BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

=================

မြန်မာ့ငရုတ်သီးများ ပြည်ပနိုင်ငံများကို သတ်မှတ်စံနှုန်းများဖြင့်သာတင်ပို့နိုင်မည်
ပြည်ပနိုင်ငံများကိုမြန်မာ့ငရုတ်သီးများတင်ပို့နေရတဲ့အတွက် ပြည်ပနိုင်ငံများရဲ့သတ်မှတ်စံနှုန်းများနဲ့ သာတင်ပို့ခွင်ပြုတော့မှာဖြစ်ကြောင်း ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိ ရပါတယ်။
ယခုလက်ရှိမှာ ဝယ်ယူတဲ့နိုင်ငံများမှာ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် နဲ့စိုက်ပျိုးထားတဲ့ ငရုတ်သီးများကိုသာ လက်ခံတော့မှာဖြစ်ကြောင်း ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ အခုလက်ရှိကတော့ ငရုတ်သီးကို တင်ပို့နေရပါတယ်။ ဒါပေမယ့်နောက်ပိုင်းတင်ပို့တဲ့အခါမှာကျ တော့ သူတို့နိုင်ငံတွေရဲ့ သတ်မှတ်ထားတဲ့ ထုတ်ပိုးမှုစနစ်နဲ့ပိုးမွှားကင်းစင်ကြောင်းလက်မှတ်ပါမှသာ တင်ပို့ခွင့်ပြုမှာအဲဒီလက်မှတ်မပါရင်တော့ ခွင့်မပြုတော့ဘူး”
မြန်မာ့ငရုတ်သီးကို တရုတ် ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံများကို တင်ပို့နေတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီးနဲ့မြန်မာနိုင်ငံအထက်ပိုင်းတို့မှာအများဆုံးစိုက်ပျိုးတာဖြစ် ကြောင်းငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *