BREAKING NEWS

⁠ေရ၀ပ္⁠ျခင္း ⁠ျပႆနာ (Causes of Waterlogging)

ေရဝပ္ျခင္း( Waterlogging ) –

ေရဝပ္ျခင္းဆိုသည္မွာ ေျမႀကီးထဲတြင္  ေရျပည့္ဝေနျခင္းကို ရည္ၫႊန္းျခင္းျဖစ္၍  တနည္းဆိုရေသာ္ ေျမဆီလႊာအတြင္း  ေျမမႈန္မ်ားအၾကား႐ွိ လြတ္ေနေသာေနရာမ်ား (Pore space in soil) အတြင္း ေနရာလပ္ မ႐ွိေအာင္ ေရမ်ားျပည့္ဝေနျခင္း(Saturated Soils) လိုအပ္ေသာ ေရ ပမာဏထက္
ပိုလွ်ံေနျခင္းျဖစ္သည္။ စိုက္ပ်ိဳးေရးတြင္ ေရဝပ္ျခင္းျပႆနာသည္ အလြန္ႀကီးက်ယ္ေသာ ကိစၥတစ္မ်ိဳးျဖစ္သည္။

သီးႏွံဖြံ႔ၿဖိဳးျခင္းႏွင့္ ေျမဆီလႊာအေပၚ
ေရဝပ္ျခင္း၏ အက်ိဳးသက္ေရာက္မႈ( Impacts of Waterlogging on Crop Development ) –

ေရဝပ္ျခင္း/ေရလႊမ္းမိုးျခင္း(Flooding) ေၾကာင့္ ျဖစ္ေပၚလာႏိုင္ေသာ အပင္ႏွင့္ ေျမဆီ လႊာတို႔အေပၚ  ဆိုးက်ိဳးသက္ေရာက္ႏိုင္မႈသည္ အပင္မ်ိဳး၊ ႀကီးထြားမႈအဆင့္၊ ေရဝပ္ ကာလၾကာခ်ိန္တို႔အေပၚ  မ်ားစြာ မူတည္ေနၿပီး ပ်က္စီးမႈအတိုင္းအတာ ကြာျခားႏိုင္သည္။

ေရဝပ္ခ်ိန္ၾကာျမင့္ပါက ေျမဆီလႊာအတြင္း ေျမမႈန္မ်ားအၾကား Oxygen ခ်ိဳ႕တဲ့သြားၿပီး
ေလမဲ့အေျခအေန(Anaerobic conditions)ကိုျဖစ္ေပၚေစႏိုင္သည္။ ေရဝပ္ျခင္းေၾကာင့္ ေျမဆီလႊာထဲတြင္ Hypoxia (Low Oxygen Concentrations) ေအာက္ဆီဂ်င္ မလံုေလာက္သည့္ အေျခအေနကို ျဖစ္ေပၚေစသည္။ အေၾကာင္းမွာ Oxygen သည္ ေရထဲသို႔ ေပ်ာ္ဝင္သြား၍ ျဖစ္သည္။ အပင္ဟူသမွ်တို႔သည္  Oxygen ခ်ိဳ႕တဲ့သြားသည္ႏွင့္ ဇီဝ႐ုပ္ျဖစ္ပ်က္မႈ (Metabolism) ေလ်ာ့သြားျခင္း၊ ႀကီးထြားမႈ  ရပ္ဆိုင္းျခင္း စသည္တို႔ျဖစ္တက္သည္။
အေၾကာင္း မွာ အပင္မ်ားစြာတို႔၏ အျမစ္မ်ားသည္ Oxygen လံုေလာက္စြာမရ႐ွိေသာ ေျမမွာထက္၊ Oxygen ေကာင္းစြာရ႐ွိေသာေျမဆီလႊာတြင္ ေရစုပ္ယူမႈ ပိုမိုေကာင္းမြန္ေသာေ ၾကာင့္ျဖစ္သည္။
ေျမဆီလႊာအတြင္း ေလေရာျခင္း(Aeration) မ႐ွိေတာ့သည့္အခါ ေလဝင္ေလထြက္
ညံ့ဖ်င္း သြားၿပီး ေျမဆီလႊာအတြင္း႐ွိ ေရမ်ားသည္ အျမစ္မွတဆင့္ အပင္ေပၚသို႔ မပို႔ႏိုင္ေတာ့ဘဲ
အပင္တြင္ ေရျပတ္လပ္သြားၿပီးေနာက္ အပင္ညႇိဳးျခင္း(Withing) ကို ျဖစ္ေစသည္။
ေျမဆီလႊာတြင္ ေအာက္စီဂ်င္ခ်ိဳ႕တဲ့မႈသည္ ၄၈ နာရီ မွ ၉၆ နာရီခန္႔ ျပတ္လပ္သြားပါက
အပင္အတြက္ အႏၱရာယ္႐ွိသည္။

စပါးေစ့၊ ေျပာင္းေစ့မ်ား အပင္ေပါက္ခါစ ငယ္ရြယ္ခ်ိန္တြင္ အပင္ငယ္စဥ္တြင္  ၄၈ နာရီထက္ ေက်ာ္လြန္၍ ေရဝပ္ဒဏ္ ခံရပါက ေသေစႏိုင္သည္။ အေစ့မ်ား အေညႇာင့္ေပါက္သည့္ အဆင့္တြင္အပင္ဇီဝကမၼျဖစ္စဥ္သည္ အျမင့္ဆံုး ျဖစ္ေသာေၾကာင့္ ေရဝပ္ဒဏ္ကို လံုးဝ မခံႏိုင္ပါ။အေစ့ေပါက္ျခင္း( Germination ) တြင္အေစ့ေပါက္ရန္ Respiration ျဖစ္စဥ္၌
Oxygen လိုအပ္သည္။ Oxygen ခ်ိဳ႕တဲ့ေသာ အေျခအေနတြင္ အေစ့ေပါက္ျခင္းျဖစ္စဥ္ကို
အေႏွာက္အယွက္ျဖစ္ေစသည္။

အထူးသျဖင့္ ပဲမ်ိဳးႏြယ္ဝင္အပင္မ်ား(Legumes) တြင္ ေရဝပ္ျခင္းေၾကာင့္ျဖစ္ေပၚလာေသာ Oxygen ခ်ိဳ႕တဲ့သည့္ ပံုစံအား နည္းနည္းမွ မခံႏိုင္ေၾကာင္း ေတြ႔ရသည္။ အပင္မ်ားဆဲလ္ကြဲျခင္း ( Cell division )၊ အာဟာရပို႔ေဆာင္ျခင္းႏွင့္ ႀကီးထြားရန္အတြက္ Oxygen လိုအပ္သည္။ ေရဝပ္ျခင္းေၾကာင့္ ေျမဆီလႊာအတြင္း  အပူခ်ိန္နိမ့္က်သြားၿပီး အပင္မ်ားႏွင့္ ေျမဆီလႊာတြင္ ဇီဝပိုင္းဆိုင္ရာႏွင့္ ဓာတုလုပ္ငန္းစဥ္မ်ားကို  မ်ားစြာ သက္ေရာက္ႏိုင္သည္။

ေရစုပ္ယူမႈ ညံ့ဖ်င္းေသာအပင္သည္ အပင္တြင္းဇီဝကမၼဆိုင္ရာျဖစ္စဥ္မ်ား ေလ်ာ့က်သြားၿပီး
အသက္႐ွင္ႏိုင္ရန္ အခြင့္အလမ္းနည္းသြားသည္။ ေရဝပ္ဒဏ္ခံရေသာ စိုက္ပ်ိဳးသီးႏွံပင္မ်ားတြင္
အထြက္ႏႈန္းကို သိသိသာသာ ထိခိုက္ေစႏိုင္ၿပီး အခန္႔မသင့္ပါက အပင္မ်ား ေသသည္အထိ ပ်က္ဆီးဆံုး႐ွံဳးမႈမ်ား ျဖစ္ေပၚေစႏိုင္သည္။

ေရဝပ္ခ်ိန္ၾကာသည္ျဖစ္ေစ၊ မၾကာသည္ျဖစ္ေစသီးႏွံပင္မ်ား၏ ႀကီးထြားမႈအေပၚ
အနည္းႏွင့္ အမ်ား သက္ေရာက္မႈမ်ား႐ွိေနသည္။

စပါးစိုက္ခင္းမ်ားတြင္ ေရကို အၿမဲေလွာင္ထားၿပီးတမန္းႏိႈးျခင္းမျပဳလုပ္ႏိုင္သည့္အခါ ေျမႀကီးသည္
အက္ဆစ္ဆန္ေသာ ေျမဆီလႊာျဖစ္ေနပါက သံအဆိပ္သင့္ျခင္း( Iron toxicity ) ေတြ႔ရသည္။
ထို႔အျပင္ ေျမဆီလႊာအတြင္း ေလဝင္ေလထြက္နည္းသြားျခင္းေၾကာင့္ အက္ဆစ္ျပင္းအား
ပိုလာေလ့သည္။  ဆည္ေရေသာက္ စိုက္ကြက္မ်ားတြင္ မၾကာခဏ ေတြ႔ရတက္သည့္ စိုက္ခင္းအတြင္း
သီးႏွံရာသီတစ္ေလ်ာက္လံုး ေရအျပည့္ သြင္းထားျခင္းသည္ သီးႏွံအထြက္ႏႈန္းကို အက်ိဳးမျပဳ သည ့္အျပင္ ေျမဆီလႊာကို  ပ်က္ဆီးေစသည္။ စိုက္ခင္းအတြင္း စဥ္ဆက္မပ်က္ ေရ႐ွိေနျခင္းေၾကာင့္
ေျမေအာက္႐ွိ ဆိုဒီယမ္ကဲ့သို႔ေသာ ဆားမ်ား ေျမေပၚသို႔ စုပံုလာႏိုင္ျခင္း(Salt imported)၊
ေျမေအာက္ေရ( Water table ) ျမင့္လာျခင္းႏွင့္ ေျမေအာက္အလႊာမာ( Hardpan ) ေပါက္သြားျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ ေျမကြၽံျခင္း( ဒံုေပါက္ျခင္း )တို႔ ျဖစ္ေစသည္။

အခ်ိန္ကာလၾကာျမင့္စြာ ေရဝပ္ဒဏ္ခံရေသာ ေျမဆီလႊာသည္ ေရျပန္က်သြားၿပီးေနာက္ပိုင္း
အက်ိဳးဆက္အျဖစ္ အပင္တို႔၏ အျမစ္မ်ား ထိခိုက္ပ်က္စီးသြားေလ့႐ွိသည္။
ထိုအခါ အပင္တို႔သည္ အာဟာရမ်ားကို ရယူႏိုင္စြမ္း အားနည္းသြားတက္သည္။
ေျမဆီဩဇာ ေလ်ာ့နည္းေပ်ာက္ဆံုးျခင္းသည္ အေရးပါေသာ ကန္႔သတ္ခ်က္ျဖစ္သည္။
အထူးသျဖင့္ ေဖာ့စ္ဖရက္( Phosphrous )  ခ်ိဳ႕တဲ့မႈကို ဆိုးဆိုးရြားရြား ျဖစ္ေစႏိုင္သည္။
အေၾကာင္းမွာ ေရဝပ္ျခင္းေၾကာင့္ ေျမဆီလႊာအတြင္း ေလမ႐ွိေတာ့ဘဲ အပင္မ်ား
ေသဆံုးသြားသည့္အခါ အသက္႐ွင္ေနဆဲ အပင္တို႔၏ အျမစ္မ်ားတြင္ ကပ္တြယ္ေနေသာ
မိုက္ကို႐ိုင္ဇာ( Mycorrhiza ) ဟု ေခၚသည့္ မိႈတစ္မ်ိဳးမွာ စြမ္းေဆာင္ခ်က္ ကင္းမဲ့သြား၍
ျဖစ္သည္။ ၎ မိုက္ကို႐ိုင္ဇာမိႈသည္ အသက္႐ွင္ေနေသာ အပင္၏အျမစ္မ်ား၌သာ
တြယ္ကပ္ေနႏိုင္ၿပီး အပင္အတြက္လိုအပ္ေသာ ေဖာ့စ္ဖရက္(Phosphrous) ကဲ့သို႔ အပင္က စုုပ္ယူႏိုင္မႈအားနည္းေသာ အာဟာရဓာတ္ကိုု အပင္မွ လိုသေလာက္စုုပ္ယူႏိုင္ရန္
စြမ္းေဆာင္ေပး သည္။ ေရဝပ္ဒဏ္ခံခဲ့ရေသာ ေျမဆီလႊာတြင္ Phosphrous နည္းတူ
ႏိုက္ထ႐ိုဂ်င္(Nitrogen) လည္း ခ်ိဳ႕တဲ့ေလ့႐ွိ၏။ ေရဝပ္ၿပီးေနာက္ပိုင္း အပင္မွ အလြယ္တကူ
စားသံုးႏိုင္ေသာ Nitrates( NO3 ) မ်ားသည္ ေရႏွင့္အတူ စိမ့္ဝင္ေပ်ာက္ဆံုးသြားျခင္းေၾကာင့္
သို႔တည္းမဟုတ္ ေလမဲ့အေျခအေန(Anaerobic  conditions)တြင္ ျဖစ္ေပၚေသာ Denitrification
ျဖစ္စဥ္ေၾကာင့္ Nitrogen ဆံုး႐ွံဳးရျခင္​း ျဖစ္​​ေစႏိုင္သည္​။

ေရဝပ္ျခင္းျပႆနာကို ေျဖ႐ွင္းရန္ –

ေရဝပ္ျခင္းျပႆနာကို ေျဖ႐ွင္းရာတြင္ ႐ုပ္ပိုင္ဆိုင္ရာ ေျဖ႐ွင္းျခင္း၊  ဓာတုပိုင္းဆိုင္ရာ ေျဖ႐ွင္းျခင္း၊ ဇီဝပိုင္းဆိုင္ရာ ေျဖ႐ွင္းျခင္းဟူ၍ အပိုင္း ၃ ခု  ခြဲျခားၿပီး ျပဳျပင္ေဆာင္ရြက္ျခင္း သည္သာ နည္းလမ္းက်ေသာ လုပ္ငန္းေဆာင္တာျဖစ္သည္။

၁။ ႐ုပ္ပိုင္ဆိုင္ရာ ေျဖ႐ွင္းျခင္း –

ေရဝပ္ေနေသာ စိုက္ခင္းထဲမွေရမ်ား အျမန္ဆံုးထြက္သြားႏိုင္ရန္ ေရႏုတ္ေျမာင္းမ်ား
(Drains) တူးေဖာ္၍ ေဖာက္ထုတ္ပစ္ရမည္။ လိုအပ္လို႔ တက္ႏိုင္ပါက ေရစုပ္စက္မ်ား
အသံုးျပဳ၍ ေရထုတ္ပစ္ရမည္။ ေရဝပ္ဒဏ္ခံရၿပီး ေရျပန္က်သြားပါက Soil Aeration Tools မ်ား အသံုးျပဳ၍  ေျမဆီလႊာအတြင္း ေလ ဝင္ေရာက္ႏိုင္ေစရန္ ျပဳလုပ္ျခင္းကို ဦးစားေပးေဆာက္ရြက္ရမည္။
ေရဝပ္ခ်ိန္ကာလၾကာျမင့္ခဲ့ေသာေျမမ်ားကို ေႏြရာသီတြင္ ေႏြထယ္ေရး( Summer
Ploughing) ျပဳလုပ္ေပးရန္ လိုအပ္သည္။ ထို႔ေနာက္ သင့္ေလ်ာ္ရာ ေျမဖံုးပင္(Cover crop)
တစ္မ်ိဳးမ်ိဳးကို စိုက္ပ်ိဳးေပးျခင္း၊ ေက်ာက္မႈန္႔ ( Gypsum ) ထည့္ေပးျခင္း၊ စက္ဖြဲျပာ
( Rice Husk Charcoal ) ထည့္ေပးျခင္းမ်ား ႐ုပ္ပိုင္း၊ ဓာတုပိုင္းႏွင့္ ဇီဝပိုင္းဆိုင္ရာ
ဂုဏ္သတၱိမ်ားတိုးလာၿပီး ေျမဆီလႊာအတြင္း ေလဝင္ေလထြက္ ေကာင္းမြန္ေစသည္။
မၾကာခဏ ေရဝပ္တက္ေသာ ေနရာမ်ားအတြက္  စိုက္ေဘာင္မ်ား(Bunds)ျဖင့္ စိုက္ပ်ိဳးျခင္း
နည္းလမ္းသည္ သင့္ေလ်ာ္ၿပီး အျမစ္မ်ား  ေလႏွင့္ ထိေတြ႔ရန္ အခြင့္အလမ္းမ်ားသည္။

ေျမေအာက္ေရမ်က္ႏွာျပင္နိမ့္၍ ေရဝပ္တက္ေသာ ေနရာအနီးနားတြင္ ပင္ေငြ႔ပ်ံႏႈန္းျမင့္မားၿပီး
ေျမေအာက္ေရကို ေသာက္သံုးႏိုင္ေသာ အပင္မ်ားျဖစ္သည့္ ဇီးပင္(Zyzyphus)၊ ယူကလစ္ပင ္(Eucalyptus)ႏွင့္ ေအာ္ေကး႐ွား (Accacia) အပင္မ်ိဳးမ်ားကို စိုက္ပ်ိဳးျခင္းျဖင့္
၄/၅ ႏွစ္အၾကာတြင္ ထြန္ယက္စိုက္ပ်ိဳးႏိုင္သည့္ေျမ ( Cultivable lands ) ျဖစ္ေပၚလာသည္။

၂။ ဓာတုပိုင္းဆိုင္ရာ ေျဖ႐ွင္းျခင္း –
ေရဝပ္ျခင္းေၾကာင့္ အပင္အာဟာရမ်ားျဖစ္ေသာ ႏိုက္ထ႐ိုဂ်င္( N )၊ ေဖာ့စ္ဖရက္( P )၊ ပိုတက္စီယမ္( K )၊ ကယ္လ္စီယမ္( Ca )၊ မဂၢနီစီယမ္( Mg )၊ ဆာလ္ဖာ( S )ႏွင့္ သံဓာတ္( Fe ) အစ႐ွိသည့္ အာဟာရ( Nutrients ) တို႔သည္လည္း တစ္မ်ိဳး ( သို႔ ) တစ္မ်ိဳးထက္ပို၍ ခ်ိဳ႕တဲ့ႏိုင္ေခ် ႐ွိသည္။ အထူးသျဖင့္ ေဖာ့စ္ဖရက္( Phosphrous )  ေျမဩဇာႏွင့္ ႏိုက္ထ႐ိုဂ်င္( Nitrogen ) ဩဇာဓာတ္မ်ား ခ်ိဳ႕တဲ့မႈသည္ သိသိသာသာ ျဖစ္ေပၚ ႏိုင္သည္ကို ေတြ႔ရသည္။ ထို႔ေၾကာင့္ ေဖာ့စ္ဖရက္ေျမဩဇာကို အပင္အျမစ္ဇုန္( Root zone ) အထိ ေရာက္ေအာင္ ထည့္ေပးရသည္။ စိုက္ခင္းအတြင္း ေရက်သြားသည္ႏွင့္  ထံုးျဖဴးေပးႏိုင္သည္။ ကယ္လ္စီယမ္ သည္ အျမစ္မ်ားႀကီးးထြားဖြံ႔ၿဖိဳးရန္ အေထာက္အကူျပဳသည္။  ေရဝပ္ျခင္းေၾကာင့္ ဆံုး႐ွံဳးသြားေသာ Nitrogen ဓာတ္ကို ျပန္လည္ျဖည့္တင္းေပးရန္ အခ်ိန္တိုအတြင္း အက်ိဳး မ်ားေစသည့္ ေတာင္သူအေခၚ ပုလဲေျမဆီ ယူရီးယား( Urea ) ကဲ့သို႔ေသာ ဓာတ္ေျမဩ ဇာကို ရြက္ဖ်န္း ေျမဩဇာအျဖစ္ သံုးျပဳ၍ အာဟာရ ေထာက္ပံ့ေပးရသည္။ ထို႔အျပင္ ႏိုက္ထရိတ္ အေငြ႔ပ်ံျခင္း  ( Nitrate Volatilization ) နည္းပါးသည့္ ေျဖးေျဖးျခင္းထုတ္ေပး ႏိုင္ေသာ ဓာတ္ေျမဩဇာ ( Slow release fertilizers ) မ်ားကိုအသံုးျပဳရသည္။ သီးႏွံပင္ သက္တမ္းတစ္ေလ်ာက္ လံုေလာက္ေသာ အာဟာရကို ထုတ္ေပးႏိုင္ေသာ Sulphur-coated urea(SCU) ေျမၾသဇာကို အသံုးျပဳႏိုင္သည္။  သို႔တည္းမဟုတ္ သဘာဝႏြားေခ်းေျမဩဇာႏွင့္ ယူရီးယား(Urea) ကို စနစ္က် ေရာစပ္၍  Slow release fertilizers အျဖစ္  အသံုးျပဳႏိုင္ သည္။ သဘာဝေျမဩဇာမ်ားကို ထည့္ေပးျခင္းျဖင့္ အပင္အတြက္လိုအပ္ေသာ  အနည္းလို အာဟာရမ်ားကို ျဖည့္ဆည္းေပးျခင္း မည္ေသာေၾကာင့္ မျဖစ္မေန  ထည့္သြင္းေပးသင့္သည္။

