BREAKING NEWS

ဘက္စံုအသံုးျပဳႏိုင္ေသာ “မီးေသြး”

ကြၽန္ေတာ့္ ေမြးရပ္ဇာတိရြာက ႐ိုးမေတာင္ေျခ ေက်းရြာျဖစ္တာေၾကာင့္ သစ္၊ ဝါး၊ ထင္း၊
မီးေသြး ေပါပါတယ္။ အဲ့ဒီ အခ်ိန္တုန္းက ရြာထဲမွာပဲ မီးေသြးဖိုေတြ႐ွိသလို ရြာအျပင္
ေတာထဲမွာလည္း မီးေသြးဖိုေတြ အမ်ားအျပား ႐ွိခဲ့တယ္။ မီးေသြးဖိုေတြမွာ မီးေသြးဖုတ္ၿပီးလို႔
ေနာက္ထက္ ထင္းမထည့္မီ ဖိုေခ်းလို႔ေခၚတဲ့ မီးေသြးခဲ အက်ိဳးအေၾကေတြကို ဖယ္႐ွား
သန္႔႐ွင္းရပါတယ္။ ႐ွင္းထုတ္ပစ္လိုက္တဲ့ မီးေသြးခဲအေၾကေတြကို ဖိုသမားေတြက လြင့္ပစ္တာေၾကာင့္ ျခံထဲမွာ အသံုးျပဳဖို႔ ေပါေပါမ်ားမ်ား ရႏိုင္ပါတယ္။ ဖိုရဲ႕ မီးထိုးေပါက္နားက မီးေလာင္ခ်က္ေကာင္းသြားတဲ့ မီးေသြးအပြေတြကိုလည္း  တခ်ိဳ႕ဖိုသမားေတြ မီးေသြးေစ်း
မေကာင္းတဲ့အခ်ိန္ဆို မယူေတာ့တာေၾကာင့္  အလကားရပါတယ္။

အဲ့ဒီ မီးေသြးကို ပန္းပဲသမားေတြ သံုးတာမို႔ ပန္းပဲမီးေသြးလို႔ေခၚၿပီး ေစ်းအလြန္နည္းပါတယ္။ စိုက္ခင္းထဲ မွာေတာ့ တခါတရံမွသာ အလကားရတက္တဲ့ ပန္းပဲမီးေသြးကို ထည့္သံုးတာ သိပ္မ႐ွိပါဘူး။ မီးေသြးဝယ္ေရာင္း လုပ္ငန္းလုပ္တဲ့ ဂိုေထာင္ေတြမွာလည္း မီးေသြးခဲအေၾကေတြ
သြားေတာင္းယူလို႔ရပါတယ္။

ယခု ေနာက္ပိုင္းမွာေတာ့ ေလာင္စာေတာင့္(စက္မီးေသြး) လုပ္ငန္း လုပ္ကိုင္တဲ့သူေတြ လာဝယ္ၾကလို႔ အလကားမရေတာ့ပါဘူး။ သစ္သား၊ ထင္း ႐ွားပါးလာမႈနဲ႔အတူ ထင္းမီးေသြးဖုတ္တဲ့သူေတြလည္း အရင္လို  မ႐ွိေတာ့ပါဘူး။  တခ်ိဳ႕ေသာ ျခံစိုက္ေတာင္သူေတြဆိုရင္ စိုက္ေဘာင္ေတြမွာ ထင္းမီးေသြးအသံုးျပဳတဲ့  အေလ့အထ မ႐ွိသေလာက္ျဖစ္ေနပါၿပီ။ တခ်ိဳ႕လည္း ထင္းမီးေသြး ႐ွားပါးလို႔ျဖစ္ေစ၊ အက်ိဳးေက်းဇူး မသိလို႔ျဖစ္ေစ တခုခုေၾကာင့္ အသံုးမျပဳတာမ်ိဳးလည္း
ျဖစ္ေကာင္းျဖစ္ႏိုင္ သည္။

အဘိုးရဲ႕ မိတ္ေဆြ ကြမ္းစိုက္တဲ့သူ တခ်ိဳ႕ကေတာ့ မီးေသြးမွာ အငံဓာတ္ပါတယ္ဆိုၿပီး
သူ႔တို႔ ကြမ္းေဘာင္ေတြထဲ မီးေသြးထည့္သံုးေလ့ မ႐ွိပါဘူး။ ကြၽန္ေတာ့္ အဘိုးကေတာ့
ရသမွ် မီးေသြး ေလာက္ငွတယ္လို႔ မ႐ွိေအာင္ အသံုးျပဳပါတယ္။ ဘယ္အခ်ိန္ထဲက
ထင္းမီးေသြး အက်ိဳးအေၾကေတြကို စတင္ၿပီး အသံုးျပဳခဲ့တယ္ဆိုတာ အတိအက် မသိေပမဲ့
ကြၽန္ေတာ္ သိတက္စ အရြယ္ထဲက ေတြ႔ဖူးျမင္ဖူးတာေၾကာင့္ အနည္းဆံုး ႏွစ္အစိတ္၊ သံုးဆယ္ထက္ေတာ့ ေလ်ာ့စရာမ႐ွိပါဘူး။ တခါက အဘိုး ဘာျဖစ္လို႔ စိုက္ေဘာင္ေတြထဲကို
မီးေသြးထည့္တာလည္း ေမးၾကည့္ေတာ့ အပင္အျမစ္ေတြ ေလရေအာင္ ထည့္ေပးတာလို႔
ေျပာျပရင္း တလက္စတည္း အျမစ္ေကာင္းမွ အပင္ေကာင္းမယ္လို႔ သင္ေပးခဲ့တာ
ယခုအခ်ိန္ထိ ေကာင္းေကာင္းမွတ္မိေနပါတယ္။ စိုက္ပ်ိဳးေျမေတြမွာ မီးေသြးထည့္အသံုးျပဳဖို႔
တိုက္တြန္းေပးခဲ့သူ ေနာက္တစ္ေယာက္ကေတာ့ ဆရာႀကီး ဦးဖရက္သိန္းေဖ ျဖစ္ပါတယ္။
ဆရာရဲ႕အိမ္ကို အလည္အပတ္သြားရင္း စိုက္ပ်ိဳးေျမမႇာ မီးေသြးအသံုးျပဳဖို႔  သင္ၾကားေပးခဲ့ဖူးပါတယ္။
ဆရာႀကီး ေျပာျပတဲ့အခ်က္အလက္ေတြကို မွတ္မိသေလာက္ ေရးသားေဖာ္ျပေပးပါမည္။

မီးေသြးဆိုတာ ဘာလဲ

မီးေသြးဆိုသည္မွာ ဇီဝျဒပ္ထုမ်ား(Biomass)အား အပူသံုးၿဖိဳခြဲျခင္း(Pyrolysis) ျဖစ္၍ ေလလံုေသာ
အခန္းအတြင္း ေလမဲ့ အေျခအေန (သို႔မဟုတ္) ေလ အနည္းငယ္ေပးၿပီး မီးေလာင္ကြၽမ္းေစျခင္းမွ
ထြက္႐ွိလာေသာ ပစၥည္း(မီးေသြး) ျဖစ္သည္။ တနည္းဆိုရေသာ္ ဇီဝျဒပ္ထု( သစ္ပင္အစိတ္အပိုင္းမ်ား၊ ေျပာင္း႐ိုး၊ ႏွမ္း႐ိုး၊ ကိုင္း႐ိုး၊ ေျမပဲခြံ၊ စပါးခြံ၊ အုန္းမုတ္ခြက္၊ ဝါး၊ တိရိစာၦန္တို႔၏အ႐ိုးမ်ား၊ ႏြားေခ်းေျခာက္၊
ခ႐ုခြံ၊ ခံုးခြံ၊ ၾကက္ဥခြံ အစ႐ွိသည္ ) တို႔အား ေလအနည္းငယ္ (သို႔မဟုတ္) လံုးဝ ေလမဲ့
အေျခအေနတြင္ မီးေလာင္ကြၽမ္းေစျခင္းျဖစ္သည္။  သို႔ေသာ္ ျပာ( Ash ) ျဖစ္သြားေသာ အဆင့္ထိ
မီးေလာင္ကြၽမ္းေစျခင္းမ်ိဳး မဟုတ္ဘဲ မျပည့္စံုေသာ ေလာင္ကြၽမ္းျခင္း( Incomplete combustion ) ပံုစံမ်ိဳး ျဖစ္ေၾကာင္း သိေစလိုသည္။

ဥပမာ – စပါးခြံကို ေအာက္ဆီဂ်င္ ျပည့္ဝေနေသာေနရာတြင္ မီး႐ွိဳ႕ၿပီးေနာက္  အဆံုးထိတိုင္ ေလာင္ကြၽမ္းေစပါက ဖြဲျပာ( Rice Husk Ash ) ျဖစ္သြားမည္။ စပါးခံြကို မီးေလာင္ကြၽမ္းေစၿပီး
ေအာက္ဆီဂ်င္ကို အကန္႔အသတ္ျဖင့္သာေပး၍ ထိန္းခ်ဳပ္ၿပီးမွ ရ႐ွိလာေသာ ပစၥည္းသည္
ဖြဲမီးေသြး သို႔မဟုတ္ စပါးခြံမီးေသြး ( Rice Husk Charcoal ) ျဖစ္သည္။
ထင္း( Wood )ကို မီး႐ွိဳ႕၍ ေအာက္ဆီဂ်င္အား ထိန္းခ်ဳပ္မႈ မျပဳလုပ္ႏိုင္ပါက ထင္းျပာ( Wood Ash ) ျဖစ္သြားႏိုင္ၿပီး ထင္းမီးေသြး ( Wood Charcoal ) ရ႐ွိႏိုင္မည္ မဟုတ္ေခ်။ တဖန္ ထင္းမ်ားကို မီး႐ွိဳ႕ရာတြင္ လံုေလာက္ေသာ အေျခအေနထိ အပူမရ႐ွိ၍ ျဖစ္ေစ၊ အခ်ိန္မတန္ခင္ မေစာင့္ဆိုင္းေတာ့ဘဲ ေအာက္ဆီဂ်င္ ရ႐ွိမႈကို ထိန္းခ်ဳပ္ဟန္႔တားလိုက္ပါက မီးေသြးျဖစ္မလာဘဲ
အရပ္အေခၚ ထင္းကုလားမ်ားသာ ရ႐ွိလိမ့္မည္။

ထင္းကုလား ဆိုသည္မွာ တဝက္တပ်က္ မီးေလာင္ကြၽမ္းျခင္းခံရေသာ မီးေသြး  မျဖစ္ေသးသည့္ ထင္းမက်/မီးေသြးမက် အရာဝတၳဳပစၥည္း ျဖစ္သည္။

မီးေသြးဖုတ္ျခင္း/ထုတ္လုပ္ျခင္း( Charcoal Production ) –

မီးေသြးဖုတ္ျခင္းလုပ္ငန္းအား ေက်းလက္ ေတာရြာမ်ားတြင္ ေနထိုင္ၾကသူ အမ်ားအျပား
ျမင္ေတြ႔ဖူးၾကေသာ လုပ္ငန္းတစ္မ်ိဳးျဖစ္သည္။  မီးေသြးဖုတ္ရာတြင္ မ်ားေသာအားျဖင့္
ေ႐ွး႐ိုးအစဥ္အလာအတိုင္း သမား႐ိုးက် နည္းလမ္းမ်ားျဖင့္သာ မီးေသြးဖုတ္ေလ့႐ွိ၍
ေျမႀကီးက်င္းတူး၍ ေသာ္လည္းေကာင္း၊  ေပါင္းမိုးဖို( Charcoal Kiln ) ျပဳလုပ္၍ ေသာ္လည္းေကာင္း၊ ေျမႀကီးေပၚတြင္  ထင္းမ်ားကို စုပံု၍ ေသာ္လည္းေကာင္း နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ မီးေသြးဖုတ္ၾကသည္။
မီးေသြးပမာဏ အနည္းငယ္သာ ဖုတ္ၾကေသာ သူတို႔က သံစည္ပိုင္းျဖင့္ ဖုတ္ၾကသည္။ ေျမႀကီးက်င္း တူး ၍ မီးေသြးဖုတ္ေသာနည္းအား ယခင္က ကြၽန္ေတာ္တို႔ ေဒသတြင္ အမ်ားဆံုး ျပဳလုပ္ေသာ နည္းစနစ္ျဖစ္သည္။  တစ္ေနရာထဲတြင္ မီးေသြးဖိုကို အခိုင္အမာ တည္ထားၿပီး ဖိုအတြင္း ထင္းမ်ားကို ေထာင္လွ်က္ အေနအထားျဖင့္ အစီအရီ ထည့္ၿပီးေနာက္ သြတ္ျပား အုပ္ကာ ေျမႀကီးမ်ားျဖင့္ လံုေအာင္ ဖံုးအုပ္ထားရသည္။ဖိုထိပ္တြင္ ဖိုအရြယ္အစားကိုလိုက္၍ မီးခိုးထြက္ရန္ အေပါက္ ၂ ေပါက္မွ ၄ ေပါက္အထိ ေဖာက္ေပးထားရသည္။ ဖိုေအာက္ေျခတြင္ မီးထိုးေပါက္ကိုလည္း သီးျခားေဖာက္ ထားရသည္။

ေပါင္းမိုးဖိုျဖင့္ ဖုတ္ေသာနည္းစနစ္သည္ ေျမႀကီးက်င္းဖုတ္ေသာနည္းျဖင့္ အနည္းငယ္သာ
ကြဲလြဲသည္။ ၎ ဖိုမ်ားသည္ အရြယ္အစားႀကီးၿပီး မီးေသြး တစ္တင္းခြဲအိတ္ ၃၀၀ မွ ၅၀၀၊ ၈၀၀ အထိ ထြက္႐ွိႏိုင္ေသာ ဖိုႀကီးမ်ားျဖစ္သည္။ ယခုအခါတြင္ သစ္၊ ထင္း ႐ွားပါးလာျခင္းႏွင့္ သက္ဆိုင္ရာ အာဏာပိုင္တို႔၏ ဖမ္းဆီး အေရးယူမႈမ်ားေၾကာင့္ မ႐ွိသေလာက္ျဖစ္ေအာင္ နည္းပါးသြားၾကသည္။

လက္႐ွိတြင္ ဖုတ္ေနေသာ နည္းစနစ္မွာ ေျမေပၚတြင္ အလြယ္တကူ ျပဳလုပ္ႏိုင္ေသာ
ပက္လက္ ဖို မ်ား ျဖစ္ၾကသည္။ မီးေသြးရ႐ွိမႈ အိတ္အေရအတြက္ နည္းေသာ္လည္း ဖုတ္ခ်ိန္ ရက္မၾကာျခင္း၊ ထင္းထည့္ရာတြင္ လြယ္ကူလ်င္ျမန္ျခင္း၊ လုပ္သား တစ္ေယာက္  ႏွစ္ေယာက္ျဖင့္သာ ျပဳလုပ္ႏိုင္ျခင္း၊ ထင္းေပါမ်ားေသာ ေနရာမ်ားသို႔ ေရႊ ့ေျပာင္းႏိုင္ျခင္း၊ ေနရာ အတည္တက် မ႐ွိေသာေၾကာင့္ အာဏာပိုင္တို႔၏ ဖမ္းဆီးအေရးယူရန္ မလြယ္ကူျခင္း စသည္တို႔ေၾကာင့္ အမ်ားဆံုးေဆာင္ရြက္ၾကေသာ နည္းစနစ္ျဖစ္သည္။

အထက္ေဖာ္ျပပါ မီးေသြးဖုတ္နည္းမ်ားသည္ သမား႐ိုးက် နည္းလမ္းမ်ားျဖစ္ေသာ္လည္း
ကြၽမ္းက်င္မႈမ႐ွိပါက အရည္အေသြးေကာင္းေသာ ထင္းမီးေသြးကို ရ႐ွိႏိုင္မည္မဟုတ္ေခ်။
မီးေသြးဖုတ္ရာတြင္ အရည္အေသြးေကာင္း မီးေသြးရ႐ွိရန္ ထင္းဖုတ္သူ၏ ကြၽမ္းက်င္မႈအေပၚ
မ်ားစြာတည္မွီေနသည္။ ေယဘုယ်အားျဖင့္  ပက္လက္ဖိုျဖင့္ ဖုတ္ေသာနည္းသည္
အျခားစနစ္မ်ားေလာက္ မီးေသြးအရည္အေသြး မေကာင္းပါ။ မီးေသြးဖုတ္သူ ဖိုသူႀကီး
( Charcoal burners men ) ၏ အရည္အခ်င္းတြင္ ထင္းသားေရြးခ်ယ္တက္ျခင္း၊ ထင္းစီရာတြင္ ထင္းသား အမာ/အပြ၊ အစို/ အေျခာက္၊ ဖိုအတြင္း ထင္းစီရမည့္ပံုစံ၊ မီးထိုးျခင္း၊
မီးခိုးအေရာင္ ခြဲျခားၾကည့္တက္ျခင္း၊  ဖိုပိတ္ရမည့္ အေနအထား စသည္တို႔ကို ကြၽမ္းက်င္ပိုင္ႏိုင္ရသည္။ သို႔မဟုတ္ပါက မီးေသြး အရနည္းျခင္း၊ မီးေသြးအရည္အေသြး
မေကာင္းျခင္းတို႔ ျဖစ္ေစႏိုင္သည္။ မီးကိုခ်ဳပ္လြန္းျခင္း၊ မီးခိုးအျပာေရာင္ မျဖစ္မီ
ေစာလ်င္စြာ မီးသတ္ဖိုပိတ္ျခင္းေၾကာင့္  မီးေသြးမျဖစ္ေသးသည့္ ထင္းကုလားမ်ားသာ
ရ႐ွိႏိုင္သည္။ ေလ၊ မီး အေပးမ်ားျခင္း ဖိုပိတ္ရန္ ေနာက္က်ျခင္းေၾကာင့္ ထင္းသားမ်ား
အလြန္အကြၽံ မီးေလာင္ကြၽမ္းၿပီး ပန္းပဲမီးေသြး အရမ်ားျခင္းႏွင့္ ျပာျဖစ္သြားျခင္းမ်ား
ျဖစ္ႏိုင္သည္။ ေျမက်င္းတူးဖုတ္ေသာ ဖိုႏွင့္ ေပါင္းမိုးဖိုထက္ ပက္လက္ဖိုက ေန႔ေရာညပါ
ပိုဂ႐ုစိုက္ရသည္။

ဖိုပိတ္ၿပီးေနာက္ ဖိုအရြယ္အစားကိုလိုက္၍ ၂ ရက္ ၃ ရက္ မွ ၁၅ ရက္ ၁ လအထိ
အေအးခံထားရသည္။  မ်ားေသာအားျဖင့္ မီးေသြးဖုတ္သူတို႔သည္ဖိုပိတ္ၿပီး ရက္အနည္းငယ္သာ ေစာင့္ဆိုင္း၍ ေရေလာင္းကာ မီးေသြး ထုတ္ယူၾကသည္။  ဝါး၊ အုတ္မႈတ္ခြက္ႏွင့္ တိရိစာၦန္အ႐ိုး စသည့္တို႔ကို မီးေသြးဖုတ္ရာတြင္ သံစည္ပိုင္း( ပီပါအခြံ )ႏွင့္ မီးေသြးဖုတ္ရန္ စနစ္တက် ျပဳလုပ္ထားေသာ သံရက္ေတာ့( Iron retort ) မ်ားျဖင့္ ဖုတ္ၾကသည္။
ဝါးမီးေသြးဖုတ္ရာတြင္ မ်ားေသာအားျဖင့္  သံပီပါအေဟာင္းအား ျပဳျပင္၍ မီးေသြးဖုတ္ရန္
စီမံထားတက္ၾကသည္။ မီးေသြးဖုတ္နည္း အမ်ိဳးမ်ိဳး႐ွိေသာ္လည္း  လြယ္ကူထိေရာက္သည့္ နည္းလမ္းတစ္မ်ိဳးအား ေဖာ္ျပေပးပါမည္။ ဦးစြာ ဂါလံ ၅ဝ ဆန္႔ သံပီပါအား အေပၚေအာက္
ႏွစ္ဖက္လံုးကို အျပည့္ေဖာက္ေပးရမည္။ ေဖာက္ထားေသာ သံပီပါျပား အဖံုးတြင္  မီးခိုးထြက္ရန္ ၃ လက္မ အရြယ္ အေပါက္ငယ္ တစ္ေပါက္ ေဖာက္ေပးရမည္။

ထို႔ေနာက္ ေျမျပင္ေပၚတြင္ အုတ္ခဲ ၃ လံုးကို သံပီပါအဝႏွင့္ ခ်ိန္၍ ဖိုခေနာက္ဆိုင္ ခ်ၿပီးေနာက္
အလယ္တြင္ မီးဖိုေပးရမည္။  မီးေလာင္ခ်က္ေကာင္းလာေသာအခါ ေဖာက္ထားေသာ သံပီပါကို အုတ္ခဲေပၚ ထင္ေပးထားၿပီး သံပီပါအတြင္း မီးေသြးဖုတ္လိုေသာပစၥည္းမ်ားကို အျပည့္ထည့္ ရမည္။ မိမိ ထည့္လိုက္ေသာ ပစၥည္းမ်ားကို မီးစတင္ေလာင္ကြၽမ္းပါက အေပၚမွ မီးခိုးထြက္ေပါက္ ေဖာက္ထားေသာ သံျပားကိုဖံုးေပးရသည္။ သံျပား ႏႈတ္ခမ္းပတ္လည္တြင္
ရႊြံ႔မံေပးရသည္။ မီးခိုးအေရာင္ ၾကည္ျပာေရာင္ ထြက္လာခ်ိန္တြင္ သံပီပါအတြင္းသို႔ ေလဝင္ေရာက္ႏိုင္သည့္  အေပါက္အားလံုးကို ရႊံ့ျဖင့္ အလံုပိတ္ေပးၿပီး တစ္ညသိပ္ အေအး ခံကာ ေနာက္ေန႔မနက္တြင္ သံပီပါအတြင္းမွ မီးေသြးမ်ားကို ထုတ္ယူႏိုင္သည္။

အလံုပိတ္သံရက္ေတာ့အိုးျဖင့္ မီးေသြးဖုတ္ျခင္း

သံရက္ေတာ့ျဖင့္ ဖုတ္နည္းသည္ မီးေသြးဖုတ္သည့္ နည္းစနစ္အားလံုးတြင္ မီးေသြးအရည္အေသြး အေကာင္းဆံုးျဖစ္သည္။ မီးေသြးဖုတ္ရာမွ ထြက္႐ွိလာေသာ မီးခိုးအေငြ႔ သို႔မဟုတ္ သစ္သားဓာတ္ေငြ႔သည္ မီးေတာက္ေလာင္သျဖင့္ ဖိုကိုျပန္၍ မီးထိုးႏိုင္သည္။
သံရက္ေတာ့ျဖင့္ မီးေသြးဖုတ္နည္းအား စာျဖင့္ ေရးသားေဖာ္ျပရန္ အခက္အခဲ တခ်ိဳ႕
႐ွိေနျခင္းေၾကာင့္ ေယ်ဘုယ် သေဘာေလာက္သာ ေဖာ္ျပေပးပါမည္။ နည္းစနစ္အေသးစိတ္အား
ေလ့လာၾကည့္႐ွဳ႕လိုပါက ေအာက္တြင္ ေဖာ္ျပထားေသာ လင့္မ်ားတြင္ ဝင္ေရာက္
ၾကည့္႐ွဳ႕ေလ့ လာႏိုင္သည္။ သံရက္ေတာ့ျဖင့္  ဖုတ္ရာ၌ ရက္ေတာ့( Retort ) အတြင္း
မီးေသြးဖုတ္မည့္ ပစၥည္းမ်ားကို ေနရာလပ္ မ႐ွိေစရန္ တက္ႏိုင္သမွ် စီစီရီရီ ထည့္ေပးရသည္။
ဖိုကိုအလံုပိတ္ထားၿပီး ေလမဲ့အေျခအေနတြင္ ျပင္ပမွ အပူေပး၍ ဖုတ္ေသာ နည္းစနစ္ျဖစ္သည္။
ေလာင္စာတခ်ိဳ႕ကို ဦးစြာ မီး႐ိွဳ႕အပူေပးရသည္။ အပူခ်ိန္ ၂၉၀ ံခန္႔တြင္ သစ္သားဓာတ္ေငြ႔မ်ား
( Wood gass) လိႈင္လိႈင္ ထြက္လာသည္။

