BREAKING NEWS

ျပည္ပႏိုင္ငံမ်ားကို ျမန္မာ့ဆန္တင္ပို႕မႈ တန္ခ်ိန္ (၈)သိန္းဝန္းက်င္က်ဆင္း

ယခုဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားကို ျမန္မာ့ဆန္တင္ပို႕မႈတန္ခ်ိန္ (၈)သိန္းဝန္းက်င္ က်ဆင္း လာေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွသိရပါတယ္။

အခုႏွစ္အတြင္းျမန္မာ့ဆန္ကို နယ္စပ္လမ္းေၾကာင္းမွတင္ပို႔မႈက်ဆင္းခဲ့တာျဖစ္တဲ့အတြက္ အရင္ႏွစ္ ကာလတူထက္တင္ပို႕မႈတန္ခ်ိန္(၈)သိန္းဝန္းက်င္က်ဆင္းခဲ့တာျဖစ္တယ္လို႕ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ဦးခင္ေမာင္လြင္ကေျပာပါတယ္။

“ ပင္လယ္ေရေၾကာင္းကတင္ပို႔မႈတိုးေသာ္လည္း တရုတ္ႏိုင္ငံရဲ႕မူဝါဒအေျပာင္းအလဲေၾကာင့္ နယ္ စပ္ကတင္ပို႕မႈကေလ်ာ့နည္းသြားတာေပါ့။ ပင္လယ္ေရေၾကာင္းကေန ဖိလစ္ပိုင္ ေစ်းကြက္သစ္ ေတြလည္း တင္ပို႕ရတယ္။ပင္လယ္ေရေၾကာင္းကေနတရုတ္ကို တင္ပို႕ဖို႕ကလည္း ဆန္တန္ခ်ိန္ ကိုတာ(၁)သိန္းေတာ့ရထားေတာ့ ပင္လယ္ေရေၾကာင္းကေတာ့တိုးတက္လာတာေပါ့”

ျမန္မာ့ဆန္ကို ပင္လယ္ေရေၾကာင္းမွ အာဖရိက ၊ အီးယူႏိုင္ငံမ်ား ၊ အင္ဒိုနီးရွားနဲ႕ဖိလစ္ပိုင္ ႏိုင္ငံတို႕ကို တင္ပို႔ေနတာျဖစ္ေၾကာင္းလည္း အဆိုပါဌာနမွသိရပါတယ္။

ယခုဘ႑ာႏွစ္အတြင္း ျမန္မာ့ဆန္တန္ခ်ိန္ကို ၾသဂုတ္လ(၂၃)ရက္ေန႕ထိ ၂.၁၁၉ သန္းတင္ပို႕ထားၿပီး ယခင္ႏွစ္ကာလတူထက္ (၈)သိန္းဝန္းက်င္တင္ပို႕မႈေလ်ာ့နည္းေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနစာရင္းမ်ားအရသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

=====================

ပြည်ပနိုင်ငံများကို မြန်မာ့ဆန်တင်ပို့မှု တန်ချိန် (၈)သိန်းဝန်းကျင်ကျဆင်း
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများကို မြန်မာ့ဆန်တင်ပို့မှုတန်ချိန် (၈)သိန်းဝန်းကျင် ကျဆင်း လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။
အခုနှစ်အတွင်းမြန်မာ့ဆန်ကို နယ်စပ်လမ်းကြောင်းမှတင်ပို့မှုကျဆင်းခဲ့တာဖြစ်တဲ့အတွက် အရင်နှစ် ကာလတူထက်တင်ပို့မှုတန်ချိန်(၈)သိန်းဝန်းကျင်ကျဆင်းခဲ့တာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကပြောပါတယ်။
“ ပင်လယ်ရေကြောင်းကတင်ပို့မှုတိုးသော်လည်း တရုတ်နိုင်ငံရဲ့မူဝါဒအပြောင်းအလဲကြောင့် နယ် စပ်ကတင်ပို့မှုကလျော့နည်းသွားတာပေါ့။ ပင်လယ်ရေကြောင်းကနေ ဖိလစ်ပိုင် ဈေးကွက်သစ် တွေလည်း တင်ပို့ရတယ်။ပင်လယ်ရေကြောင်းကနေတရုတ်ကို တင်ပို့ဖို့ကလည်း ဆန်တန်ချိန် ကိုတာ(၁)သိန်းတော့ရထားတော့ ပင်လယ်ရေကြောင်းကတော့တိုးတက်လာတာပေါ့”
မြန်မာ့ဆန်ကို ပင်လယ်ရေကြောင်းမှ အာဖရိက ၊ အီးယူနိုင်ငံများ ၊ အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင် နိုင်ငံတို့ကို တင်ပို့နေတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တန်ချိန်ကို သြဂုတ်လ(၂၃)ရက်နေ့ထိ ၂.၁၁၉ သန်းတင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် (၈)သိန်းဝန်းကျင်တင်ပို့မှုလျော့နည်းကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနစာရင်းများအရသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *