BREAKING NEWS







စပ်မျိုးစပါးစိုက်ပျိုးနည်းပညာဆိုင်ရာအတွက် မျိုးရိုှးဗီဇအလိုက်ရွေးချယ်တဲ့ ဇီဝကမ္မဆိုင်ရာ မျိုးကူးစပ် နည်းစနစ်များ ၊ စပ်မျိုးစပါးအထွက်တိုးရန်စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများ ၊တရုတ်နိုင်ငံ စပ်မျိုး စပါးထုတ်လုပ်ရေးအတွက်လက်ဆင့်ကမ်းနိုင်ရေး နဲ့ပတ်သတ်ပြီး အဆိုပါသင်တန်းကိုဖွင့်လှစ်သွား မှာဖြစ်ကြောင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။

Unicode ဖြင့်ဖတ်ရန်

===================

စပ်မျိုးစပါးစိုက်ပျိုးနည်းပညာဆိုင်ရာဖွံ့ဖြိုးရေးသင်တန်း ပထမဦးဆုံးအကြိမ်သင်ကြားပို့ချသွားမည်
တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ စပ်မျိုးစပါးစိုက်ပျိုးနည်းပညာဆိုင်ရာဖွံ့ဖြိုးရေးသင်တန်းကို ပထမ ဦးဆုံးအနေနဲ့ ဖွင့်လှစ်သင်ကြားပို့ချသွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါ တယ်။
စပ်မျိုးစပါးစိုက်ပျိုးနည်းပညာဆိုင်ရာဖွံ့ဖြိုးရေးသင်တန်းကို ပထမဦးဆုံး အနေနဲ့တရုတ်က လာပြီးသင် တန်း ပို့ချသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့် လွင်ဦးကပြောပါတယ်။
“ စပ်မျိုးစပါးနဲ့ပတ်သတ်ပြီး တရုတ်ကုမ္ပဏီတစ်ခုက ဌာနဆိုင်ရာနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေကို ပထ မဦးဆုံးအနေနဲ့ သင်တန်းလာရောက်ပို့ချဖို့အတွက်လက်မှတ်ထိုးပြီးသွားပြီ။အောက်တိုဘာလမှာ စပြီး တော့သင်ကြားပေးသွားမှာပါသင်တန်းရက်(၄၅)ပို့ချပေးသွားမှာပါ”
စပ်မျိုးစပါးစိုက်ပျိုးနည်းပညာဆိုင်ရာဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နဲ့ ပုဂ္ဂလိကအဖွဲ့အစည်းများမှ သင်တန်းသား ဦးရေ (၆၀)သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းအဆိုပါဌာနမှသိရပါတယ်။
အဆိုပါသင်တန်းကို အောက်တိုဘာ (၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့ထိ သင်ကြားပို့ချပေး သွားမှာဖြစ်ကြောင်းသိရပါတယ်။
စပ်မျိုးစပါးစိုက်ပျိုးနည်းပညာဆိုင်ရာအတွက် မျိုးရိုးှဗီဇအလိုက်ရွေးချယ်တဲ့ ဇီဝကမ္မဆိုင်ရာ မျိုးကူးစပ် နည်းစနစ်များ ၊ စပ်မျိုးစပါးအထွက်တိုးရန်စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများ ၊တရုတ်နိုင်ငံ စပ်မျိုး စပါးထုတ်လုပ်ရေးအတွက်လက်ဆင့်ကမ်းနိုင်ရေး နဲ့ပတ်သတ်ပြီး အဆိုပါသင်တန်းကိုဖွင့်လှစ်သွား မှာဖြစ်ကြောင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *