BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

==================

မြန်မာ့ဆန်အရည်အသွေး၊စံချိန်စံညွှန်းနဲ့ ဆန်အကဲဖြတ်ရေးနည်းပညာသင်တန်းပထမဦးဆုံး ဖွင့်သွား မည်
မြန်မာ့ဆန်အရည်အသွေး ၊စံချိန်စံညွှန်းနဲ့ဆန်အကဲဖြတ်ရေးနည်းပညာသင်တန်းကို ဆန်စပါးကုန်စည် ဒိုင်(ဝါးတန်းလမ်း)မှာပထမဦးဆုံးအနေဖြင့်သင်ကြားဖွင့်လှစ်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှသိရပါတယ်။
ဆန်အရည်အသွေးတိုင်းတာမှုများကိုသိရှိနားလည်စေနိုင်ပြီးနိုင်ငံတကာဆန်အရည်အသွေးနဲ့ကိုက်ညီ မှုရှိလာနိုင်ဖို့အတွက်ရည်ရွယ်ဖွင့်လှစ်တာဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်ကပြောပါတယ်။
“ဆန်အရည်အသွေးဘယ်လိုရှိလဲ ၊အစိုဓါတ်ကိုဘယ်လိုတိုင်းမလဲဆိုတာအဲဒီသင်တန်းလေးဖွင့်မယ်။ နိုင်ငံခြားပို့နေတာတွေကိုလည်သေချာနားလည်အောင် ဆန်ရဲ့အရည်အသွေးတွေလည်းသိအောင်။ ဆန်ကိုတိုင်းတာတွေလည်းနားလည်နိုင်အောင်၊နိုင်ငံတကာဆန်အရည်အသွေးနဲ့ကိုက်ညီအောင်၊ဆန်ကုန်သည်အစလယ်သမားထိသိရအောင်လို့ဖွင့်တာပါ”
သင်တန်းတက်ရောက်လိုတဲ့ ဆန်စက်လုပ်ငန်းရှင်များ ၊ ဆန်စပါးကုန်သည်များ ၊ Exporter များဆန် အကျိုးဆောင်များအနေနဲ့ သင်တန်းတက်ရောက်နိုင်ရန်အတွက်ဖုန်းနံပါတ်၀၉- ၄၂၁၁၆၇၄၇၄ နဲ့ ၀၉- ၄၂၂၄၆၃၄၀၃ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
အဆိုပါသင်တန်းကိုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှပူးပေါင်းပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းသားဦးရေ (၅၀)ခန့် သင်ကြားပေးသွားမှာဖြစ် ကြောင်း သိရ ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *