BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

===================

သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်များရဲ့တန်ဖိုးကွင်းဆက်များ လုံခြုံစိတ်ချမှုစီမံကိန်းကို နေရာ(၂) နေရာမှာ လုပ်ဆောင်ရန်ဆွေးနွေးညှိနှိုင်း
သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်များရဲ့တန်ဖိုးကွင်းဆက်များ လုံခြုံစိတ်ချမှုစီမံကိန်း(Horticulture Crop Value Chains Through Food Safety Approach )ကို နေရာ(၂)နေရာမှာလုပ်ဆောင်သွားနိုင်ရန် အ တွက်ဆွေးနွေးညှိနှိုင်းနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါတယ်။
ဂျပန်အကူအညီနဲ့ထောက်ပံ့ပေးသွားမယ့် စီမံကိန်းဖြစ်တဲ့အတွက် နေရာနှစ်နေရာဖြစ်တဲ့ ရှမ်းပြည် နယ်နဲ့ရန်ကုန်မှာ လုပ်ဆောင်နိုင်ရန်ဆွေးနွေးညှိနှိုင်းနေတာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းကပြောပါတယ်။
“ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့လမ်းစဉ်ရဲ့အစပဲရှိသေးတယ်။ညှိနှိုင်းတဲ့အဆင့်ပဲရှိပါသေးတယ်။ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေထဲကမှ သီးနှံ(၁၀)မျိုးလောက်ကိုရွေးချယ်ပြီးတော့ နေရာနှစ်နေရာ လောက်မှာ စပြီးလုပ်ဖို့စီစဉ်နေတာပေါ့နော်”
အဆိုပါစီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍ ၊ အစိုးရကဏ္ဍနဲ့ တောင်သူများ ပါပါ ဝင်လုပ်ဆောင်နိုင် ရန် လုပ်ဆောင် သွားမှာဖြစ်ကြောင်းသိရပါတယ်။
သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်များရဲ့တန်ဖိုးကွင်းဆက်များ လုံခြုံစိတ်ချမှုစီမံကိန်း(Horticulture Crop Value Chains Through Food Safety Approach )ကိုJICA နဲ့မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပူး ပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *