထုတ်ပိုးပစ္စည်းများကို ညစ်ညမ်းမှု မရှိစေရန် ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများနှင့် ထုတ်ပိုးခန်းကို သီးသန့်ထား၍ ပိုးသန့်စင်ရန် စီမံထားရမည်။
အထောက်အထားနှင့်မှတ်တမ်းများ
ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင်းကောင်းများ နှင့်ပတ်သက်သည့် မှတ်တမ်းများကို အနည်းဆုံး (၃) နှစ် သိမ်းဆည်းထားရမည်။
လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအတွက် သတ်မှတ်ထားသည့် မှတ်တမ်း ပုံစံတွင် စနစ်တကျမှန်ကန်ရှင်းလင်းစွာ ရေသွင်းထားရမည်။ ကွင်းဆင်းစစ်ဆေးသူများ လာရောက်စစ်ဆေးသည့် အခါ သိရှိလိုသော အချက်အလက်များကို တင်ပြနိုင်ရမည်။
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအပေါ် ပတ်ဝန်းကျင်ရာသီဥတုနှင့် ဈေးကွက်များက လွှမ်းမိုး ထားသဖြင့် မှတ်တမ်းများ၊ တိကျမှန်ကန်မှုများက နောက်ဆက်တွဲပြဿနာများကို ဖြေလျော့ကောက်ချက်ချနိုင်မည် ဖြစ်သည်။
နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း
ကော်ဖီသီး/ စေ့/ မှုန့် များ စိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင် အမှတ်အသားထားရှိရမည်။ ထုတ်လုပ်သည်ကုမ္ပဏီအမည်၊ ထုတ်လုပ်ရပ်စွဲ၊ ကုန်ဆုံးရက်စွဲများပါ ပါဝင်ရမည်။
ကော်ဖီမျိုးအလိုက် တင်ပို့သည့်နေရာနှင့် ပေးပို့သည့်ရက်စွဲ၊ သယ်ဆောင်သည့်ယာဉ်၊ ရရှိသည့် ဈေးနှုန်းများကို နှစ်အလိုက် စနစ်တကျမှတ်တမ်းထားရှိရမည်။
ကော်ဖီမျိုးအလိုက် စိုက်ပျိုးထုတ်လုပ်သော မြေယာတစ်ခုချင်းကို မြေယာ၏ ရာဇဝင်အမည် (သို့မဟုတ်) သင်္ကေတ၊ အကွက်နံပါတ်၊ စိုက်ပျိုးသည့်ခုနှစ်၊ အထွက်နှုန်းများကို ဖော်ပြမှတ်တမ်းတင်ထားရမည်။
မျိုးအလိုက် ထူးခြားသည့်/ ပြောင်းလဲသည့် စရိုက်လက္ခဏာများကိုလည်း ဓါတ်ပုံမှတ်တမ်း၊ စာမှတ်တမ်းများထားရှိပြီး သက်ဆိုင်ရာသို့ အချိန်နှင့် တပြေးညီ တင်ပြရမည်။ သက်ဆိုင်ရာ အစားအသောက်ကွပ်ကဲရေးမှ လာရောက်စစ်ဆေးသည့်အခါ အစစ်ခံနိုင်ရန် အချက်အလက်များ စုဆောင်းထားရမည်။ စစ်ဆေးတွေ့ရှိချက်နှင့် သက်ဆိုင်သည့် ဆောင်ရွက်ရန်များကို လိုက်နာဆောင်ရွက်ပြီး မှတ်တမ်းများထားရှိရမည်။
မသန့်ရှင်းမှုနှင့် ပတ်သက်၍ ကန့်ကွက်ခံရပါက နောက်ထပ်မဖြစ်အောင် ကာကွယ်ဆောင်ရွက်ရမည်။
သင်တန်း
ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် လုပ်သားများသည် ကျွမ်းကျင်ပညာရှင်များ နှင့် ပူးပေါင်းပြီး နည်းပညာအရ အထောက်အပံ့များရယူခြင်းဖြင့် အရည်အသွေးကောင်း ကော်ဖီစေ့များကို ညှိနှိုင်းထုတ်လုပ်နိုင်မည် ဖြစ်သည်။
ကော်ဖီစိုက်ပျိူးသည်မှ တန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်သည်အထိ အဆင့်လိုက် လိုက်နာဆောင်ရွက်၇မည့် နည်းပညာအချက်အလက်များကို ကော်ဖီဝန်ထမ်းများ၊ ကော်ဖီစိုက်တောင်သူများ လုပ်သားများမှ ကျွမ်းကျင်စွာတတ်မြောက်သည်အထိ ပြည်တွင်း/ ပြ ည်ပ ရှိ အဖွဲ့အစည်းများဖြင့် ချိန်ဆက်ပြီး သင်တန်းများတတ်ရောက်ရမည်။
လူမှုစီးပွားဖွံဖြိုးတိုးတက်စေရန် ကော်ဖီနှင့်ပတ်သက်၍ သတင်းအချက်အလက်များနှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများအတွက် ကော်ဖီစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းသင်တန်းများကို မဖြစ်မနေ တက်ရောက်ရမည်။
နည်းပညာများဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း များကို မလွဲမသွေ ဆောင်ရွက်ရန် လိုပါသည်။ အချိန်နှင့်တပြေးညီ ကော်ဖီနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို (Internet) များသုံးစွဲခြင်းဖြင့် ရယူပြီး လုပ်သားများသို့ မျှဝေနိုင်ပါသည်။
ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း
ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသော နည်းလမ်းများ မှန်မှန်ကန်ကန်ဆောင်ရွက်ကြောင်း သေချာစေရန် လုပ်ငန်းအားလုံးကို ပညာရှင်များပါဝင်သော အဖွဲ့မှ အနည်းဆုံးတစ်နှစ် (၁) ကြိမ် ပြန်လည်စစ်ဆေးရမည်။ အားနည်းချက်၊ အားသာချက်များကို အဖြေထုတ်၍ ကော်ဖီစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများတွင် ပါဝင်သည့် အချက်အလက်များကို အခြေခံ၍ မှန်ကန်သည့်လမ်းကြောင်းသို့ရောက်အောင် အချိန်မီ ပြုပြင် ကျင့်သုံးရမည်။
အဆင့်လိုက်ဆောင်ရွက်မှု မှတ်တမ်းများထားရမည်။
တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင်ဖြေရှင်းဆောင်ရွက်ရန် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။
တစ်ကိုယ်ရေသန့်ရှင်းခြင်း နှင့် လုပ်သားများ ဘဝသာယာဝပြောရေး
လုပ်ငန်းခွင်ရှိ လုပ်သားစုဝေးခန်းမများနှင့် သိသာထင်ရှားသောနေရာများတွင် လုပ်သားများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ကျန်းမာရေး အသိပေးသည့် ညွှန်ကြားချက်များကို ရေးသားဖော်ပြထားရမည် (သို့မဟုတ်) သိရှိအောင် ဖြန့်ဝေပေးခြင်း (သို့မဟုတ်) ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ရမည်။





Leave a Reply

Your email address will not be published. Required fields are marked *