၎ ဓာတ္ေငြ႔ျဖင့္ပင္ ဖိုကိုျပန္၍ မီးထိုးေပးရသည္။ ဖိုအပူခ်ိန္ကို ၃၅၀ ံမွ ၄၀၀ ံအတြင္း
ထိန္းထားေပးရသည္။ ပ်မ္းမွ်အားျဖင့္ ၂၄ နာရီခန္႔ ဖုတ္ၿပီးခ်ိန္တြင္ ဓာတ္ေငြ႔အား
မီးေတာင္ ေလာင္မႈ ေလ်ာ့နည္းသြားခ်ိန္တြင္ အေအးခံ၍ မီးေသြးထုတ္ယူႏိုင္သည္။

တခ်ိဳ႕ေသာ မီးေသြးဖုတ္နည္းမ်ားတြင္ မီးေသြးဖုတ္ရာမွ ထြက္႐ွိလာေသာ သစ္သား ဓာတ္ေငြ႔မ်ားကို အေလလြင့္မျဖစ္ေစရန္ ေငြ႔ရည္ဖြဲ႔ကိရိယာအတြင္း ျဖတ္သန္းေစျခင္းျဖင့္  အရည္မျဖစ္သည့္ ဓာတ္ေငြ႔မ်ားႏွင့္ သစ္သားေပါင္းခံရည္( Wood veniger )ကို  ရ႐ွိႏိုင္သည္။ အရည္မျဖစ္သည့္ ဓာတ္ေငြ႔တြင္ ဟိုက္ဒ႐ိုဂ်င္၊ ေအာက္ဆီဂ်င္၊ ႏိုက္ထ႐ိုဂ်င္၊  ကာဗြန္မိုေနာက္ဆိုဒ္ႏွင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္တို႔  ပါ႐ွိသည္။

ယင္း ဓာတ္ေငြ႔ကို ဆင္းဓာတ္ေငြ႕(syngas)ဟု ေခၚ၍ ေလာင္စာအျဖစ္ အသံုးျပဳႏိုင္သည္။
အင္ဂ်င္စက္မ်ားလည္ပတ္ရန္ ေလာင္စာအျဖစ္လည္း အသံုးျပဳႏိုင္သည္။ ေငြ႔ရည္ဖြဲ႔ကိရိယာမွ ျဖတ္သန္းလာေသာ အရည္တြင္ အလႊာ ၂ ခု ကြဲေနၿပီး အညိဳေရာင္ ေပါင္းခံရည္သည္ အက္ဆစ္ဂုဏ္သတၱိ႐ွိ၍ အဓိကအားျဖင့္ အက္စီတစ္အက္ဆစ္ (Acetic acid)၊ မီသေနာ(Methanol)တို႔ ပါဝင္ၿပီး မီသိုင္းအက္စီတိတ္ႏွင့္ အက္စီတုန္း အနည္းငယ္ပါဝင္သည္။
ယင္း အလႊာကို ပိုင္႐ိုလစ္ဂနီးယက္အက္ဆစ္ ( Pyroligneous acid ) အလႊာဟု ေခၚသည္။
ေအာက္အလႊာသည္ မဲနက္ေသာ အရည္ျဖစ္၍ သစ္ထြက္ကတၱရာ( Wood tar ) ဟုေခၚ ၿပီး
ေအာ္ဂဲနစ္ျဒပ္ေပါင္းမ်ားစြာ ပါဝင္သည္။ အဆိုပါကတၱရာကို ေလွ်ာ္ႀကိဳးမ်ား ၾကာ႐ွည္စြာ
ခိုင္ခန္႔ေစရန္ သုတ္ေဆးအျဖစ္ လည္းေကာင္း၊ ပိုးသတ္ေဆးအျဖစ္ လည္းေကာင္း၊
အပင္ငယ္မ်ားကို ေလာင္ေစႏိုင္ေသာေၾကာင့္ ေပါင္းသတ္ေဆးအျဖစ္ လည္းေကာင္း
အသံုးျပဳႏိုင္သည္။

မီးေသြးအသံုးျပဳမႈ အမ်ိဳးမ်ိဳး( Charcoal uses ) –

မီးေသြး( Charcoal )ကို လူတိုင္းသိၾကသည္။ သို႔ေသာ္ မီးေသြး၏ အသံုဝင္ပံု အမ်ိဳးမ်ိဳးကိုေတာ့
လူတိုင္းမသိၾကေခ်။ ဇီဝျဒပ္ထု(Biomas) အမ်ိဳးအစားကိုလိုက္၍
ရ႐ွိလာေသာ မီးေသြးအမ်ိဳးအစား ကြဲျပားသကဲ့သို႔ ထုတ္လုပ္သည့္ နည္းစနစ္အရလည္း မီးေသြး
အဆင့္အတန္းကို ျခားနားသြားေစသည္။ ထို႔အတူ မီးေသြးအရည္အေသြးအေပၚမူတည္၍လည္း
အျပဳပံုအမ်ိဳးမ်ိဳး ကြာျခားသြားေတာ့သည္။ မီးေသြး( Charcoal )ကို ရင္းႏွီးကြၽမ္းဝင္စြာ
အမ်ားဆံုး သိၾကသည္မွာ ထမင္း၊ ဟင္းခ်က္ျပဳတ္ရန္ ေလာင္စာအျဖစ္ အသံုးျပဳျခင္းျဖစ္သည္။

၁။ ေဆးဝါးပစၥည္းမ်ားတြင္ အသံုးျပဳျခင္း –
အစာအိမ္ေလပြျခင္း(Flatulence)၊ ဝမ္းေလ်ာျခင္း(Diarrhoea) စသည့္ ေရာဂါမ်ားကို ကုသရန္ အသံုးျပဳေသာ ေသာက္ေဆးမ်ားအျဖစ္ ထုတ္လုပ္ေၾကာင္း သိရသည္။ ထို႔ျပင္ ခႏၶာကိုယ္အတြင္း႐ွိ
မလိုလားအပ္ေသာ အဆိပ္အေတာက္မ်ားကို ထုတ္ပစ္ရန္ မီးေသြးျဖင့္ျပဳလုပ္ထားေသာ
ေျခဖဝါးကပ္ ပလာစတာမ်ားကိုလည္း ေတြ႔႐ွိရသည္။  အီသလင္း(Ethylene) အဆိပ္သင့္ျခင္း၊
လစ္သီယမ္(Lithium) အဆိပ္သင့္ျခင္းႏွင့္ ဆိုင္ယာႏိုက္(Cyanide) အဆိပ္သင့္ျခင္းတို႔တြင္
အေရးေပၚ ကုသရန္ ေဆးဝါးအျဖစ္ ထုတ္လုပ္သည္ဟုလည္း သိ႐ွိရသည္။

၂။ အလွကုန္ပစၥည္းမ်ားတြင္း အသံုးျပဳျခင္း –

မီးေသြးကို အလွကုန္ပစၥည္းမ်ားစြာ ျပဳလုပ္၍ အသံုးျပဳသည္ကိုေတြ႕႐ွိရၿပီး အထူးသျဖင့္
မ်က္ႏွာျပင္အသားအေရ လွပေစရန္ ရည္ရြယ္ၿပီး မီးေသြးကို အေျခခံ၍ထုတ္လုပ္ေသာ
Charcoal mask သည္ အလွကုန္ပစၥည္းမ်ားတြင္ ထင္႐ွားသည္။ မ်က္ႏွာသစ္ဆပ္ျပာ၊ ေခါင္းေလႇ်ာ္ရည္၊ ကိုယ္တိုက္ဆပ္ျပာႏွင့္ သြားတိုက္ေဆးတို႔ကိုလည္း  ထုတ္လုပ္ၾကသည္။

၃။ အျခားေသာ ပစၥည္းမ်ား –

မီးေသြး၏သဘာဝသည္ ဓာတ္ေငြ႔မ်ားကိုစုပ္ၿပီး ထိန္သိမ္းထားႏိုင္ေသာ ဂုဏ္သတၱိရွိေသာေၾကာင့္
အနံ႔ဆိုးမ်ား ကင္းစင္ေစရန္ အက်ဥ္းေထာင္၊  ေဆးရံုကဲ့သို႔ေသာ ေနရာမ်ားတြင္ မီးေသြးကို
အသံုးျပဳၾကသည္။ ေမြးျမဴေရးျခံမ်ားတြင္လည္း အနံ႔ဆိုးမ်ား ကင္းစင္ေစရန္ အသံုးျပဳသည္။
အဆိပ္ဓာတ္ေငြ႕ကာကြယ္ေသာ  ဓာတ္ေငြ႕ကာ မ်က္ႏွာဖုံးျပဳလုပ္ရာတြင္လည္း  မီးေသြးကို အသုံးျပဳသည္။ အပူကာ ပစၥည္းမ်ားအျဖစ္လည္း ျပဳလုပ္ႏိုင္သည္။ ေရဆိုးမ်ား သန္႔စင္ရာတြင္လည္း မီးေသြးကို အသံုးျပဳသည္။ ယမ္းျပဳလုပ္ရာတြင္လည္း အသံုးျပဳသည္။

ေဖာ္ျပပါ ပစၥည္းအမ်ားစုအတြက္ အသံုးျပဳေသာ မီးေသြးသည္ ႐ိုး႐ိုးမီးေသြးမဟုတ္ဘဲ
ဓာတ္ႂကြကာဗြန္ဟုေခၚေသာ “Activated charcoal” အရည္အေသြးျမင့္ မီးေသြးျဖစ္သည္။

Credit – Nyan Myint

Unicode ျဖင့္ဖတ္ရန္

ကျွန်တော့် မွေးရပ်ဇာတိရွာက ရိုးမတောင်ခြေ ကျေးရွာဖြစ်တာကြောင့် သစ်၊ ဝါး၊ ထင်း၊
မီးသွေး ပေါပါတယ်။ အဲ့ဒီ အချိန်တုန်းက ရွာထဲမှာပဲ မီးသွေးဖိုတွေရှိသလို ရွာအပြင်
တောထဲမှာလည်း မီးသွေးဖိုတွေ အများအပြား ရှိခဲ့တယ်။ မီးသွေးဖိုတွေမှာ မီးသွေးဖုတ်ပြီးလို့
နောက်ထက် ထင်းမထည့်မီ ဖိုချေးလို့ခေါ်တဲ့ မီးသွေးခဲ အကျိုးအကြေတွေကို ဖယ်ရှား
သန့်ရှင်းရပါတယ်။ ရှင်းထုတ်ပစ်လိုက်တဲ့ မီးသွေးခဲအကြေတွေကို ဖိုသမားတွေက လွင့်ပစ်တာကြောင့် ခြံထဲမှာ အသုံးပြုဖို့ ပေါပေါများများ ရနိုင်ပါတယ်။ ဖိုရဲ့ မီးထိုးပေါက်နားက မီးလောင်ချက်
ကောင်းသွားတဲ့ မီးသွေးအပွတွေကိုလည်း တချို့ဖိုသမားတွေ မီးသွေးဈေး
မကောင်းတဲ့အချိန်ဆို မယူတော့တာကြောင့် အလကားရပါတယ်။
အဲ့ဒီ မီးသွေးကို ပန်းပဲသမားတွေ သုံးတာမို့ ပန်းပဲမီးသွေးလို့ခေါ်ပြီး ဈေးအလွန်နည်းပါတယ်။ စိုက်ခင်းထဲ မှာတော့ တခါတရံမှသာ အလကားရတက်တဲ့ ပန်းပဲမီးသွေးကို ထည့်သုံးတာ သိပ်မရှိပါဘူး။ မီးသွေးဝယ်ရောင်း လုပ်ငန်းလုပ်တဲ့ ဂိုထောင်တွေမှာလည်း မီးသွေးခဲအကြေတွေ
သွားတောင်းယူလို့ရပါတယ်။
ယခု နောက်ပိုင်းမှာတော့ လောင်စာတောင့်(စက်မီးသွေး) လုပ်ငန်း လုပ်ကိုင်တဲ့သူတွေ လာဝယ်ကြလို့ အလကားမရတော့ပါဘူး။ သစ်သား၊ ထင်း ရှားပါးလာမှုနဲ့အတူ ထင်းမီးသွေးဖုတ်တဲ့သူတွေလည်း အရင်လို မရှိတော့ပါဘူး။ တချို့သော ခြံစိုက်တောင်သူတွေဆိုရင် စိုက်ဘောင်တွေမှာ ထင်းမီးသွေးအသုံးပြုတဲ့ အလေ့အထ မရှိသလောက်ဖြစ်နေပါပြီ။ တချို့လည်း ထင်းမီးသွေး ရှားပါးလို့ဖြစ်စေ၊ အကျိုးကျေးဇူး မသိလို့ဖြစ်စေ တခုခုကြောင့် အသုံးမပြုတာမျိုးလည်း
ဖြစ်ကောင်းဖြစ်နိုင်သည်။
အဘိုးရဲ့ မိတ်ဆွေ ကွမ်းစိုက်တဲ့သူ တချို့ကတော့ မီးသွေးမှာ အငံဓာတ်ပါတယ်ဆိုပြီး
သူ့တို့ ကွမ်းဘောင်တွေထဲ မီးသွေးထည့်သုံးလေ့ မရှိပါဘူး။ ကျွန်တော့် အဘိုးကတော့
ရသမျှ မီးသွေး လောက်ငှတယ်လို့ မရှိအောင် အသုံးပြုပါတယ်။ ဘယ်အချိန်ထဲက
ထင်းမီးသွေး အကျိုးအကြေတွေကို စတင်ပြီး အသုံးပြုခဲ့တယ်ဆိုတာ အတိအကျ မသိပေမဲ့
ကျွန်တော် သိတက်စ အရွယ်ထဲက တွေ့ဖူးမြင်ဖူးတာကြောင့် အနည်းဆုံး နှစ်အစိတ်၊ သုံးဆယ်ထက်တော့ လျော့စရာမရှိပါဘူး။ တခါက အဘိုး ဘာဖြစ်လို့ စိုက်ဘောင်တွေထဲကို
မီးသွေးထည့်တာလည်း မေးကြည့်တော့ အပင်အမြစ်တွေ လေရအောင် ထည့်ပေးတာလို့
ပြောပြရင်း တလက်စတည်း အမြစ်ကောင်းမှ အပင်ကောင်းမယ်လို့ သင်ပေးခဲ့တာ
ယခုအချိန်ထိ ကောင်းကောင်းမှတ်မိနေပါတယ်။ စိုက်ပျိုးမြေတွေမှာ မီးသွေးထည့်အသုံးပြုဖို့
တိုက်တွန်းပေးခဲ့သူ နောက်တစ်ယောက်ကတော့ ဆရာကြီး ဦးဖရက်သိန်းဖေ ဖြစ်ပါတယ်။
ဆရာရဲ့အိမ်ကို အလည်အပတ်သွားရင်း စိုက်ပျိုးမြေမှာ မီးသွေးအသုံးပြုဖို့ သင်ကြားပေးခဲ့ဖူးပါတယ်။
ဆရာကြီး ပြောပြတဲ့အချက်အလက်တွေကို မှတ်မိသလောက် ရေးသားဖော်ပြပေးပါမည်။
မီးသွေးဆိုတာ ဘာလဲ
မီးသွေးဆိုသည်မှာ ဇီဝဒြပ်ထုများ(Biomass)အား အပူသုံးဖြိုခွဲခြင်း(Pyrolysis) ဖြစ်၍ လေလုံသော
အခန်းအတွင်း လေမဲ့ အခြေအနေ (သို့မဟုတ်) လေ အနည်းငယ်ပေးပြီး မီးလောင်ကျွမ်းစေခြင်းမှ
ထွက်ရှိလာသော ပစ္စည်း(မီးသွေး) ဖြစ်သည်။ တနည်းဆိုရသော် ဇီဝဒြပ်ထု( သစ်ပင်အစိတ်အပိုင်းများ၊ ပြောင်းရိုး၊ နှမ်းရိုး၊ ကိုင်းရိုး၊ မြေပဲခွံ၊ စပါးခွံ၊ အုန်းမုတ်ခွက်၊ ဝါး၊ တိရိစ္ဆာန်တို့၏အရိုးများ၊ နွားချေးခြောက်၊
ခရုခွံ၊ ခုံးခွံ၊ ကြက်ဥခွံ အစရှိသည် ) တို့အား လေအနည်းငယ် (သို့မဟုတ်) လုံးဝ လေမဲ့
အခြေအနေတွင် မီးလောင်ကျွမ်းစေခြင်းဖြစ်သည်။ သို့သော် ပြာ( Ash ) ဖြစ်သွားသော အဆင့်ထိ
မီးလောင်ကျွမ်းစေခြင်းမျိုး မဟုတ်ဘဲ မပြည့်စုံသော လောင်ကျွမ်းခြင်း( Incomplete combustion ) ပုံစံမျိုး ဖြစ်ကြောင်း သိစေလိုသည်။
ဥပမာ – စပါးခွံကို အောက်ဆီဂျင် ပြည့်ဝနေသောနေရာတွင် မီးရှို့ပြီးနောက် အဆုံးထိတိုင် လောင်ကျွမ်းစေပါက ဖွဲပြာ( Rice Husk Ash ) ဖြစ်သွားမည်။ စပါးခွံကို မီးလောင်ကျွမ်းစေပြီး
အောက်ဆီဂျင်ကို အကန့်အသတ်ဖြင့်သာပေး၍ ထိန်းချုပ်ပြီးမှ ရရှိလာသော ပစ္စည်းသည်
ဖွဲမီးသွေး သို့မဟုတ် စပါးခွံမီးသွေး ( Rice Husk Charcoal ) ဖြစ်သည်။
ထင်း( Wood )ကို မီးရှို့၍ အောက်ဆီဂျင်အား ထိန်းချုပ်မှု မပြုလုပ်နိုင်ပါက ထင်းပြာ( Wood Ash ) ဖြစ်သွားနိုင်ပြီး ထင်းမီးသွေး ( Wood Charcoal ) ရရှိနိုင်မည် မဟုတ်ချေ။ တဖန် ထင်းများကို မီးရှို့ရာတွင် လုံလောက်သော အခြေအနေထိ အပူမရရှိ၍ ဖြစ်စေ၊ အချိန်မတန်ခင် မစောင့်ဆိုင်းတော့ဘဲ အောက်ဆီဂျင် ရရှိမှုကို ထိန်းချုပ်ဟန့်တားလိုက်ပါက မီးသွေးဖြစ်မလာဘဲ
အရပ်အခေါ် ထင်းကုလားများသာ ရရှိလိမ့်မည်။
ထင်းကုလား ဆိုသည်မှာ တဝက်တပျက် မီးလောင်ကျွမ်းခြင်းခံရသော မီးသွေး မဖြစ်သေးသည့် ထင်းမကျ/မီးသွေးမကျ အရာဝတ္ထုပစ္စည်း ဖြစ်သည်။
မီးသွေးဖုတ်ခြင်း/ထုတ်လုပ်ခြင်း( Charcoal
Production ) –
မီးသွေးဖုတ်ခြင်းလုပ်ငန်းအား ကျေးလက် တောရွာများတွင် နေထိုင်ကြသူ အများအပြား
မြင်တွေ့ဖူးကြသော လုပ်ငန်းတစ်မျိုးဖြစ်သည်။ မီးသွေးဖုတ်ရာတွင် များသောအားဖြင့်
ရှေးရိုးအစဉ်အလာအတိုင်း သမားရိုးကျ နည်းလမ်းများဖြင့်သာ မီးသွေးဖုတ်လေ့ရှိ၍
မြေကြီးကျင်းတူး၍ သော်လည်းကောင်း၊ ပေါင်းမိုးဖို( Charcoal Kiln ) ပြုလုပ်၍ သော်လည်းကောင်း၊ မြေကြီးပေါ်တွင် ထင်းများကို စုပုံ၍ သော်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် မီးသွေးဖုတ်ကြသည်။
မီးသွေးပမာဏ အနည်းငယ်သာ ဖုတ်ကြသော သူတို့က သံစည်ပိုင်းဖြင့် ဖုတ်ကြသည်။ မြေကြီးကျင်း တူး ၍ မီးသွေးဖုတ်သောနည်းအား ယခင်က ကျွန်တော်တို့ ဒေသတွင် အများဆုံး ပြုလုပ်သော နည်းစနစ်ဖြစ်သည်။ တစ်နေရာထဲတွင် မီးသွေးဖိုကို အခိုင်အမာ တည်ထားပြီး ဖိုအတွင်း ထင်းများကို
ထောင်လျှက် အနေအထားဖြင့် အစီအရီ ထည့်ပြီးနောက် သွတ်ပြားအုပ်ကာ မြေကြီးများဖြင့် လုံအောင် ဖုံးအုပ်ထားရသည်။ဖိုထိပ်တွင် ဖိုအရွယ်အစားကိုလိုက်၍ မီးခိုးထွက်ရန် အပေါက် ၂ ပေါက်မှ ၄ ပေါက်အထိ ဖောက်ပေးထားရသည်။ ဖိုအောက်ခြေတွင် မီးထိုးပေါက်ကိုလည်း သီးခြားဖောက် ထားရသည်။
ပေါင်းမိုးဖိုဖြင့် ဖုတ်သောနည်းစနစ်သည် မြေကြီးကျင်းဖုတ်သောနည်းဖြင့် အနည်းငယ်သာ
ကွဲလွဲသည်။ ၎င်း ဖိုများသည် အရွယ်အစားကြီးပြီး မီးသွေး တစ်တင်းခွဲအိတ် ၃၀၀ မှ ၅၀၀၊ ၈၀၀ အထိ
ထွက်ရှိနိုင်သော ဖိုကြီးများဖြစ်သည်။ ယခုအခါတွင် သစ်၊ ထင်း ရှားပါးလာခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီး အရေးယူမှုများကြောင့် မရှိသလောက်ဖြစ်အောင် နည်းပါးသွားကြသည်။
လက်ရှိတွင် ဖုတ်နေသော နည်းစနစ်မှာ မြေပေါ်တွင် အလွယ်တကူ ပြုလုပ်နိုင်သော
ပက်လက်ဖို များ ဖြစ်ကြသည်။ မီးသွေးရရှိမှု အိတ်အရေအတွက် နည်းသော်လည်း ဖုတ်ချိန် ရက်မကြာခြင်း၊ ထင်းထည့်ရာတွင် လွယ်ကူလျင်မြန်ခြင်း၊ လုပ်သား တစ်ယောက် နှစ်ယောက်ဖြင့်သာ ပြုလုပ်နိုင်ခြင်း၊ ထင်းပေါများသော နေရာများသို့ ရွှေ့ပြောင်းနိုင်ခြင်း၊ နေရာ အတည်တကျ မရှိသောကြောင့် အာဏာပိုင်တို့၏ ဖမ်းဆီးအရေးယူရန် မလွယ်ကူခြင်း စသည်တို့ကြောင့် အများဆုံး
ဆောင်ရွက်ကြသော နည်းစနစ်ဖြစ်သည်။
အထက်ဖော်ပြပါ မီးသွေးဖုတ်နည်းများသည် သမားရိုးကျ နည်းလမ်းများဖြစ်သော်လည်း
ကျွမ်းကျင်မှုမရှိပါက အရည်အသွေးကောင်းသော ထင်းမီးသွေးကို ရရှိနိုင်မည်မဟုတ်ချေ။
မီးသွေးဖုတ်ရာတွင် အရည်အသွေးကောင်း မီးသွေးရရှိရန် ထင်းဖုတ်သူ၏ ကျွမ်းကျင်မှုအပေါ်
များစွာတည်မှီနေသည်။ ယေဘုယျအားဖြင့် ပက်လက်ဖိုဖြင့် ဖုတ်သောနည်းသည်
အခြားစနစ်များလောက် မီးသွေးအရည်အသွေး မကောင်းပါ။ မီးသွေးဖုတ်သူ ဖိုသူကြီး
( Charcoal burners men ) ၏ အရည်အချင်းတွင် ထင်းသားရွေးချယ်တက်ခြင်း၊ ထင်းစီရာတွင် ထင်းသား အမာ/အပွ၊ အစို/ အခြောက်၊ ဖိုအတွင်း ထင်းစီရမည့်ပုံစံ၊ မီးထိုးခြင်း၊
မီးခိုးအရောင် ခွဲခြားကြည့်တက်ခြင်း၊ ဖိုပိတ်ရမည့် အနေအထား စသည်တို့ကို ကျွမ်းကျင်ပိုင်နိုင်ရသည်။ သို့မဟုတ်ပါက မီးသွေး အရနည်းခြင်း၊ မီးသွေးအရည်အသွေး
မကောင်းခြင်းတို့ ဖြစ်စေနိုင်သည်။ မီးကိုချုပ်လွန်းခြင်း၊ မီးခိုးအပြာရောင် မဖြစ်မီ
စောလျင်စွာ မီးသတ်ဖိုပိတ်ခြင်းကြောင့် မီးသွေးမဖြစ်သေးသည့် ထင်းကုလားများသာ
ရရှိနိုင်သည်။ လေ၊ မီး အပေးများခြင်း ဖိုပိတ်ရန် နောက်ကျခြင်းကြောင့် ထင်းသားများ
အလွန်အကျွံ မီးလောင်ကျွမ်းပြီး ပန်းပဲမီးသွေး အရများခြင်းနှင့် ပြာဖြစ်သွားခြင်းများ
ဖြစ်နိုင်သည်။ မြေကျင်းတူးဖုတ်သော ဖိုနှင့် ပေါင်းမိုးဖိုထက် ပက်လက်ဖိုက နေ့ရောညပါ
ပိုဂရုစိုက်ရသည်။
ဖိုပိတ်ပြီးနောက် ဖိုအရွယ်အစားကိုလိုက်၍ ၂ ရက် ၃ ရက် မှ ၁၅ ရက် ၁ လအထိ
အအေးခံထားရသည်။ များသောအားဖြင့် မီးသွေးဖုတ်သူတို့သည်ဖိုပိတ်ပြီး ရက်အနည်းငယ်သာ စောင့်ဆိုင်း၍ ရေလောင်းကာ မီးသွေး ထုတ်ယူကြသည်။ ဝါး၊ အုတ်မှုတ်ခွက်နှင့် တိရိစ္ဆာန်အရိုး စသည့်တို့ကို မီးသွေးဖုတ်ရာတွင် သံစည်ပိုင်း( ပီပါအခွံ )နှင့် မီးသွေးဖုတ်ရန် စနစ်တကျ ပြုလုပ်ထားသော သံရက်တော့( Iron retort ) များဖြင့် ဖုတ်ကြသည်။
ဝါးမီးသွေးဖုတ်ရာတွင် များသောအားဖြင့် သံပီပါအဟောင်းအား ပြုပြင်၍ မီးသွေးဖုတ်ရန်
စီမံထားတက်ကြသည်။ မီးသွေးဖုတ်နည်း အမျိုးမျိုးရှိသော်လည်း လွယ်ကူထိရောက်သည့် နည်းလမ်းတစ်မျိုးအား ဖော်ပြပေးပါမည်။ ဦးစွာ ဂါလံ ၅ဝ ဆန့် သံပီပါအား အပေါ်အောက်
နှစ်ဖက်လုံးကို အပြည့်ဖောက်ပေးရမည်။ ဖောက်ထားသော သံပီပါပြား အဖုံးတွင် မီးခိုးထွက်ရန် ၃ လက်မ အရွယ် အပေါက်ငယ် တစ်ပေါက် ဖောက်ပေးရမည်။

ထို့နောက် မြေပြင်ပေါ်တွင် အုတ်ခဲ ၃ လုံးကို သံပီပါအဝနှင့် ချိန်၍ ဖိုခနောက်ဆိုင် ချပြီးနောက်
အလယ်တွင် မီးဖိုပေးရမည်။ မီးလောင်ချက်ကောင်းလာသောအခါ ဖောက်ထားသော သံပီပါကို အုတ်ခဲပေါ် ထင်ပေးထားပြီး သံပီပါအတွင်း မီးသွေးဖုတ်လိုသောပစ္စည်းများကို အပြည့်ထည့်ရမည်။
မိမိ ထည့်လိုက်သော ပစ္စည်းများကို မီးစတင်လောင်ကျွမ်းပါက အပေါ်မှ မီးခိုးထွက်ပေါက် ဖောက်ထားသော သံပြားကိုဖုံးပေးရသည်။ သံပြား နှုတ်ခမ်းပတ်လည်တွင်
ရွှွံ့မံပေးရသည်။ မီးခိုးအရောင် ကြည်ပြာရောင် ထွက်လာချိန်တွင် သံပီပါအတွင်းသို့ လေဝင်ရောက်နိုင်သည့် အပေါက်အားလုံးကို ရွှံ့ဖြင့် အလုံပိတ်ပေးပြီး
တစ်ညသိပ် အအေး ခံကာ နောက်နေ့မနက်တွင် သံပီပါအတွင်းမှ မီးသွေးများကို ထုတ်ယူနိုင်သည်။
အလုံပိတ်သံရက်တော့အိုးဖြင့် မီးသွေးဖုတ်ခြင်း
သံရက်တော့ဖြင့် ဖုတ်နည်းသည် မီးသွေးဖုတ်သည့် နည်းစနစ်အားလုံးတွင် မီးသွေးအရည်အသွေး
အကောင်းဆုံးဖြစ်သည်။ မီးသွေးဖုတ်ရာမှ ထွက်ရှိလာသော မီးခိုးအငွေ့ သို့မဟုတ်
သစ်သားဓာတ်ငွေ့သည် မီးတောက်လောင်သဖြင့် ဖိုကိုပြန်၍ မီးထိုးနိုင်သည်။
သံရက်တော့ဖြင့် မီးသွေးဖုတ်နည်းအား စာဖြင့် ရေးသားဖော်ပြရန် အခက်အခဲ တချို့
ရှိနေခြင်းကြောင့် ယျေဘုယျ သဘောလောက်သာ ဖော်ပြပေးပါမည်။ နည်းစနစ်အသေးစိတ်အား
လေ့လာကြည့်ရှု့လိုပါက အောက်တွင် ဖော်ပြထားသော လင့်များတွင် ဝင်ရောက်
ကြည့်ရှု့လေ့ လာနိုင်သည်။ သံရက်တော့ဖြင့် ဖုတ်ရာ၌ ရက်တော့( Retort ) အတွင်း
မီးသွေးဖုတ်မည့် ပစ္စည်းများကို နေရာလပ် မရှိစေရန် တက်နိုင်သမျှ စီစီရီရီ ထည့်ပေးရသည်။
ဖိုကိုအလုံပိတ်ထားပြီး လေမဲ့အခြေအနေတွင် ပြင်ပမှ အပူပေး၍ ဖုတ်သော နည်းစနစ်ဖြစ်သည်။
လောင်စာတချို့ကို ဦးစွာ မီးရှို့အပူပေးရသည်။ အပူချိန် ၂၉၀ ံခန့်တွင် သစ်သားဓာတ်ငွေ့များ
( Wood gass) လှိုင်လှိုင် ထွက်လာသည်။
၎င်း ဓာတ်ငွေ့ဖြင့်ပင် ဖိုကိုပြန်၍ မီးထိုးပေးရသည်။ ဖိုအပူချိန်ကို ၃၅၀ ံမှ ၄၀၀ ံအတွင်း
ထိန်းထားပေးရသည်။ ပျမ်းမျှအားဖြင့် ၂၄ နာရီခန့် ဖုတ်ပြီးချိန်တွင် ဓာတ်ငွေ့အား
မီးတောင် လောင်မှု လျော့နည်းသွားချိန်တွင် အအေးခံ၍ မီးသွေးထုတ်ယူနိုင်သည်။
တချို့သော မီးသွေးဖုတ်နည်းများတွင် မီးသွေးဖုတ်ရာမှ ထွက်ရှိလာသော သစ်သား ဓာတ်ငွေ့များကို အလေလွင့်မဖြစ်စေရန် ငွေ့ရည်ဖွဲ့ကိရိယာအတွင်း ဖြတ်သန်းစေခြင်းဖြင့် အရည်မဖြစ်သည့် ဓာတ်ငွေ့များနှင့် သစ်သားပေါင်းခံရည်( Wood veniger )ကို ရရှိနိုင်သည်။ အရည်မဖြစ်သည့် ဓာတ်ငွေ့တွင် ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ကာဗွန်မိုနောက်ဆိုဒ်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ပါရှိသည်။

ယင်း ဓာတ်ငွေ့ကို ဆင်းဓာတ်ငွေ့(syngas)ဟု ခေါ်၍ လောင်စာအဖြစ် အသုံးပြုနိုင်သည်။
အင်ဂျင်စက်များလည်ပတ်ရန် လောင်စာအဖြစ်လည်း အသုံးပြုနိုင်သည်။ ငွေ့ရည်ဖွဲ့ကိရိယာမှ ဖြတ်သန်းလာသော အရည်တွင် အလွှာ ၂ ခု ကွဲနေပြီး အညိုရောင် ပေါင်းခံရည်သည် အက်ဆစ်ဂုဏ်သတ္တိရှိ၍ အဓိကအားဖြင့် အက်စီတစ်အက်ဆစ် (Acetic acid)၊ မီသနော(Methanol)တို့ ပါဝင်ပြီး မီသိုင်းအက်စီတိတ်နှင့် အက်စီတုန်း အနည်းငယ်ပါဝင်သည်။
ယင်း အလွှာကို ပိုင်ရိုလစ်ဂနီးယက်အက်ဆစ် ( Pyroligneous acid ) အလွှာဟု ခေါ်သည်။
အောက်အလွှာသည် မဲနက်သော အရည်ဖြစ်၍ သစ်ထွက်ကတ္တရာ( Wood tar ) ဟုခေါ် ပြီး
အော်ဂဲနစ်ဒြပ်ပေါင်းများစွာ ပါဝင်သည်။ အဆိုပါကတ္တရာကို လျှော်ကြိုးများ ကြာရှည်စွာ
ခိုင်ခန့်စေရန် သုတ်ဆေးအဖြစ် လည်းကောင်း၊ ပိုးသတ်ဆေးအဖြစ် လည်းကောင်း၊
အပင်ငယ်များကို လောင်စေနိုင်သောကြောင့် ပေါင်းသတ်ဆေးအဖြစ် လည်းကောင်း
အသုံးပြုနိုင်သည်။
မီးသွေးအသုံးပြုမှု အမျိုးမျိုး( Charcoal uses ) –
မီးသွေး( Charcoal )ကို လူတိုင်းသိကြသည်။ သို့သော် မီးသွေး၏ အသုံဝင်ပုံ အမျိုးမျိုးကိုတော့
လူတိုင်းမသိကြချေ။ ဇီဝဒြပ်ထု(Biomas) အမျိုးအစားကိုလိုက်၍
ရရှိလာသော မီးသွေးအမျိုးအစား ကွဲပြားသကဲ့သို့ ထုတ်လုပ်သည့် နည်းစနစ်အရလည်း မီးသွေး
အဆင့်အတန်းကို ခြားနားသွားစေသည်။ ထို့အတူ မီးသွေးအရည်အသွေးအပေါ်မူတည်၍လည်း
အပြုပုံအမျိုးမျိုး ကွာခြားသွားတော့သည်။ မီးသွေး( Charcoal )ကို ရင်းနှီးကျွမ်းဝင်စွာ
အများဆုံး သိကြသည်မှာ ထမင်း၊ ဟင်းချက်ပြုတ်ရန် လောင်စာအဖြစ် အသုံးပြုခြင်းဖြစ်သည်။
၁။ ဆေးဝါးပစ္စည်းများတွင် အသုံးပြုခြင်း –
အစာအိမ်လေပွခြင်း(Flatulence)၊ ဝမ်းလျောခြင်း(Diarrhoea) စသည့် ရောဂါများကို ကုသရန် အသုံးပြုသော သောက်ဆေးများအဖြစ် ထုတ်လုပ်ကြောင်း သိရသည်။ ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ
မလိုလားအပ်သော အဆိပ်အတောက်များကို ထုတ်ပစ်ရန် မီးသွေးဖြင့်ပြုလုပ်ထားသော
ခြေဖဝါးကပ် ပလာစတာများကိုလည်း တွေ့ရှိရသည်။ အီသလင်း(Ethylene) အဆိပ်သင့်ခြင်း၊
လစ်သီယမ်(Lithium) အဆိပ်သင့်ခြင်းနှင့် ဆိုင်ယာနိုက်(Cyanide) အဆိပ်သင့်ခြင်းတို့တွင်
အရေးပေါ် ကုသရန် ဆေးဝါးအဖြစ် ထုတ်လုပ်သည်ဟုလည်း သိရှိရသည်။
၂။ အလှကုန်ပစ္စည်းများတွင်း အသုံးပြုခြင်း –
မီးသွေးကို အလှကုန်ပစ္စည်းများစွာ ပြုလုပ်၍ အသုံးပြုသည်ကိုတွေ့ရှိရပြီး အထူးသဖြင့်
မျက်နှာပြင်အသားအရေ လှပစေရန် ရည်ရွယ်ပြီး မီးသွေးကို အခြေခံ၍ထုတ်လုပ်သော
Charcoal mask သည် အလှကုန်ပစ္စည်းများတွင် ထင်ရှားသည်။ မျက်နှာသစ်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာနှင့် သွားတိုက်ဆေးတို့ကိုလည်း ထုတ်လုပ်ကြသည်။
၃။ အခြားသော ပစ္စည်းများ –
မီးသွေး၏သဘာဝသည် ဓာတ်ငွေ့များကိုစုပ်ပြီး ထိန်သိမ်းထားနိုင်သော ဂုဏ်သတ္တိရှိသောကြောင့်
အနံ့ဆိုးများ ကင်းစင်စေရန် အကျဉ်းထောင်၊ ဆေးရုံကဲ့သို့သော နေရာများတွင် မီးသွေးကို
အသုံးပြုကြသည်။ မွေးမြူရေးခြံများတွင်လည်း အနံ့ဆိုးများ ကင်းစင်စေရန် အသုံးပြုသည်။
အဆိပ်ဓာတ်ငွေ့ကာကွယ်သော ဓာတ်ငွေ့ကာ မျက်နှာဖုံးပြုလုပ်ရာတွင်လည်း မီးသွေးကို အသုံးပြုသည်။ အပူကာ ပစ္စည်းများအဖြစ်လည်း ပြုလုပ်နိုင်သည်။ ရေဆိုးများ သန့်စင်ရာတွင်လည်း မီးသွေးကို အသုံးပြုသည်။ ယမ်းပြုလုပ်ရာတွင်လည်း အသုံးပြုသည်။
ဖော်ပြပါ ပစ္စည်းအများစုအတွက် အသုံးပြုသော မီးသွေးသည် ရိုးရိုးမီးသွေးမဟုတ်ဘဲ
ဓာတ်ကြွကာဗွန်ဟုခေါ်သော “Activated charcoal” အရည်အသွေးမြင့် မီးသွေးဖြစ်သည်။





Leave a Reply

Your email address will not be published. Required fields are marked *