BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

==================

မှိုစိုက်ပျိုးမှုကဏ္ဍကို မြို့နယ်လေးမြို့နယ်မှာအကောင်အထည်ဖော်သွားမည်
မှိုစိုက်ပျိုးမှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေး မြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအဖွဲ့မှသိရပါတယ်။
မှိုထုတ်လုပ်မှုအရည်အသွေးနဲ့ စားသုံးသူများလျော်ညီစွာစားသုံးနိုင်ရန်အတွက် မှိုစိုက်ပျိုးမှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ွရက်သွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအဖွဲ့မှ ဥက္ကဌ ဦးတင်အောင်ကပြောပါတယ်။
“မှိုစိုက်ပျိုးမှုကဏ္ဍဖွံ့ဖြိုးဖို့အတွက်ပါ။ ထုတ်လုပ်မှုရယ်အရည်အသွေးရယ် အစားအစာ လုံခြုံစိတ် ချမှု ရယ်စားသုံးတဲ့သူတွေလျော်ညီစိတ်ချစွာစားသုံးဖို့ရည်ရွယ်ပြီးလုပ်တာပါ။အရည်အသွေးကနည်းနည်းလိုနေတယ်လေ။စလုပ်ဖို့လက်မှတ်စထိုးပြီ။ ရန်ကုန်တိုင်းထဲကလေးမြို့နယ်ဖြစ်တဲ့ မင်္ဂလာဒုံ ၊ လှည်း ကူး ၊ မှော်ဘီ နဲ့ တိုက်ကြီးမှာလုပ်သွားမှာပါ”
မှိုစိုက်ပျိုးမှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၀ ဒီဇင်ဘာလထိ လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအ သင်း ၊ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအဖွဲ့နဲ့ ရန်ကုန်တိုင်းစိုက်ပျိုးရေး ဦးစီးဌာနတို့ ပူး ပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါမြို့နယ်လေးမြို့နယ်ထဲက တစ်မြို့စီကို တောင်သူလယ်သမားအယောက်(၂၀)ကနေစပြီး သင် တန်းများပို့ချလုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူ များအဖွဲ့မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *