BREAKING NEWS

အစေ့ထုတ်ပြောင်းဈေးနှုန်းများကျဆင်းလာ

ယခုတစ်ပတ်အတွင်းအစေ့ထုတ်ပြောင်းဈေးနှုန်းများအနည်းငယ်ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ထိုင်းနိုင်ငံတွင် ပြောင်းရာသီရောက်လာတော့မှာဖြစ်တာကြောင့် အစေ့ထုတ်ပြောင်းဝယ်ယူမှုရပ်တန့် တော့မှာဖြစ်တဲ့အတွက် ဈေးနှုန်းများကျဆင်းလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးမင်းခိုင်ကပြောပါတယ်။

“ ပြည်ပနိုင်ငံတွေကလည်း တရုတ်ဘက်ကတင်ပို့ခွင့်မရသေးဘူး။ထိုင်းဘက်ကလည်း ပြောင်းကိုဝယ် ယူနေပေမယ့်ဒီလကုန်တာနဲ့ ပြောင်းမဝယ်တော့ဘူး။ဟိုဘက်မှာကရာသီချိန်ရောက်လာပြီဆိုတော့ မြန်မာ့ပြောင်းကိုဝယ်ယူသေးမှာမဟုတ်ဘူး။အဲဒါကြောင်ပြောင်းဈေးနှုန်းကကျဆင်းလာတာပါ”

မြန်မာ့အစေ့ထုတ်ပြောင်းတစ်ပိဿာကို ယခင်လများက တစ်ပိဿာကို ၅၄၀ဝန်းကျင်ရှိခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း တစ်ပိဿာကို ကျပ် ၅၀၀ ဝန်းကျင်ခန့်သာရှိတော့ကြောင်း အဆိုပါအသင်း မှသိရပါတယ်။

ယခုလက်ရှိအချိန်တွင်မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကိုအဓိကထားတင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

Unicode ဖြင့်ဖတ်ရန်

==================

Leave a Reply

Your email address will not be published. Required fields are marked *