၃။ ဇီဝပိုင္းဆိုင္ရာ ေျဖ႐ွင္းျခင္း –
ေရဝပ္ၿပီးေနာက္ ေျမဆီလႊာအတြင္း အက်ိဳးျပဳ အဏုဇီဝသက္႐ွိမ်ား  (Beneficial microorganisms) ျပန္​လည္​​ ေရာက္႐ွိလာရန္ ေျမဖုံးပင္မ်ား( Cover crops ) စိုက္ပ်ိဳးျခင္း၊ ေျမဆီလႊာအတြင္း ႏိုက္ထ႐ိုဂ်င္ျဖည့္တင္းေပးရန္ ပဲမ်ိဳးရင္းဝင္ အပင္မ်ား စိုက္ပ်ိဳးျခင္း၊ ဇီဝမီးေသြး ( Biochar ) မ်ား ထည့္ေပးျခင္း၊ သဘာဝ ေျမဩဇာမ်ား ထည့္ေပးျခင္းတို႔ကို မျဖစ္မေန ျပဳ လုပ္ေပးရမည္။ ေျမဖံုးပင္မ်ား စိုက္ပ်ိဳးေပးျခင္းျဖင့္  ေနာက္စိုက္မည့္ သီးႏွံပင္မ်ားအတြက္ အာဟာရစုပ္ယူမႈကို ကူညီေပးေသာ  မိုက္​ကို႐ိုင္​ဇာ(Mycorrhiza) မိႈႏွင္​့အတူ  အျခားေသာ အက်ိဳးျပဳအဏုဇီဝမ်ား ေရာက္႐ွိလာႏိုင္သည္။

ေရဝပ္ဒဏ္ခံႏိုင္ေသာ အပင္မ်ိဳးမ်ား (Waterlogged tolerant variety) စိုက္ပ်ိဳးျခင္း

ေရဝပ္ဒဏ္ခံႏိုင္ေသာ အပင္မ်ိဳးစိတ္တို႔သည္ အနည္းငယ္သာ႐ွိ၍ အပင္မ်ိဳးစိတ္အမ်ားစုသည္
ေရဝပ္ဒဏ္ကို မခံႏိုင္ၾကေခ်။ ေရဝပ္ဒဏ္ခံႏိုင္ေသာ အပင္တို႔၏ မူျခားျမစ္မ်ား  (Adventitious roots)သည္ ေလခိုေအာင္းႏိုင္ေသာ ေနရာမ်ားပါ႐ွိသည့္  တစ္ရွဴးမ်ားျဖင့္ ဖြဲ႔ စည္းထားေသာေၾကာင့္ ေရဝပ္ဒဏ္ကို ခံႏိုင္ၾကသည္။

ပံုစံ – စပါး(Rice)၊ ဂုန္ေလွ်ာ္(Jute)

စပါးသည္ Oxygen လံုးဝမ႐ွိေသာ အေျခအေနတြင္ အေစ့ေပါက္ႏိုင္စြမ္း႐ွိ၍  ေရအျမဲတမ္း ႐ွိေန မွသာ ျဖစ္ထြန္းႏိုင္သည္။ ယင္းပံုစံမ်ိဳးအား စပါးႏွင့္ ႏွီးႏြယ္ေသာ  တခ်ိဳ႕ေသာ ေပါင္းျမက္မ်ိဳးမ်ားေတြ႔ရၿပီး Oxygen ကို တစ္ႀကိမ္ေလာက္ ရယူလိုက္ရံုနဲ႔
Oxygen ခ်ိဳ႕တဲ့ေသာ အေျခအေနေအာက္တြင္ အေစ့တို႔သည္ ျမန္ဆန္စြာ ေပါက္လာၾကသည္။
ဥပမာ – Barnyard grass(Echinochloa spp.)

တခ်ိဳ႕ေသာ အပင္တို႔သည္ ေရဝပ္ဒဏ္ကို  ၂၄ – ၃၆ – ၄၈ – ၇၂ စသျဖင့္ နာရီအပိုင္းအျခား၊
ရက္အပိုင္းအျခားလိုက္ ခံႏိုင္ရည္ ႐ွိသည္ကို ေတြ႔႐ွိရသည္။ ယင္း ကဲ့သို႔ေသာ အပင္မ်ားတြင္
အပင္ေဟာ္မ်ား(Plant hormones)ျဖစ္သည့္ ေအာက္ဇင္(Auxin ) ႏွင့္ အီသလင္း(Ethylene) တို႔က တုန္ျပန္ႏိုင္လိမ့္မည္ဟု ယူဆရသည္။ အပင္အမ်ားစုကေတာ့ ေရဝပ္ခ်ိန္ အနည္းငယ္ ၾကာလာသည္႐ွိေသာ္ Oxygen လံုေလာက္မႈ အခက္အခဲ ႐ွိလာ သည့္အခါ ေလ႐ွဴေပါက္မ်ား ( Stomatal ) ပိတ္လိုက္ၿပီး ဇီဝကမၼဆိုင္ရာ ျဖစ္စဥ္မ်ားကို ေလ်ာ့ခ်လိုက္သည္ဟု သိရၿပီး  C3 plants အမ်ားဆံုး ေတြ႔႐ွိရသည္။

ေရဝပ္ဒဏ္ခံရၿပီးေနာက္ ပိုးမႊား/ေရာဂါ ျပႆနာ

ေရဝပ္ဒဏ္ခံရၿပီးေနာက္ပိုင္း သီးႏွံပင္မ်ားတြင္ အားအင္ခ်ိနဲ႔သြားသည့္အခါ ပိုးမႊား၊ ေရာဂါတို႔က
မဖိတ္ေခၚဘဲ ေရာက္လာၾကသည္။ က်ေရာက္သည့္ ပိုးမႊားတို႔သည္ မ်က္စိႏွင့္
ျမင္ေတြ႔ႏိုင္ေသာေၾကာင့္ ႏွိမ္နင္းမည့္နည္းလမ္းအား အလြယ္တကူ သိ႐ွိႏိုင္သည္။
ေရာဂါက်ေရာက္ပါက ေရာဂါအမ်ိဳးအစားကို တိတိက်က်သိ႐ွိႏိုင္ရန္ အလြန္အေရးႀကီးသည္။
ေရာဝပ္ျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အရြက္ဝါျခင္း( Leaves turning yellow )၊
အပင္ညိဳးျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္း( Nutrient deficiency ) အစ႐ွိသည့္
လကၡဏာမ်ားႏွင့္ အပင္ေရာဂါ လကၡဏာတို႔ ဆင္တူယိုးမွား ျဖစ္တက္၍ စနစ္တက်
ခြဲျခားတက္ရန္ အင္မတန္မွ အေရးႀကီးသည္။

ဥပမာ – ေရဝပ္ျခင္းေၾကာင့္ ျဖစ္ေပၚေသာ အပင္ညႇိဳးျခင္း( Plant wilting ) ကို ေရာဂါေၾကာင့္ျဖစ္ေသာ အပင္ညႇိဳးျခင္းႏွင့္လြဲမွား၍ ကုသမည္ဆိုပါက အနာတျခား
ေဆး တျခားျဖစ္သြားႏိုင္သည္။ ထို႔နည္းတူစြာ အရြက္မ်ား အဝါေရာင္ေျပာင္းသြားပါက ေရဝပ္ျခင္းေၾကာင့္ အဝါေရာင္ေျပာင္းႏိုင္သလို အာဟာရခ်ိဳ႕တဲ့ျခင္းႏွင့္ ေရာဂါဝင္ေရာက္ျခင္းေ ၾကာင့္ လည္း အရြက္မ်ားအဝါေရာင္ျဖစ္ေပၚ ႏိုင္သည္။ သို႔ျဖစ္၍ ပင္ျပလကၡဏာ၏ ဇစ္ျမစ္ကို
ဂဃနဏ သိ႐ွိရန္ အေရးႀကီးၿပီး မွန္ကန္ေသာကုသနည္းမ်ားကို ေဆာင္ရြက္မွသာ
နည္း လမ္း က်မည္ျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါသည္။

Credit – Nyan Myint

Unicode ျဖင့္ဖတ္ရန္

ရေဝပ်ခြင်း ပြဿနာ (Causes of Waterlogging)
===================================

ရေဝပ်ခြင်း( Waterlogging ) –
ရေဝပ်ခြင်းဆိုသည်မှာ မြေကြီးထဲတွင် ရေပြည့်ဝနေခြင်းကို ရည်ညွှန်းခြင်းဖြစ်၍ တနည်းဆိုရသော် မြေဆီလွှာအတွင်း မြေမှုန်များအကြားရှိ လွတ်နေသောနေရာများ (Pore space in soil) အတွင်း နေရာလပ် မရှိအောင် ရေများပြည့်ဝနေခြင်း(Saturated Soils) လိုအပ်သော ရေ ပမာဏထက်
ပိုလျှံနေခြင်းဖြစ်သည်။ စိုက်ပျိုးရေးတွင် ရေဝပ်ခြင်းပြဿနာသည် အလွန်ကြီးကျယ်သော ကိစ္စတစ်မျိုးဖြစ်သည်။
သီးနှံဖွံ့ဖြိုးခြင်းနှင့် မြေဆီလွှာအပေါ်
ရေဝပ်ခြင်း၏ အကျိုးသက်ရောက်မှု( Impacts of Waterlogging on Crop Development ) –
ရေဝပ်ခြင်း/ရေလွှမ်းမိုးခြင်း(Flooding) ကြောင့် ဖြစ်ပေါ်လာနိုင်သော အပင်နှင့် မြေဆီလွှာတို့အပေါ်
ဆိုးကျိုးသက်ရောက်နိုင်မှုသည် အပင်မျိုး၊ ကြီးထွားမှုအဆင့်၊ ရေဝပ်ကာလကြာချိန်တို့အပေါ်
များစွာ မူတည်နေပြီး ပျက်စီးမှုအတိုင်းအတာ ကွာခြားနိုင်သည်။
ရေဝပ်ချိန်ကြာမြင့်ပါက မြေဆီလွှာအတွင်း မြေမှုန်များအကြား Oxygen ချို့တဲ့သွားပြီး
လေမဲ့အခြေအနေ(Anaerobic conditions)ကိုဖြစ်ပေါ်စေနိုင်သည်။
ရေဝပ်ခြင်းကြောင့် မြေဆီလွှာထဲတွင် Hypoxia (Low Oxygen Concentrations)
အောက်ဆီဂျင် မလုံလောက်သည့် အခြေအနေကို ဖြစ်ပေါ်စေသည်။ အကြောင်းမှာ Oxygen သည် ရေထဲသို့ ပျော်ဝင်သွား၍ ဖြစ်သည်။ အပင်ဟူသမျှတို့သည် Oxygen ချို့တဲ့သွားသည်နှင့် ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) လျော့သွားခြင်း၊ ကြီးထွားမှု ရပ်ဆိုင်းခြင်း စသည်တို့ဖြစ်တက်သည်။
အကြောင်းမှာ အပင်များစွာတို့၏ အမြစ်များသည် Oxygen လုံလောက်စွာမရရှိသော မြေမှာထက်၊ Oxygen ကောင်းစွာရရှိသောမြေဆီလွှာတွင် ရေစုပ်ယူမှု ပိုမိုကောင်းမွန်သောကြောင့်ဖြစ်သည်။
မြေဆီလွှာအတွင်း လေရောခြင်း(Aeration) မရှိတော့သည့်အခါ လေဝင်လေထွက်
ညံ့ဖျင်းသွားပြီး မြေဆီလွှာအတွင်းရှိ ရေများသည် အမြစ်မှတဆင့် အပင်ပေါ်သို့ မပို့နိုင်တော့ဘဲ
အပင်တွင် ရေပြတ်လပ်သွားပြီးနောက် အပင်ညှိုးခြင်း(Withing) ကို ဖြစ်စေသည်။
မြေဆီလွှာတွင် အောက်စီဂျင်ချို့တဲ့မှုသည် ၄၈ နာရီ မှ ၉၆ နာရီခန့် ပြတ်လပ်သွားပါက
အပင်အတွက် အန္တရာယ်ရှိသည်။

စပါးစေ့၊ ပြောင်းစေ့များ အပင်ပေါက်ခါစ ငယ်ရွယ်ချိန်တွင် အပင်ငယ်စဉ်တွင် ၄၈ နာရီထက် ကျော်လွန်၍ ရေဝပ်ဒဏ် ခံရပါက သေစေနိုင်သည်။ အစေ့များ အညှောင့်ပေါက်သည့် အဆင့်တွင်
အပင်ဇီဝကမ္မဖြစ်စဉ်သည် အမြင့်ဆုံး ဖြစ်သောကြောင့် ရေဝပ်ဒဏ်ကို လုံးဝ မခံနိုင်ပါ။
အစေ့ပေါက်ခြင်း( Germination ) တွင်အစေ့ပေါက်ရန် Respiration ဖြစ်စဉ်၌
Oxygen လိုအပ်သည်။ Oxygen ချို့တဲ့သော အခြေအနေတွင် အစေ့ပေါက်ခြင်းဖြစ်စဉ်ကို
အနှောက်အယှက်ဖြစ်စေသည်။

အထူးသဖြင့် ပဲမျိုးနွယ်ဝင်အပင်များ(Legumes) တွင် ရေဝပ်ခြင်းကြောင့်ဖြစ်ပေါ်လာသော Oxygen ချို့တဲ့သည့် ပုံစံအား နည်းနည်းမှ မခံနိုင်ကြောင်း တွေ့ရသည်။ အပင်များဆဲလ်ကွဲခြင်း ( Cell division )၊ အာဟာရပို့ဆောင်ခြင်းနှင့် ကြီးထွားရန်အတွက် Oxygen လိုအပ်သည်။ ရေဝပ်ခြင်းကြောင့် မြေဆီလွှာအတွင်း အပူချိန်နိမ့်ကျသွားပြီး အပင်များနှင့် မြေဆီလွှာတွင် ဇီဝပိုင်းဆိုင်ရာနှင့် ဓာတုလုပ်ငန်းစဉ်များကို များစွာ သက်ရောက်နိုင်သည်။

ရေစုပ်ယူမှု ညံ့ဖျင်းသောအပင်သည် အပင်တွင်းဇီဝကမ္မဆိုင်ရာဖြစ်စဉ်များ လျော့ကျသွားပြီး
အသက်ရှင်နိုင်ရန် အခွင့်အလမ်းနည်းသွားသည်။ ရေဝပ်ဒဏ်ခံရသော စိုက်ပျိုးသီးနှံပင်များတွင်
အထွက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်ပြီး အခန့်မသင့်ပါက အပင်များ သေသည်အထိ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။

ရေဝပ်ချိန်ကြာသည်ဖြစ်စေ၊ မကြာသည်ဖြစ်စေသီးနှံပင်များ၏ ကြီးထွားမှုအပေါ်
အနည်းနှင့် အများ သက်ရောက်မှုများရှိနေသည်။
စပါးစိုက်ခင်းများတွင် ရေကို အမြဲလှောင်ထားပြီးတမန်းနှိုးခြင်းမပြုလုပ်နိုင်သည့်အခါ မြေကြီးသည်
အက်ဆစ်ဆန်သော မြေဆီလွှာဖြစ်နေပါက သံအဆိပ်သင့်ခြင်း( Iron toxicity ) တွေ့ရသည်။
ထို့အပြင် မြေဆီလွှာအတွင်း လေဝင်လေထွက်နည်းသွားခြင်းကြောင့် အက်ဆစ်ပြင်းအား
ပိုလာလေ့သည်။ ဆည်ရေသောက် စိုက်ကွက်များတွင် မကြာခဏ တွေ့ရတက်သည့် စိုက်ခင်းအတွင်း
သီးနှံရာသီတစ်လျောက်လုံး ရေအပြည့် သွင်းထားခြင်းသည် သီးနှံအထွက်နှုန်းကို အကျိုးမပြု သည့်အပြင် မြေဆီလွှာကို ပျက်ဆီးစေသည်။ စိုက်ခင်းအတွင်း စဉ်ဆက်မပျက် ရေရှိနေခြင်းကြောင့်
မြေအောက်ရှိ ဆိုဒီယမ်ကဲ့သို့သော ဆားများ မြေပေါ်သို့ စုပုံလာနိုင်ခြင်း(Salt imported)၊
မြေအောက်ရေ( Water table ) မြင့်လာခြင်းနှင့် မြေအောက်အလွှာမာ( Hardpan ) ပေါက်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော မြေကျွံခြင်း( ဒုံပေါက်ခြင်း )တို့ ဖြစ်စေသည်။
အချိန်ကာလကြာမြင့်စွာ ရေဝပ်ဒဏ်ခံရသော မြေဆီလွှာသည် ရေပြန်ကျသွားပြီးနောက်ပိုင်း
အကျိုးဆက်အဖြစ် အပင်တို့၏ အမြစ်များ ထိခိုက်ပျက်စီးသွားလေ့ရှိသည်။
ထိုအခါ အပင်တို့သည် အာဟာရများကို ရယူနိုင်စွမ်း အားနည်းသွားတက်သည်။
မြေဆီဩဇာ လျော့နည်းပျောက်ဆုံးခြင်းသည် အရေးပါသော ကန့်သတ်ချက်ဖြစ်သည်။
အထူးသဖြင့် ဖော့စ်ဖရက်( Phosphrous ) ချို့တဲ့မှုကို ဆိုးဆိုးရွားရွား ဖြစ်စေနိုင်သည်။
အကြောင်းမှာ ရေဝပ်ခြင်းကြောင့် မြေဆီလွှာအတွင်း လေမရှိတော့ဘဲ အပင်များ
သေဆုံးသွားသည့်အခါ အသက်ရှင်နေဆဲ အပင်တို့၏ အမြစ်များတွင် ကပ်တွယ်နေသော
မိုက်ကိုရိုင်ဇာ( Mycorrhiza ) ဟု ခေါ်သည့် မှိုတစ်မျိုးမှာ စွမ်းဆောင်ချက် ကင်းမဲ့သွား၍
ဖြစ်သည်။ ၎င်း မိုက်ကိုရိုင်ဇာမှိုသည် အသက်ရှင်နေသော အပင်၏အမြစ်များ၌သာ
တွယ်ကပ်နေနိုင်ပြီး အပင်အတွက်လိုအပ်သော ဖော့စ်ဖရက်(Phosphrous) ကဲ့သို့ အပင်က စုပ်ယူနိုင်မှုအားနည်းသော အာဟာရဓာတ်ကို အပင်မှ လိုသလောက်စုပ်ယူနိုင်ရန်
စွမ်းဆောင်ပေး သည်။ ရေဝပ်ဒဏ်ခံခဲ့ရသော မြေဆီလွှာတွင် Phosphrous နည်းတူ
နိုက်ထရိုဂျင်(Nitrogen) လည်း ချို့တဲ့လေ့ရှိ၏။ ရေဝပ်ပြီးနောက်ပိုင်း အပင်မှ အလွယ်တကူ
စားသုံးနိုင်သော Nitrates( NO3 ) များသည် ရေနှင့်အတူ စိမ့်ဝင်ပျောက်ဆုံးသွားခြင်းကြောင့်
သို့တည်းမဟုတ် လေမဲ့အခြေအနေ(Anaerobic conditions)တွင် ဖြစ်ပေါ်သော Denitrification
ဖြစ်စဉ်ကြောင့် Nitrogen ဆုံးရှုံးရခြင်း ဖြစ်စေနိုင်သည်။
ရေဝပ်ခြင်းပြဿနာကို ဖြေရှင်းရန် –
ရေဝပ်ခြင်းပြဿနာကို ဖြေရှင်းရာတွင် ရုပ်ပိုင်ဆိုင်ရာ ဖြေရှင်းခြင်း၊
ဓာတုပိုင်းဆိုင်ရာ ဖြေရှင်းခြင်း၊ ဇီဝပိုင်းဆိုင်ရာ ဖြေရှင်းခြင်းဟူ၍ အပိုင်း ၃ ခု ခွဲခြားပြီး ပြုပြင်ဆောင်ရွက်ခြင်းသည်သာ နည်းလမ်းကျသော လုပ်ငန်းဆောင်တာဖြစ်သည်။
၁။ ရုပ်ပိုင်ဆိုင်ရာ ဖြေရှင်းခြင်း –
ရေဝပ်နေသော စိုက်ခင်းထဲမှရေများ အမြန်ဆုံးထွက်သွားနိုင်ရန် ရေနုတ်မြောင်းများ
(Drains) တူးဖော်၍ ဖောက်ထုတ်ပစ်ရမည်။ လိုအပ်လို့ တက်နိုင်ပါက ရေစုပ်စက်များ
အသုံးပြု၍ ရေထုတ်ပစ်ရမည်။ ရေဝပ်ဒဏ်ခံရပြီး ရေပြန်ကျသွားပါက Soil Aeration Tools များ အသုံးပြု၍ မြေဆီလွှာအတွင်း လေ ဝင်ရောက်နိုင်စေရန် ပြုလုပ်ခြင်းကို ဦးစားပေးဆောက်ရွက်ရမည်။
ရေဝပ်ချိန်ကာလကြာမြင့်ခဲ့သောမြေများကို နွေရာသီတွင် နွေထယ်ရေး( Summer
Ploughing) ပြုလုပ်ပေးရန် လိုအပ်သည်။ ထို့နောက် သင့်လျော်ရာ မြေဖုံးပင်(Cover crop)
တစ်မျိုးမျိုးကို စိုက်ပျိုးပေးခြင်း၊ ကျောက်မှုန့် ( Gypsum ) ထည့်ပေးခြင်း၊ စက်ဖွဲပြာ
( Rice Husk Charcoal ) ထည့်ပေးခြင်းများ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ
ဂုဏ်သတ္တိများတိုးလာပြီး မြေဆီလွှာအတွင်း လေဝင်လေထွက် ကောင်းမွန်စေသည်။
မကြာခဏ ရေဝပ်တက်သော နေရာများအတွက် စိုက်ဘောင်များ(Bunds)ဖြင့် စိုက်ပျိုးခြင်း
နည်းလမ်းသည် သင့်လျော်ပြီး အမြစ်များ လေနှင့် ထိတွေ့ရန် အခွင့်အလမ်းများသည်။
မြေအောက်ရေမျက်နှာပြင်နိမ့်၍ ရေဝပ်တက်သော နေရာအနီးနားတွင် ပင်ငွေ့ပျံနှုန်းမြင့်မားပြီး
မြေအောက်ရေကို သောက်သုံးနိုင်သော အပင်များဖြစ်သည့် ဇီးပင်(Zyzyphus)၊ ယူကလစ်ပင ်(Eucalyptus)နှင့် အော်ကေးရှား (Accacia) အပင်မျိုးများကို စိုက်ပျိုးခြင်းဖြင့်
၄/၅ နှစ်အကြာတွင် ထွန်ယက်စိုက်ပျိုးနိုင်သည့်မြေ ( Cultivable lands ) ဖြစ်ပေါ်လာသည်။
၂။ ဓာတုပိုင်းဆိုင်ရာ ဖြေရှင်းခြင်း –

ရေဝပ်ခြင်းကြောင့် အပင်အာဟာရများဖြစ်သော နိုက်ထရိုဂျင်( N )၊ ဖော့စ်ဖရက်( P )၊ ပိုတက်စီယမ်
( K )၊ ကယ်လ်စီယမ်( Ca )၊ မဂ္ဂနီစီယမ်( Mg )၊ ဆာလ်ဖာ( S )နှင့် သံဓာတ်( Fe ) အစရှိသည့်
အာဟာရ( Nutrients ) တို့သည်လည်း တစ်မျိုး ( သို့ ) တစ်မျိုးထက်ပို၍ ချို့တဲ့နိုင်ချေ ရှိသည်။
အထူးသဖြင့် ဖော့စ်ဖရက်( Phosphrous ) မြေဩဇာနှင့် နိုက်ထရိုဂျင်( Nitrogen )
ဩဇာဓာတ်များ ချို့တဲ့မှုသည် သိသိသာသာ ဖြစ်ပေါ် နိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် ဖော့စ်ဖရက်မြေဩဇာကို အပင်အမြစ်ဇုန်( Root zone ) အထိ ရောက်အောင် ထည့်ပေးရသည်။
စိုက်ခင်းအတွင်း ရေကျသွားသည်နှင့် ထုံးဖြူးပေးနိုင်သည်။ ကယ်လ်စီယမ်သည် အမြစ်များကြီးးထွားဖွံ့ဖြိုးရန် အထောက်အကူပြုသည်။ ရေဝပ်ခြင်းကြောင့် ဆုံးရှုံးသွားသော
Nitrogen ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရန် အချိန်တိုအတွင်း အကျိုးများစေသည့်
တောင်သူအခေါ် ပုလဲမြေဆီ ယူရီးယား( Urea ) ကဲ့သို့သော ဓာတ်မြေဩဇာကို ရွက်ဖျန်း
မြေဩဇာအဖြစ် သုံးပြု၍ အာဟာရ ထောက်ပံ့ပေးရသည်။
ထို့အပြင် နိုက်ထရိတ် အငွေ့ပျံခြင်း ( Nitrate Volatilization ) နည်းပါးသည့် ဖြေးဖြေးခြင်းထုတ်ပေး နိုင်သော ဓာတ်မြေဩဇာ ( Slow release fertilizers ) များကိုအသုံးပြုရသည်။
သီးနှံပင် သက်တမ်းတစ်လျောက် လုံလောက်သော အာဟာရကို ထုတ်ပေးနိုင်သော
Sulphur-coated urea(SCU) မြေသြဇာကို အသုံးပြုနိုင်သည်။
သို့တည်းမဟုတ် သဘာဝနွားချေးမြေဩဇာနှင့် ယူရီးယား(Urea) ကို စနစ်ကျ ရောစပ်၍
Slow release fertilizers အဖြစ် အသုံးပြုနိုင်သည်။ သဘာဝမြေဩဇာများကို ထည့်ပေးခြင်းဖြင့်
အပင်အတွက်လိုအပ်သော အနည်းလိုအာဟာရများကို ဖြည့်ဆည်းပေးခြင်း မည်သောကြောင့် မဖြစ်မနေ ထည့်သွင်းပေးသင့်သည်။
၃။ ဇီဝပိုင်းဆိုင်ရာ ဖြေရှင်းခြင်း –

ရေဝပ်ပြီးနောက် မြေဆီလွှာအတွင်း အကျိုးပြု အဏုဇီဝသက်ရှိများ (Beneficial microorganisms) ပြန်လည် ရောက်ရှိလာရန် မြေဖုံးပင်များ( Cover crops ) စိုက်ပျိုးခြင်း၊ မြေဆီလွှာအတွင်း
နိုက်ထရိုဂျင်ဖြည့်တင်းပေးရန် ပဲမျိုးရင်းဝင် အပင်များ စိုက်ပျိုးခြင်း၊ ဇီဝမီးသွေး ( Biochar ) များ ထည့်ပေးခြင်း၊ သဘာဝ မြေဩဇာများ ထည့်ပေးခြင်းတို့ကို
မဖြစ်မနေ ပြုလုပ်ပေးရမည်။ မြေဖုံးပင်များ စိုက်ပျိုးပေးခြင်းဖြင့်
နောက်စိုက်မည့် သီးနှံပင်များအတွက် အာဟာရစုပ်ယူမှုကို ကူညီပေးသော
မိုက်ကိုရိုင်ဇာ(Mycorrhiza) မှိုနှင့်အတူ အခြားသော အကျိုးပြုအဏုဇီဝများ
ရောက်ရှိလာနိုင်သည်။
ရေဝပ်ဒဏ်ခံနိုင်သော အပင်မျိုးများ (Waterlogged tolerant variety) စိုက်ပျိုးခြင်း
ရေဝပ်ဒဏ်ခံနိုင်သော အပင်မျိုးစိတ်တို့သည် အနည်းငယ်သာရှိ၍ အပင်မျိုးစိတ်အများစုသည်
ရေဝပ်ဒဏ်ကို မခံနိုင်ကြချေ။ ရေဝပ်ဒဏ်ခံနိုင်သော အပင်တို့၏ မူခြားမြစ်များ
(Adventitious roots)သည် လေခိုအောင်းနိုင်သော နေရာများပါရှိသည့်
တစ်ရှူးများဖြင့် ဖွဲ့စည်းထားသောကြောင့် ရေဝပ်ဒဏ်ကို ခံနိုင်ကြသည်။
ပုံစံ – စပါး(Rice)၊ ဂုန်လျှော်(Jute)
စပါးသည် Oxygen လုံးဝမရှိသော အခြေအနေတွင် အစေ့ပေါက်နိုင်စွမ်းရှိ၍
ရေအမြဲတမ်း ရှိနေ မှသာ ဖြစ်ထွန်းနိုင်သည်။ ယင်းပုံစံမျိုးအား စပါးနှင့် နှီးနွယ်သော
တချို့သော ပေါင်းမြက်မျိုးများတွေ့ရပြီး Oxygen ကို တစ်ကြိမ်လောက် ရယူလိုက်ရုံနဲ့
Oxygen ချို့တဲ့သော အခြေအနေအောက်တွင် အစေ့တို့သည် မြန်ဆန်စွာ ပေါက်လာကြသည်။
ဥပမာ – Barnyard grass(Echinochloa spp.)
တချို့သော အပင်တို့သည် ရေဝပ်ဒဏ်ကို ၂၄ – ၃၆ – ၄၈ – ၇၂ စသဖြင့် နာရီအပိုင်းအခြား၊
ရက်အပိုင်းအခြားလိုက် ခံနိုင်ရည် ရှိသည်ကို တွေ့ရှိရသည်။ ယင်း ကဲ့သို့သော အပင်များတွင်
အပင်ဟော်များ(Plant hormones)ဖြစ်သည့် အောက်ဇင်(Auxin ) နှင့် အီသလင်း(Ethylene)
တို့က တုန်ပြန်နိုင်လိမ့်မည်ဟု ယူဆရသည်။ အပင်အများစုကတော့ ရေဝပ်ချိန် အနည်းငယ်
ကြာလာသည်ရှိသော် Oxygen လုံလောက်မှု အခက်အခဲ ရှိလာသည့်အခါ လေရှူပေါက်များ
( Stomatal ) ပိတ်လိုက်ပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်စဉ်များကို လျော့ချလိုက်သည်ဟု သိရပြီး
C3 plants အများဆုံး တွေ့ရှိရသည်။
ရေဝပ်ဒဏ်ခံရပြီးနောက် ပိုးမွှား/ရောဂါ ပြဿနာ
ရေဝပ်ဒဏ်ခံရပြီးနောက်ပိုင်း သီးနှံပင်များတွင် အားအင်ချိနဲ့သွားသည့်အခါ ပိုးမွှား၊ ရောဂါတို့က
မဖိတ်ခေါ်ဘဲ ရောက်လာကြသည်။ ကျရောက်သည့် ပိုးမွှားတို့သည် မျက်စိနှင့်
မြင်တွေ့နိုင်သောကြောင့် နှိမ်နင်းမည့်နည်းလမ်းအား အလွယ်တကူ သိရှိနိုင်သည်။
ရောဂါကျရောက်ပါက ရောဂါအမျိုးအစားကို တိတိကျကျသိရှိနိုင်ရန် အလွန်အရေးကြီးသည်။
ရောဝပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရွက်ဝါခြင်း( Leaves turning yellow )၊
အပင်ညိုးခြင်း၊ အာဟာရချို့တဲ့ခြင်း( Nutrient deficiency ) အစရှိသည့်
လက္ခဏာများနှင့် အပင်ရောဂါ လက္ခဏာတို့ ဆင်တူယိုးမှား ဖြစ်တက်၍ စနစ်တကျ
ခွဲခြားတက်ရန် အင်မတန်မှ အရေးကြီးသည်။

ဥပမာ – ရေဝပ်ခြင်းကြောင့် ဖြစ်ပေါ်သော အပင်ညှိုးခြင်း( Plant wilting ) ကို
ရောဂါကြောင့်ဖြစ်သော အပင်ညှိုးခြင်းနှင့်လွဲမှား၍ ကုသမည်ဆိုပါက အနာတခြား
ဆေးတခြားဖြစ်သွားနိုင်သည်။ ထို့နည်းတူစွာ အရွက်များ အဝါရောင်ပြောင်းသွားပါက ရေဝပ်ခြင်းကြောင့် အဝါရောင်ပြောင်းနိုင်သလို အာဟာရချို့တဲ့ခြင်းနှင့် ရောဂါဝင်ရောက်ခြင်းကြောင့် လည်း အရွက်များအဝါရောင်ဖြစ်ပေါ် နိုင်သည်။ သို့ဖြစ်၍ ပင်ပြလက္ခဏာ၏ ဇစ်မြစ်ကို
ဂဃနဏ သိရှိရန် အရေးကြီးပြီး မှန်ကန်သောကုသနည်းများကို ဆောင်ရွက်မှသာ
နည်းလမ်းကျမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။





Leave a Reply

Your email address will not be published. Required fields are marked *