BREAKING NEWS

သခွားမွှေးသီးနှံ  စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အပိုင်း (၃)

ရိတ်သိမ်းခြင်း နှင့် ထွက်ကုန်ပြုပြင်ခြင်း

ခူးဆွတ်/ ရိတ်သိမ်းခြင်း

  • သခွားမွှေး သီးနှံများ မှန်ကန်စွာ ရင့်မှည့်မှုရှိသည့် အချိန်ဖြစ်သည့် အမပွင့် ပန်းပွင့်ပြီး (၃၅ – ၅၀) ရက်ခန့်တွင် အသီးအညှာထိပ်ရှိ နှာမောင်းများ ခြောက်လာပါ သင့်တော်သော နည်းစနစ်ဖြင့် ခူးဆွတ် ရိတ်သိမ်းရမည်။
  • ရိတ်သိမ်းပြီး သခွားမွှေးသီးများကို မြေကြီး (သို့မဟုတ်) ကိုင်တွယ်ထုပ်ပိုးသည့် ကြမ်းပြင် (သို့မဟုတ်) သိုလှောင်သည့်နေရာ ကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် သန့်ရှင်းသော အခင်း / ပစ္စည်းပေါ်တွင် ထားရှိရမည်။
  • ဆေးကြောသန့်စင်ရန် လိုအပ်သော သခွားမွှေးသီးများအတွက် အသုံးပြုသော ရေသည် သန့်ရှင်းစေကြယ်ရမည်။
  • သီးနှံအလိုက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်အတန်း ခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။
  • သခွားမွှေးများကို ပင်စည်ပျက်စီးခြင်းမှ လျော့နည်းစေရန် ပင်စည်မှ ဆွဲယူ ခူးဆွတ်ခြင်း၊ လိမ်၍ ခူးဆွတ်ခြင်း မပြုလုပ်ဘဲ သီးကိုင်းမှ ဖြတ်၍ ခူးဆွတ်ရမည်။
  • အသီးအညှာပေါ်တွင် ရှိသော ဘေးတက်ကို ရှည်ရှည်ထား၍ ဖြတ်ရမည်။

ထုတ်ပိုးခြင်း

  • ထုပ်ပိုးရာတွင် အသုံးပြုသည့် ထုပ်ပိုးပစ္စည်းများနှင့် ကိရိယာများသန့်ရှင်းပြီး အရည်အသွေး ကောင်းမွန်ရမည်။
  • ထုပ်ပိုးထည့်သွင်းသော အသီးများ ညီညာမှု / တူညီမှု ရှိရမည်။
  • တူညီသော ဒေသ၊ မျိုးပြား၊ အရည်အသွေး နှင့် အရွယ်အစားရှိသော သခွားမွှေးသီးများ ၇ရှိမည်။
  • သခွားမွှေးကို ထုပ်ပိုးရာတွင် အသီးကို ကောင်းစွာ အကာအကွယ်ပေးနိုင်သည့် နည်းဖြင့် ထုပ်ပိုးခြင်း ပြုရမည်။
  • ထုပ်ပိုးခွံအတွင်းပိုင်းတွင် အသုံးပြုသော ပစ္စည်းမှာ သန့်ရှင်းရမည်။
  • အတွင်းအပြင်ပိုင်း မည်သည့်ပျက်စီးမှုကိုမှ မဖြစ်စေသော အရည်အသွေးရှိရမည်။
  • အသုံးပြုသောပစ္စည်းများ အထူးသဖြင့် စာရွက်စာတမ်း အသေးစိတ်ညွှန်ကြားဖော်ပြချက်များကို ရိုက်နှိပ်ရေးသားရာတွင် အဆိပ်မသင့်စေသော မှင် (သို့) ကော် များကို အသုံးပြုရမည်။

သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း

  • သခွားမွှေးသီးနှံများကို ဓါတု၊ ဇီဝ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ် ဖြစ်စေနိုင်သော ကုန်ပစ္စည်းများ နှင့် သီးခြားခွဲ၍ သိုလှော်ခြင်း၊ သယ်ဆောင်ခြင်းပြုလုပ်ရမည်။
  • သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ / မရှိကို စစ်ဆေးရမည်။
  • ယေဘုယျအားဖြင့် သခွါးမွှေးသီးနှံကို (၇ – ၁၀) ဒီဂရီစင်တီဂရိတ် နှင့် စိုထိုင်းဆ (၉၅)% တွင် သိုလှောင်ပါက (၁) လ ကြာသည်အထိ ထားသိုနိုင်သည်။
  • အပူချိန် (၇) ဒီဂရီစင်တီဂရိတ်ထိ လျော့နည်း၍ သိုလှောင်ပါက အအေးကိုက်ခြင်းကို ခံစားရသည်။

အဆောင်အဦးများဆောက်လုပ်ထားခြင်း

  • သခွားမွှေးများအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်းတို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှု နည်းပါးစေရန် သီးသန့်အဆောက်အဦးများ တည်ဆောက်ခြင်း (သို့မဟုတ်) သီးသန့်ဆောင်ရွက်ရန် နေရာများ သတ်မှတ်ရမည်။ ပြုပြင်ထိန်းသိမ်းပေးရမည်။
  • လောင်စာဆီ၊ ပိုးသတ်ဆေး နှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများ အပါအ၀င် အခြားပစ္စည်းများ နှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်းမပြုရ။

တိရစ္ဆာန် နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း

  • အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရိစ္ဆာန်များကို သခွားမွှေးသီးနှံများ ရိတ်သိမ်း၊ ထုပ်ပိုး၊ သိုလှောင်သည့် နေရာများ တွင် မရှိစေရ။

အထောက်အထားနှင့် မှတ်တမ်းများ

  • သခွားမွှေးထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပတ်သက်သည့် မှတ်တမ်းများကို အနည်းဆုံး (၂) နှစ် သိမ်းဆည်း ထားရမည်။
  • လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်းထားရမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်း နှင့် ပြန်လည်သိမ်းဆည်းခြင်း

  • သခွားမွှေးသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင်အမှတ်အသား ပြုလုပ်ထားရှိရမည်။
  • သီးနှံထွက်ကုန်ပစ္စည်း တစ်ခုချင်းစီအတွင် တင်ပို့သည့်နေရာနှင့် ပေးပို့သည့် ရက်စွဲတို့ကို မှတ်တမ်းထားရှိရမည်။

သင်တန်း

  • သခွားမွှေး ထုတ်လုပ်သူ နှင့် လုပ်သားများအားမိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုနည်းပညာများ ရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းညသင်တန်းများနှင့် ဘက်စုံသီးနှံကာကွယ်ရေး အခြေခံသော သင်တန်းများတတ်ရောက်ထားရပါမည်။

ဆောင်ရွက်ကျင့်သုံးမှုများကိုပြန်လည် သုံးသပ်ခြင်း

  • သခွားမွှေး ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်ကြောင်း သေချာစေရန် လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးရမည်။
  • တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ထိုဆောင်ရွက်မှုများအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်ငန်းများဘ၀ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိ သိသာထင်ရှားသောနေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားပြသထားရမည် (သို့မဟုတ်) လုပ်သားများ သိရှိအောင် ဖြန့်ဝေပေးထားရမည်။
  • မိလ္လာရေ နှင့် စွန့်ပစ် အညစ်အကြေးများကို အန္တရာယ်မရှိစေရန် ဂရုတစိုက် စွန့်ပစ်ရမည်။
  • လုပ်သားများအား ကျန်းမာရေး နှင့် လူနေမှုဘ၀ သာယာဝပြောရေးကို အလေးထား ဆောင်ရွက်ပေးရမည်။
  • လုပ်သားများသည် သခွားမွှေး စိုက်ခင်းအတွင်း ၀င်ရောက်လုပ်ကိုင်ချိန်တွင် အစားစားခြင်း၊ ဆေးလိပ်သောက်ခြင်းများ မပြုလုပ်ရ။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *