BREAKING NEWS

အပင္တို႔ ၏ ခုခံကာကြယ္⁠ေရးစနစ္မ်ား( The Plant of Defence Systems )

အပင္တို႔၏ ခုခံကာကြယ္ေရးစနစ္မ်ားအေၾကာင္း မေရးသားမီ ဖိစီးမႈမ်ားကို ဦးစြာေဖာ္ျပပါမည္။

“Stress” ဖိစီးမႈမ်ားကို သက္မဲ့ေၾကာင့္ျဖစ္ရေသာ  အဇီဝဖိစီးမႈမ်ား(Abiotic Stress)ႏွင့္
သက္႐ွိမ်ားေၾကာင့္ ျဖစ္ရေသာ ဇီဝဖိစီးမႈမ်ား(Biotic Stress) ဟူ၍ ၂ မ်ိဳး
ခြဲျခားထားသည္။

သက္မဲ့ေၾကာင့္ျဖစ္ရေသာ အဇီဝဖိစီးမႈမ်ား(Abiotic Stress) –

– အပူခ်ိန္ျမင့္မားျခင္း(Hight temperature)
– အပူခ်ိန္နိမ့္က်ျခင္း( Low temperature )
– ေရဝပ္ျခင္း(Water Logging)
– ေလျပင္းတိုက္ခက္ခံရျခင္း( Wind )
– မိုးေခါင္ျခင္း( Drought )
– စိုထိုင္းစေလ်ာ့နည္းျခင္း( Low Humidity )
– အလင္းေရာင္မလံုေလာက္ျခင္း(Low sunlight)
– သတၱဳအဆိပ္သင့္ျခင္း(Heavy Metal Toxicity)
– ေျပာင္းေရႊ႔စိုက္ပ်ိဳးျခင္း( Transplanting )
– ဆားငံရည္ဒဏ္( Salinity )

သက္ရွိေၾကာင့္ ျဖစ္ရေသာ ဇီဝဖိစီးမႈမ်ား(Biotic Stress) –

– အပင္စားသတၱဝါမ်ား( Herbivorous )
– ပိုးမႊားေရာဂါမ်ား( Pests )
– ဘက္တီးရီးယားမ်ား( Bacteria )
– ေျမသန္ေကာင္မ်ား( Nematodes )
– မိႈမ်ား( Fungs )
– ဗိုင္းရပ္စ္မ်ား( Virus )

အထက္ေဖာ္ျပပါ ဖိစီးမႈတစ္ခုခုသည္  အပင္တို႔အေပၚ သက္ေရာက္ျခင္းေၾကာင့္ အပင္တို႔တြင္ ခုခံကာကြယ္ႏိုင္ေသာစနစ္မ်ား ျဖစ္ေပၚလာသည္။ ထို႔ေၾကာင့္ ဖိစီးမႈတစ္ခုခု၏ သက္ေရာက္ မႈဒဏ္ကို ခုခံကာကြယ္ရန္ (သို႔) ေလ်ာ့ခ်ရန္ ျဖစ္ေပၚလာသည့္  စနစ္မ်ားကို ခုခံကာကြယ္ေရး စနစ္မ်ား( Defence System ) ဟု ေခၚသည္။

ခုခံကာကြယ္ေရးစနစ္တို႔သည္ သက္ေရာက္လာသည့္ ဖိစီးမႈအမ်ိဳးအစားအေပၚ မူတည္၍ တုံ ့ျပန္မႈႏွင့္ ခုခံကာကြယ္မႈပံုစံတို႔သည္ အမ်ိဳးမ်ိဳးကြဲျပားေနၿပီး အပင္မ်ိဳးစိတ္အေပၚမူတည္၍လည္း
ခုခံကာကြယ္ေရးစနစ္တို႔သည္ ျခားနားေနသည္။

ဥပမာ – အပူခ်ိန္ျမင့္မားျခင္းကို ခုခံကာကြယ္ျခင္း

ရာသီဥတုေကာင္းမြန္ေသာ ပံုမွန္အေျခအေနတြင္ အရြက္မ်ား၏ မ်က္ႏွာျပင္တြင္႐ွိေနေသာ
ေလေပါက္မ်ား(Stomata) ၏ ဖြင့္ျခင္း/ပိတ္ျခင္း ျဖစ္စဥ္သည္ နရီစည္းခ်က္မ်ားအတိုင္း
ပံုမွန္လည္ပတ္ေနသည္။ သို႔ေသာ္ ေလေပါက္မ်ားပြင့္ေနခ်ိန္တြင္ အပူခ်ိန္ျမင့္မားျခင္းကဲ့သို႔ ဖိစီးမႈ(Stress)  သက္ေရာက္လာပါက ပြင့္ေနသည့္ ေလေပါက္မ်ားကို ပိတ္ပစ္လိုက္ၿပီး ပံုမွန္လည္ပတ္ေနသည့္ နရီစည္းခ်က္( Circadian Rhythms ) ကို ေျပာင္းလဲလိုက္ၾကသည္။
ပံုမွန္အေျခအေနတြင္ ေလေပါက္မ်ားပြင့္ေနျခင္းသည္ အပင္ႀကီးထြားဖြံ႔ၿဖိဳးေရးအတြက္ လိုအပ္သည့္ဓာတ္ေငြ႔လဲလွယ္ျခင္း(Exchange of gases)၊ ပင္ရည္ေငြ႔ပ်ံျခင္း( Transpiration ) ကဲ့သို႔ေသာအပင္ ဇီဝကမၼဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားကို ေဆာင္ရြက္ႏိုင္ ရန္ျဖစ္ေသာ္ လည္း ေလေပါက္မ်ား(Stomata) ပြင့္ေနခ်ိန္တြင္ အပင္အတြင္း ပင္ရည္ေငြ႔ ပ်ံျခင္း(Transpiration) ျဖစ္စဥ္ေၾကာင့္ ေရေပ်ာက္ဆံုးျခင္းျဖစ္ေပၚေစသည္။ ပံုမွန္ အေျခအေနထက္ အပူခ်ိန္ျမင့္မားေနခ်ိန္တြင္ Transpiration ႏႈန္းသည္ ျမင့္မားေသာေၾကာင့္ အပင္အတြင္း ေရေပ်ာက္ဆံုးျခင္းႏႈန္းသည္လည္းအလြန္လ်င္ျမန္သည္။ အပူခ်ိန္ျမင့္မားေနခ်ိန္ တြင္ Transpiration ႏႈန္း ျမင့္မားျခင္းသည္ အပင္တြင္း ေရဓာတ္ခန္းေျခာက္၍ အပင္ညႇိဳးျခင္း(Plant Wilting) ျဖစ္ေစႏိုင္သည္။ဆိုလိုသည္ မွာ အပူခ်ိန္ျမင့္မားေနခ်ိန္တြင္ ေလေပါက္မ်ား(Stomata) ပြင့္ေနျခင္းသည္အပင္အတြင္း ပင္ရည္ေငြ႔ပ်ံျခင္း(Transpiration) ကို ျမင့္မားေစသျဖင့္ အပင္တို႔ အသက္႐ွင္ရပ္ တည ္ႏိုင္ရန္ အခက္အခဲျဖစ္ေစသည္။

အပူခ်ိန္ျမင့္မားေနခ်ိန္တြင္ Transpiration ျဖစ္စဥ္ေၾကာင့္ ေရဓာတ္ခန္းေျခာက္ျခင္းမျဖစ္ေ စရန္ေလေပါက္မ်ား(Stomata)ကို ပိတ္ပစ္၍ Transpiration ႏႈန္းကို ထိန္းခ်ဳပ္လိုက္ျခင္းသည္
အပူခ်ိန္ျမင့္မားျခင္းကို ခုခံကာကြယ္ျခင္းျဖစ္သည္။ အပူခ်ိန္ျမင့္မားျခင္းကို ခုခံကာကြယ္ႏိုင္ရန္
ေလေပါက္မ်ား(Stomata) ပိတ္ပစ္ျခင္းအျပင္ အရြက္လိပ္ျခင္း( Leaf rolling )၊ အရြက္မ်ားကို
ေခြၽခ်ပစ္ျခင္း စသည့္ လကၡဏာတို႔ကိုလည္း အပင္တခ်ိဳ႕တြင္ ေတြ႔ရေလ့႐ွိသည္။
အရြက္လိပ္ျခင္း( Leaf rolling ) လကၡဏာကို ခရမ္းခ်ဥ္ပင္၊ ေျပာင္းပင္ႏွင့္ ေညာင္ပင္အရြက္မ်ားတြင္ အမ်ားဆံုးေတြ႔႐ွိရသည္။ အရြက္လိပ္ျခင္းသည္ အပင္အတြင္း ေရဓာတ္မ်ား ေလ်ာ့နည္းလာ၍ ျပန္႔တင္းအား(Turgor pressure) ေလ်ာ့က်သြားျခင္းေၾကာင့္ ျဖစ္သည္။ တခ်ိဳ႕ေသာသူတို႔က ေညာင္ရြက္မ်ား အရြက္လိပ္ျခင္းအား ေညာင္ရြက္ကန္ေတာ့ထိုးျခင္းဟု  ေျပာဆိုၾကၿပီး ဗုဒၶဘုရား႐ွင္အား ပူေဇာ္ကန္ေတာ့ျခင္း ျဖစ္သည္ဟူ၍လည္း ယံုၾကည္ေနၾကသည္။ အမွန္စင္စစ္ ေညာင္ရြက္ကန္ေတာ့ထိုးျခင္းအား သိပၸံနည္းက် အေျဖ႐ွာၾကည့္သည့္အခါ အပင္အတြင္း ေရဓာတ္ေလ်ာ့နည္းေနခ်ိန္ ပတ္ဝန္းက်င္တြင္ အပူခ်ိန္ျမင့္မားသည့္အခါ ေရဓာတ္ဆံုး႐ွံဳးမႈသက္သာေစရန္ သဘာဝအရ အရြက္မ်ားကို လိပ္ျပစ္ျခင္းသည္။ တနည္းဆိုရေသာ္ အပင္အတြင္း ေရဓာတ္နည္းလာ၍ ျပန္႔တင္းအား(Turgor pressure) ေလ်ာ့က်သြားျခင္း ျဖစ္ၿပီး အပူခ်ိန္ျမင့္မားျခင္းကို ခုခံကာကြယ္ျခင္းလည္းျဖစ္သည္။

တခ်ိဳ႕ေသာ ရြက္ေႂကြပင္မ်ားတြင္ အပင္အတြင္း ေရဓာတ္ေလ်ာ့နည္းခ်ိန္ ပတ္ဝန္းက်င္၌
အပူခ်ိန္ျမင့္မားလာပါက အပင္ေပၚ႐ွိ အရြက္မ်ားကို ေခြၽခ်ေလ့႐ွိသည္။ ေလေပါက္မ်ား ပိတ္ပစ္ျခင္း၊ အရြက္လိပ္ျခင္း၊ အရြက္မ်ားေခြၽခ်ပစ္ျခင္း ျဖစ္စဥ္တို႔သည္  အပင္တို႔တြင္ သဘာဝအေလ်ာက္ျဖစ္ေပၚ သည့္ အပူခ်ိန္ျမင့္မားျခင္းကို ခုခံကာကြယ္ေနေသာ
စနစ္မ်ားျဖစ္သည္။

အပင္တို႔၏ ခုခံကာကြယ္ေရးစနစ္မ်ားအေၾကာင္း –

အပင္တို႔၏ ခုခံကာကြယ္ေရးစနစ္ဆိုသည္မွာ  ဖိစီးမႈအမ်ိဳးမ်ိဳး၏ သက္ေရာက္မႈဒဏ္ကို
ခုခံကာကြယ္ရန္ ျဖစ္ေပၚလာေသာစနစ္မ်ားကို ခုခံကာကြယ္စနစ္မ်ားအျဖစ္ အၾကမ္းဖ်င္း
သိ႐ွိၿပီးေနာက္ ဖိစီးမႈအမ်ိဳးမ်ိဳးမွ အပင္စားသတၱဝါမ်ား(Herbivorous)ေၾကာင့္ ျဖစ္ေပၚလာေသာ ခု ခံကာကြယ္ေရးစနစ္မ်ား အေၾကာင္းကိုသာ ယခုစာစုတြင္ အဓိကထား ေရးသားသြားမည္ျဖစ္၍ တျခားေသာ ဖိစီးမႈမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ ခုခံကာကြယ္ေရး စနစ္မ်ားအေၾကာင္းကို ေနာက္ပိုင္း အလ်ဥ္းသင့္ပါက  သီးျခား ေရးသားေဖာ္ျပေပးပါမည္။

ကြၽႏ္ုပ္တို႔ ေနထိုင္ရာ ဤကမာၻႀကီးသည္  သက္႐ွိမ်ားႏွင့္ လႊမ္းျခံဳထားေသာ သက္႐ွိကမာၻ
( Living Planet ) တစ္ခုျဖစ္သည္။ သိပၸံပညာ႐ွင္မ်ား၏ အဆိုအရ စၾကဝဠာအတြင္း
သက္႐ွိမ်ားေနထိုင္ရန္ သင့္ေလ်ာ္ဆံုးေသာ
ၿဂိဳလ္ကမာၻဟုလည္း ဆိုၾကသည္။ သက္႐ွိကမၻာတြင္ ေနထိုင္ၾကေသာ သက္႐ွိမ်ား
႐ွင္သန္ရန္တည္ႏိုင္ရန္ မရွိမျဖစ္အေရးႀကီးေသာ ရင္းျမစ္မ်ားတြင္ အစားအစာသည္လည္း
တစ္ခုအပါအဝင္ျဖစ္ေနသည္။ အစားအစာအတြက္ သက္႐ွိအခ်င္းခ်င္း
အျပန္ျပန္အလွန္လွန္ မီွခိုေနရသည့္ ျဖစ္စဥ္ကို အစာကြင္းဆက္( Food chains ) ဟု ေခၚသည္။

အပင္တို႔သည္ ေနေရာင္ျခည္စြမ္းအင္ျဖင့္ ကိုယ္ပိုင္အစာခ်က္လုပ္ႏိုင္ၾကသည္။
၎ျဖစ္စဥ္ကို အလင္းမွီအစာစုဖြဲ႔ျခင္းျဖစ္စဥ္ ( Photosynthesis ) ျဖစ္စဥ္ဟု ေခၚတြင္ၿပီး
ဓာတုျဖစ္စဥ္မ်ားတြင္ အေျခခံအက်ဆံုးႏွင့္ ႀကီးက်ယ္ခန္းနားဆံုး Phenomenon
ျဖစ္သည္ဟုဆိုရေသာ္ လြန္မည္မထင္ပါ။ အပင္တို႔သည္ Photosynthesis ျဖစ္စဥ္မွ
ရ႐ွိလာေသာ စြမ္းအင္မ်ားကို ႀကီးထြားဖြံ႔ၿဖိဳးအတြက္ အသံုးျပဳရသည္။ Photosynthesis ျဖစ္စဥ္ မွ အစျပဳ၍ ျဖစ္ေပၚလာေသာ အပင္တစ္သွ်ဴးမ်ားကို အပင္စားသတၱဝါတို႔က စားသံုးၾကရသည္။
ဤသည္မွာ အစာကြင္းဆက္(Food chains) ၏ ကနဦးအစျဖစ္သည္။
အစာကြင္းဆက္၏ အစျဖစ္ေသာ အပင္တို႔ကို ထုတ္လုပ္သူ(Producer) ဟု ေခၚဆို၍
အပင္စားသတၱဝါမ်ားကို ပထမစားသံုးသူ (Primary consumers) သို႔မဟုတ္ အပင္စားသတၱဝါမ်ား(Herbivorous)ဟုေခၚသည္။

အပင္စားသတၱဝါမ်ားတြင္ ႏွံေကာင္၊ ပ်ား၊ ႐ွဥ့္၊ ယုန္ႏွင့္ သမင္မ်ားအပါအဝင္ အပင္တို႔ကိုသာ စားသံုးသည့္ အပင္စားသတၱဝါမ်ားျဖစ္၍ အဆိုပါ  အပင္စားသတၱဝါမ်ားကို စားသံုးၾကသည့္
သတၱဝါမ်ားကို အသားစားသတၱဝါမ်ား ( Carnivorous ) သို႔မဟုတ္ ဒုတိယစားသံုးသူမ်ား
( Secondary consumers )ဟု ေခၚသည္။ အသားစားသတၱဝါမ်ားတြင္ ေျမြ၊ ဖား၊ ေၾကာင္ႏွင့္
ပုတ္သင္မ်ားအပါဝင္ အသားစားသတၱဝါငယ္မ်ားကို စားသံုးၾကသည့္ အသားစားသတၱဝါႀကီးမ်ား
သို႔မဟုတ္ တတိယစားသံုးသူမ်ားကို  (Tertiary consumer) ဟု ေခၚသည္။

ဥပမာ – ဝက္ဝံ၊ သိန္းငွက္၊ က်ား၊ ငါးမန္း ထိုမွတဖန္ အပင္မ်ား၊ သတၱဝါမ်ား ေသဆံုးခဲ့ေသာ္
၎တို႔ကို စားသံုးသည့္ မိႈမ်ားႏွင့္ ဘက္တီးရီးယားမ်ားကို ေခ်ဖ်က္သူမ်ား( Decomposers )ဟု ေခၚသည္။

ျခြင္းခ်က္အျဖစ္ မေသဆံုးေသးေသာ သက္႐ွိတို႔၏ ကိုယ္ေပၚတြင္ Decomposers မ်ားကို ေတြ႔ရသည္။
ထိုမွ တဆင့္ၿပီး တဆင့္ စားေသာက္ခဲ့ရာ ေနာက္ဆံုးတြင္ အပင္မ်ား ျပန္လည္အသံုးျပဳႏိုင္သည့္
အာဟာရမ်ား( Nutrients ) အျဖစ္သို႔ ေရာက္႐ွိသြားၾကသည္။
ယင္းကဲ့သို႔ သက္႐ွိအခ်င္းခ်င္း စားေသာက္ၾကသည့္ ျဖစ္စဥ္တစ္ခုလံုးကို ျခံဳငံု၍ အစာကြင္းစက္
( Food chains ) ဟု ေခၚဆိုသည္

အစာကြင္းစက္အေၾကာင္း အၾကမ္းဖ်င္းသိ႐ွိၿပီးေနာက္ အပင္တို႔၏ခုခံကာကြယ္ေရးစနစ္မ်ားအေၾကာင္း
ဆက္လက္ေဖာ္ျပေပးပါမည္။အထက္တြင္ ေဖာ္ျပခဲ့ေသာ အစာကြင္းဆက္၏ အေျခခံအုတ္ျမစ္တြင္ အပင္စားသတၱဝါတို႔က အပင္တို႔ကိုစားသံုးေၾကာင္းသိႏိုင္သည္။

တစ္ေနရာမွ တစ္ေနရာသို႔ ေရြ႕လ်ားမႈမျပဳႏိုင္သည့္ အစားခံ အပင္မ်ားကို အပင္စားသတၱဝါမ်ား
အလြန္အကြၽံ စားသံုးမႈမျပဳႏိုင္ရန္ ဟန္႔တားျခင္း၊ တြန္းလွန္ျခင္း၊ ကာကြယ္ျခင္း စနစ္မ်ားကို ခုခံကာကြယ္ေရးစနစ္မ်ား သို႔မဟုတ္ ကာကြယ္ေရးယႏၱရားမ်ားဟု သက္မွတ္သည္။
ခုခံကာကြယ္ေရးယႏၱရားသည္ အပင္တို႔၏ တစ္သွ်ဴးမ်ား( ပင္စည္၊ အရြက္၊  အျမစ္မ်ားႏွင့္ မ်ိဳးပြားအဂၤါမ်ား ) ကို အပင္စားသတၱဝါမ်ား အလြန္အကြၽံ
စားသံုးျခင္းေၾကာင့္ သတၱေလာကအတြင္း တစ္ဖက္ေစာင္းနင္းမျဖစ္ရေအာင္ သဘာဝတရားက အျမဲပဲ့ကိုင္ေပးထားေသာ သဘာဝျဖစ္စဥ္ျဖစ္သည္။ ခုခံကာကြယ္ေရး ဆင့္ကဲျဖစ္စဥ္( Evolution )
သမိုင္းအား ေျခရာေကာက္ၾကည့္ပါက
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂ ဒႆမ ၅ ဘီလီယံမွ  ႏွစ္သန္း ၇၅၀ ၾကား ကပ္ကမာၻျဖစ္သည့္ ပ႐ိုတယ္႐ို ဇိုးရစ္ကပ္ကမၻာ(Proterozoic Aeon) ကာလအတြင္း ေပၚေပါက္ခဲ့ေသာ အပင္မ်ားတြင္ ခုခံကာကြယ္ေရးစနစ္မ်ား မဖြံ႔ၿဖိဳးေသးဘဲ အစားခံသက္သက္သာ ျဖစ္တည္ခဲ့ၾကၿပီး
သဘာဝ၏ ေရြးခ်ယ္မႈ(Natural selection) အရ အပင္တို႔သည္ အပင္စားသတၱဝါမ်ား၏
အစားခံဘဝသက္သက္မွ လြတ္ေျမာက္ႏိုင္ရန္ အခ်ိန္ကာလတစ္ခု ျဖတ္သန္းၿပီး တျဖည္းျဖည္း ဆင့္ကဲေျပာင္းလဲခဲ့ၾကသည္။ ဆင့္ကဲေျပာင္းလဲခဲ့ေသာ ကာကြယ္ေရးစနစ္မ်ားသည္
အပင္စားသတၱဝါမ်ား၏ စားသံုးခံရျခင္းကို ဟန္႔တား ကန္႔သတ္ရာတြင္ ထိေရာက္မႈ႐ွိသည္။
အပင္စားသတၱဝါမ်ား၏ စားသံုးျခင္းကို  ကန္႔သတ္ႏိုင္သည့္ အက်ိဳးသက္ေရာက္မႈမ်ားက
၎တို႔ အသက္႐ွင္ရပ္တည္ႏိုင္ရန္ သဘာဝက လိုက္ေလ်ာညီေထြျဖစ္ခြင့္ေပးထားသကဲ့သို႔
ျဖစ္ေစသည္။

ကြၽန္ေတာ္ ေလ့လာသိ႐ွိထားသေလာက္  အပင္တို႔၏ ခုခံကာကြယ္ေရးစနစ္မ်ားသည္ အပင္မ်ိဳးစိတ္အလိုက္ အမ်ိဳးမ်ိဳးကြဲျပားေနၾကသည္။ အပင္မ်ိဳးစိတ္ တစ္မ်ိဳးျခင္းစီတြင္
ခုခံကာကြယ္ေရး စနစ္ တစ္မ်ိဳးမ်ိဳးအား ပိုင္ဆိုင္ထားသည္ကိုေတြ႔႐ွိရၿပီး
တခ်ိဳ႕ေသာ အပင္မ်ိဳးစိတ္မ်ားမွာေတာ့ ခုခံကာကြယ္ေရးစနစ္ တစ္မ်ိဳး သို႔မဟုတ္  တစ္မ်ိဳးထက္ပို၍ ပိုင္ဆိုင္ထားတက္ၾကသည္။
အပင္တို႔၏ ခုခံကာကြယ္ေရးစနစ္ တစ္မ်ိဳးႏွင့္  တစ္မ်ိဳးသည္ ခ်ိတ္ဆက္ေနၿပီး တခ်ိဳ႕လည္း သီးသန ္႔အသြင္ေဆာင္ေနသည္ကို ေတြ႔႐ွိရ၏။ ထူးျခားခ်က္အျဖစ္ ေလ့လာေတြ႔႐ွိရသည္မွာ
ခုခံကာကြယ္ေရးစနစ္မ်ားသည္ မ်ိဳးစိတ္တူ အပင္အခ်င္းခ်င္းေသာ္လည္းေကာင္း၊
မ်ိဳးစိတ္မတူေသာ အပင္မ်ားႏွင့္ေသာ္လည္းေကာင္း ခ်ိတ္ဆက္ သတိေပးႏိုင္ၾကသည္။
အပင္မ်ိဳးစိတ္တစ္မ်ိဳးသည္ အပင္စားသတၱဝါတို႔၏ တိုက္ခိုက္စားေသာက္ျခင္းခံရပါက ခုခံကာကြယ္ေရ းယႏၱရားမ်ား အသက္ဝင္လာၿပီး ဟန္႔တားျခင္း၊ တြန္းလွန္းျခင္းမ်ားကို
ျပဳလုပ္ႏိုင္ေၾကာင္း ေတြ႔ရသည္။

ထို႔အျပင္ တျခားေသာ အပင္မ်ားကိုလည္း ခုခံကာကြယ္ေရးစနစ္မ်ား အသင့္ျပင္ထားရန္
အသိေပးႏိုင္သည္ဟု Ecologist ပညာ႐ွင္တို႔က ေျပာဆိုၾကသည္။ အပင္မ်ိဳးစိတ္ တစ္မ်ိဳးႏွင့္ တစ္မ်ိဳး ဆက္သြယ္ရန္ အျမစ္မ်ားကတဆင့္ ဆက္သြယ္ႏိုင္ၾကၿပီးအျမစ္ မ်ား၏ ၾကားခံနယ္တြင္ Arbuscular Mycorrhizal Fungal(AMF) မိႈမ်ားက ကြန္ယက္သဖြယ္ ခ်ိတ္ဆက္ ဆက္သြယ္ေပးႏိုင္သည္ဟု သိ႐ွိရသည္။အပင္တို႔၏ ခုခံကာကြယ္ေရးစနစ္မ်ားသည္
အလြန္႐ွဳပ္ေထြးေနၿပီး က်ယ္ျပန္႔နက္နဲသည္။ မည္သို႔ပင္ဆိုေစကာမူ ခုခံကာကြယ္ေရးစနစ္
အားလံုး၏ ဘံုတူညီခ်က္မွာ သတၱေလာကအတြင္းအသက္႐ွင္ရပ္တည္ႏိုင္ရန္အတြက္ျဖစ္သည္။

အပင္တို႔က အပင္စားသတၱဝါမ်ားကိုခုခံကာကြယ္ျခင္းစနစ္မ်ား –

ခုခံကာကြယ္ေရးစနစ္တြင္ အျမဲတမ္း(သို႔မဟုတ္) ျပင္ပခုခံကာကြယ္ေရးစနစ္မ်ား( Constitutive Defense System) ႏွင့္ အတြင္း ခုခံကာကြယ္ေရး စနစ္မ်ား( Inductive Defense System ) ဟူ၍
နည္းလမ္း ၂ သြယ္႐ွိသည္။ အပင္တို႔၏ ျပင္ပ ခုခံကာကြယ္ေရးစနစ္သည္  အျမဲတမ္း အသင့္ျဖစ္ေသာ ပံုစံမ်ိဳးျဖစ္၍ အတြင္း ခုခံကာကြယ္ေရးစနစ္မ်ားသည္ သာမန္အေျခအေနတြင္ ႏိုးထျခင္းမ႐ွိဘဲ
အပင္သို႔ တစ္ခုခုေသာဖိစီးမႈ သက္ေရာက္လာမွသာ ခုခံကာကြယ္ေရးစနစ္မ်ား ႏိုးႂကြလာေသာ
ပံုစံမ်ိဳးျဖစ္သည္။ အပင္တြင္း ခုခံကာကြယ္ေရးစနစ္မ်ားကို အပင္ေဟာ္မုန္းမ်ား ထိန္းခ်ဳပ္ထားျခင္းျဖစ္သည္။

ျပင္ပခုခံကာကြယ္ေရးစနစ္မ်ား ( Constitutive Defense System ) –

ျပင္ပခုခံကာကြယ္ေရးစနစ္မ်ားသည္ ကာကြယ္ရန္ အျမဲတမ္းအသင့္ျဖစ္ေနေသာ ပံုစံမ်ိဳးျဖစ္၍
ေယဘုယ်အားျဖင့္ သစ္ေခါက္(Tree bark)၊  ဆူးမ်ား(Spines)၊ အေမႊးမ်ား(Trichome)ႏွင့္
ဖေယာင္းလႊာ(Cuticle) တို႔ျဖစ္ၾကသည္။ ယင္းတို႔ကို ႐ုပ္ပိုင္းဆိုင္ရာ ခုခံကာကြယ္ျခင္း
စနစ္မ်ား( Physical defenses ) ဟူ၍လည္း ေခၚဆိုႏိုင္သည္။ ျပင္ပခုခံကာကြယ္ေရးစနစ္မ်ား( Constitutive  Defense System ) သည္ အပင္တို႔၏ ႐ုပ္ပိုင္းဆိုင္ရာ အဂၤါအသီးသီးမွ ထူးကဲစြာျဖစ္ေပၚလာေသာ ျပင္ပ အဂၤါအစိတ္အပိုင္းမ်ား ျဖစ္သည္။

အေခါက္တို႔့ျဖင့္ ခုခံကာကြယ္ျခင္း( Defences System of Bark ) –

သစ္ပင္မ်ားတြင္ အေခါက္မ်ား႐ွိေနသည္ကို လူတိုင္းသိၾကသည္ ေတြ႕ဖူးျမင္ဖူးၾကသည္။
သို႔ေသာ္ သစ္ပင္မ်ားတြင္ သစ္ေခါက္မ်ား ႐ွိေနရျခင္း၏ အေျခခံသေဘာတရားမ်ားကို
သိ႐ွိသူတို႔မွာ အနည္းငယ္သာ႐ွိေၾကာင္း ေတြ႕႐ွိရသည္။ သစ္ေခါက္(Bark)တို႔သည္ အပင္မ်ိဳးစိတ္အလိုက္ မတူကြဲျပားေနသကဲ့သို႔ အပင္တို႔တြင္ သစ္ေခါက္မ်ား  ႐ွိေနရျခင္း၏ ရည္ရြက္ခ်က္တို႔သည္လည္း အမ်ိဳးမ်ိဳး ကြဲျပားေနၾကသည္။ အမ်ိဳးမ်ိဳးအဖံုဖံု ကြဲျပားေနေသာ သစ္ေခါက္မ်ား၏  သြင္ျပင္လကၡဏာအလိုက္ ျဖစ္ႏိုင္ေျခ႐ွိသည့္ အရင္းခံအေၾကာင္းတရားမ်ားကို
အပင္ဝါသနာရွင္တို႔ အေျဖ႐ွာၾကည့္ေသာအခါ အင္မတန္ခက္ခဲတဲ့ ပုစာၦတစ္ပုဒ္ကို အေျဖ႐ွာ
တြက္ခ်က္ရသလိုမ်ိဳးျဖစ္ေစသည္။

အေခါက္သည္ ပင္စည္(Trunk) ၏ အျပင္ဘက္ဆံုးအဂၤါျဖစ္ၿပီး Periderm အလႊာမွ ျဖစ္ေပၚလာေသာ
Dead tissue မ်ားျဖစ္သည္။ပညာရပ္ဆိုင္ရာ အေခၚအေဝၚတြင္  “Rhytidome.” သည္ အေခါက္ကို ရည္ၫႊန္းေသာ စကားလံုးျဖစ္သည္။ အေခါက္တို႔သည္ မေရတြက္ႏိုင္ေသာ ပါတ္ဝန္းက်င္ဆိုင္ရာ အေၾကာင္းမ်ားေၾကာင့္ ဆင့္ကဲျဖစ္ေပၚလာေသာ အဂၤါျဖစ္သည္။ အပင္မ်ားစြာတို႔၏အေခါက္သည္ စထြက္ခါစတြင္ ေခ်ာမြတ္ေနေသာ္လည္း အိုသြားသည့္အခါ အစင္းေၾကာင္း(Ridgeds)၊ အေၾကးဖက္မ်ား ( Scaly ) ႏွင့္ အက္ေၾကာင္းမ်ား(Cracked) ျဖစ္ေပၚလာသည္။ အေခါက္သည္ ေရေၾကာ(Xylem)၊ အသားတိုးလႊာ( Cambium )၊ အစာေၾကာ( Phloem ) တို႔ႏွင့္ ကပ္လ်က္တည္႐ွိ၍ အပင္မ်ိဳးစိတ္အလိုက္  အေရာင္အမ်ိဳးမ်ိဳး ပံုသဏၭာန္အမ်ိဳးမ်ိဳး ႐ွိၾကသည္။ အေရာင္အေသြးႏွင့္ အသြင္သဏၭာန္မ်ား မည္သို႔ပင္ကြဲျပားေစကာမူ အေခါက္တို႔၏ အဓိကတာဝန္မွာ ျပင္ပမွ သက္ေရာက္လာမည့္ ဖိစီးမႈမ်ားကို ကာကြယ္ရန္ျဖစ္သည္။

အပင္၏ ျပင္ပအဂၤါျဖစ္ေသာ အေခါက္သည္ ျပင္ပဝန္းက်င္မွ သက္ေရာက္လာသည့္ ဖိစီးမႈ( Stress ) မ်ားကို အျခားေနရာမ်ားထက္  ပိုမိုခံစားရေလ့ရွိသည္။
အပင္၏ အေရျပားကဲ့သို႔ျဖစ္ေနေသာ အေခါက္သည္  ျပင္ပမွ သက္ေရာက္လာေသာ ဖိစီးမႈမ်ားကို
ခ်ပ္ဝတ္တန္ဆာ(Armour) ကဲ့သို႔ ကာကြယ္ေပးသည္။ အေခါက္တို႔သည္ အပင္စားသတၱဝါမ်ား
(Herbivorous)၊ အင္းဆက္မ်ား(Insects)၊  မိႈမ်ား(Fungal)၊ ဘက္တီးရီးယားမ်ား(Bacterial)
အပါအဝင္ ေရာဂါျဖစ္ေစေသာသက္႐ွိမ်ား ( Pathogens ) ကို ကာကြယ္ေပးႏိုင္သည္။
၎အျပင္ အပင္၏ အစာေရသယ္ပို႔ရာ အစာေၾကာ၊ ေရေၾကာမ်ားကို ကာကြယ္ေပးသည္။
အပူခ်ိန္လြန္ကဲျခင္း( Excess heat )၊  အေအးလြန္ကဲျခင္း( Excess cold )၊ ျပင္းထန္ေသာေနေရာင္ျခည္( Extreme Amounts of Sunshine )ႏွင့္ ေရေငြ႔ပ်ံျခင္း( Evaporation ) တို႔ကိုလည္းကာကြယ္ေပးသည္။ အပင္ေတြမွာ အေခါက္ေတြသာမ႐ွိခဲ့ပါက အပင္အတြက္ မရွိမျဖစ္အေရးပါေသာ အစာေရေၾကာတစ္သွ်ဴးမ်ား(Vascular tissues)  ပ်က္စီးၿပီး အပင္အတြင္း ေရဓာတ္ခမ္းေျခာက္မည့္ အႏၱရာယ္ႏွင့္ ေတြ႔ၾကံဳရမည္ျဖစ္သည္။

အေခါက္ထူေသာ အပင္တို႔သည္ အစိုဓာတ္(Moisture) ထိန္ထားႏိုင္စြမ္းအားေကာင္းေ သာေၾကာင့္ အပူစီးကူးျခင္းေႏွးေကြးသျဖင့္မီးဒဏ္ကာကြယ္ႏိုင္သည္။ ဥပမာ – ဂ်င္ကို(Ginkgo)၊ တ႐ုတ္စကား၊ ထေႏွာင္းတခ်ိဳ႕ေသာ အပင္တို႔၏ အေခါက္မ်ားတြင္အဆိပ္႐ွိ ဓာတုေဗဒ ဓာတ္ေပါင္းမ်ား ေပါင္းစပ္ပါ႐ွိေနေသာေၾကာင့္ ပိုးမႊားမ်ားႏွင့္ အပင္စားသတၱဝါမ်ား ကို ခုခံကာကြယ္ရာတြင္ ထိေရာက္မႈ႐ွိေၾကာင္းေတြ႕ရသည္။အပင္တို႔၏ အေခါက္မ်ားသည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒါဏ္ရာအနာတရမ်ားျဖစ္ခဲ့ပါက
ၾကမ္းတမ္းေသာ အေခါက္(Rough Bark) မ်ားက ေခ်ာမြတ္ေသာအေခါက္(Smooth bark) တို႔ထက္
ျမန္ျမန္ျပန္ေကာင္းႏိုင္စြမ္း႐ွိသည္။ တခ်ိဳ႕ေသာ အခါက္မ်ားသည္ Photosynthetic
ျဖစ္စဥ္ကို အရန္အေနျဖင့္ ေဆာင္ရြက္ႏိုင္ရန္ ဖြဲ႔စည္းတည္ေဆာက္ထားၾကသည္။

အဆူးမ်ားျဖင့္ခုခံကာကြယ္ျခင္း ( Spines and Thorns Defenses ) –

အပင္မ်ားကို ကြၽဲႏြားတိရိစာၦန္မ်ား( Cattle ) ပါဝင္သည့္ တခ်ိဳ႕ေသာ ႏို႔တိုက္သတၱဝါမ်ား
( Mammals )ႏွင့္ အင္းဆက္မ်ား( Insects ) ပါဝင္ေသာ တခ်ိဳ႕ေသာ အဆစ္အပိုင္း႐ွိသတၱဝါမ်ား
( Arthropods ) တို႔က စားသံုးၾကသည္။ အပင္စားသတၱဝါမ်ား( Herbivores ) ၏ စားသံုးျခင္းကို ဆန္႔က်င္ရန္ အပင္တို႔တြင္ ခုခံကာကြယ္ေရးစနစ္မ်ား ပါ႐ွိၾကသည္။ အပင္တို႔၏ ခုခံကာကြယ္ေရးစနစ္မ်ားတြင္ ႐ုပ္ပိုင္းဆိုင္ရာယႏၱရားနည္းမ်ား( Defense  Mechanisms ) သည္ အပင္စားသတၱဝါမ်ားကို ခုခံကာကြယ္ရာတြင္ အလြန္ထိေရာက္မႈ႐ွိ၍ ႐ုပ္ပိုင္းဆိုင္ရာနည္းလမ္းတစ္ခုျဖစ္ေသာ ဆူးမ်ားျဖင့္ ခုခံကာကြယ္ျခင္းသည္လည္း
အပင္စားသတၱဝါမ်ားကို ကာကြယ္ဟန္႔တားရာတြင္ မ်ားစြာအက်ိဳး႐ွိေသာ ဗ်ဴဟာတစ္မ်ိဳးျဖစ္သည္။

ဆူးမ်ားသည္ အပင္စားသတၱဝါတို႔၏ စားသံုးျခင္းကို ခုခံကာကြယ္ရန္ ထူးကဲစြာ
ျဖစ္ေပၚလာေသာ ျပင္ပအဂၤါအစိတ္အပိုင္းမ်ား ျဖစ္သည္။ အဆူး႐ွိေသာ အပင္မ်ိဳးစိတ္မ်ားစြာ႐ွိ၍
အဆူးအားလံုးသည္ ထူးကဲအဂၤါမ်ားျဖစ္သည္။ အဆူးမ်ားတြင္ Modified Branches
အကိုင္းမ်ားမွ ထူးကဲလာေသာ ပင္စည္ဆူးမ်ား (Thorns)၊ Modified Leaves အရြက္မ်ားမွ
ထူးကဲလာေသာ အရြက္ဆူး( Spines )ႏွင့္ ဆူးမႊားမ်ား(Prickle) ဟူ၍ အမ်ိဳးမ်ိဳး႐ွိသည္။
ပံုစံအားျဖင့္ – ႀကိမ္ပင္တြင္ေတြ႔ရေသာ ရြက္​အိမ္​ဆူး( Leaf sheath spine )၊ ဆူးျဖဴပင္( Acacia Arabica )တြင္ ေတြ႔ရေသာ ရြက္စြယ္ဆူး( Stipular spine )၊ နာနက္ရြက္နားတြင္ ေတြ႔ရေသာ လႊသြားပံု ရြက္နားဆူး( Serrated spine )၊ ႐ွားေစာင္းမ်ိဳးႏြယ္ဝင္အပင္မ်ား(Cactus) တြင္
ေတြ႔ရေသာ ဆူးရြက္မ်ား( Leaf Spines )၊ ထေႏွာင္းပင္(Acacia leucophloea )တြင္
ေတြ႔ရေသာ ဆူးရြက္စြယ္မ်ား(Spinous stipules)၊  ကုန္းခရာပင္(Argemone mexicana L.,) ၏
ရြက္နားတြင္ေတြ႔ရေသာ ရြက္နားဆူး ( Leaf margin spine )၊ ဆီးသီးပင္တြင္ေတြ႔ရေသာ ခ်ိတ္သဏၭာန္  ရြက္စြယ္ဆူးမ်ား(Stipule spines)၊ လက္ပံပင္တို႔၏ ပင္စည္အကိုင္းအခက္မ်ားတြင္
ေတြ႔ရေသာ ပင္စည္ဆူးမ်ား( Thorns ) စသျဖင့္ ဆူး အမ်ိဳးအစားမ်ားစြာ႐ွိ၍
ဆူးမ်ားျဖင့္ျပည့္ႏွက္ေနေသာ အပင္တို႔ကိုမည္သည့္အပင္စားသတၱဝါမဆို စားေသာက္ရန္
တြန္႔ဆုတ္တက္ၾကျမဲျဖစ္သည္။ ဆူးမ်ား၏ အဓိကလုပ္ငန္းတာဝန္သည္ အပင္တို႔ကို
လာေရာက္စားသံုးမည့္ အပင္စားသတၱဝါမ်ားကိုဒဏ္ရာအနာတရမ်ား ရ႐ွိေစၿပီး ဟန္႔တားႏိုင္ရန္
ျဖစ္သည္။

ဥပမာ – ႏွင္းဆီပင္ရဲ႕ ပင္စည္အကိုင္းအခက္မ်ားတြင္ေတြ႔ရေသာ ဆူးမႊားမ်ား( Prickle ) သည္
အပင္ကိုစားသံုးမည့္ အပင္စားသတၱဝါမ်ား( Herbivores )ကို ဟန္႔တားထားႏိုင္သည္။
ထို႔အျပင္ ႏွင္းဆီပင္၏ အရြက္သတၱဳရည္ ( Tea leaves )ႏွင့္ ဝတ္ရည္( Nectar ) တို႔တြင္
ကဖင္းဓာတ္( Caffeine )မ်ား ပါ႐ွိေနသျဖင့္ ပုရြက္ဆိတ္မ်ားကို ေသေစႏိုင္သည္။

ဥပမာ – Central America, ေတာင္ပိုင္းတြင္ ေပါက္ေရာက္ေသာ အာေကး႐ွားအပင္တစ္မ်ိဳး
(Acacia collinsii)၏ ဆူးမ်ားသည္ အပင္စားသတၱဝါမ်ားကို ဟန္႔တားႏိုင္သည့္အျပင္
ဆူးအတြင္း အေခါင္းေပါက္(Hollow) ထဲတြင္ ပုရြက္ဆိတ္မ်ားကို ေနထိုင္ေစျခင္းျဖင့္
တခ်ိဳ႕ေသာ အပင္စားသတၱဝါမ်ားကို ပုရြက္ဆိတ္တို႔က ကူညီတိုက္ခိုက္ေပးသည္။

ဥပမာ – Kiss me quick(Euphorbia milii) အပင္တို႔၏ ဆူးမ်ားသည္ အပင္စားသတၱဝါတို႔ကို
ကာကြယ္ႏိုင္သည့္အျပင္ အပင္၌ရွိေနေသာ Toxicity compounds မ်ားက
အပင္စားသတၱဝါမ်ားအား အႏၱရာယ္ျဖစ္ေစသည္။

ဥပမာ – ဒူးရင္းသီး(Durio zibethenus)၏  အသီးခြံေပၚမွ ဆူးမ်ား(Spines) သည္
အပင္စားသတၱဝါမ်ားကို ကာကြယ္ဟန္႔တားရန္ ျဖစ္ေပၚလာေသာ အဂၤါမ်ားျဖစ္သည္။
ဒူးရင္းသီးကဲ့သို႔ပင္ ဆူးမ်ားပါ႐ွိေသာ အသီးအမ်ိဳးအစားမ်ားစြာ ႐ွိေနသည္။

အပင္တို႔၏ ပင္ပိုင္းအဂၤါမ်ားတြင္ ႐ွိေနေသာဆူးမ်ား၏အဓိကတာဝန္မွာ အပင္စားသတၱဝါတို႔ကို
ကာကြယ္ဟန္႔တားရန္ျဖစ္ေသာ္လည္း အပူခ်ိန္ေလ်ာ့ခ်ျခင္းႏွင့္ တခ်ိဳ႕ေသာအပင္မ်ားတြင္
တြယ္တက္ျခင္း ကဲ့သို႔ေသာ တာဝန္တို႔ကိုလည္းထမ္းေဆာင္ရသည္။
လိင္ပိုင္းအဂၤါ သို႔မဟုတ္ မ်ိဳးပြားအဂၤါျဖစ္သည့္ အသီးမ်ားတြင္ ပါ႐ွိေနေသာ ဆူးမ်ား၏
လုပ္ငန္းတာဝန္သည္ အပင္စားသတၱဝါမ်ားကို ကာကြယ္ဟန္႔တားျခင္းအျပင္ မ်ိဳးဆက္ပ်ံ့ႏွံ႔ျခင္း
( Seeds Dispersing ) တာဝန္ကိုလည္းေဆာင္ရြက္ရသည္။
ဆူးမ်ား(Spines)ပါ႐ွိေသာ အသီးတို႔သည္ တိရိစာၦန္၏ခႏၶာကိုယ္ေပၚတြင္ ကပ္ပါသြားၿပီး
မိခင္အပင္ႏွင့္ ေဝးရာဆီသို႔ ပ်ံ့ႏွံ႔ေရာက္႐ွိသြားသည္။ထိုကဲ့သို႔ ပ်ံ့ႏွံ႔ျခင္းအား Epizoochory ဟုေခၚသည္။
ဥပမာ – ကပ္ေစးႏွဲႀကီး( Urena lobata )၊ ကုန္းထိကရံုး( Mimosa pudica Linn.)၊ ေဆးဂဠဳန္သီး( Martynia annua)၊ ဆူးေလ( Tribulus terrestris) တို႔ ျဖစ္သည္။

အေမႊးမ်ားျဖင့္ ခုခံကာကြယ္ျခင္း ( Defence Systems of Hairs ) –

အပင္တခ်ိဳ႕ရဲ႕ ျပင္ပအဂၤါအစိတ္အပိုင္း အသီးသီးတြင္ အေမႊးမ်ား( Hairs ) ပါ႐ွိၾကသည္။
အဆိုပါ အေမႊးမ်ားကို လက္တင္ဘာသာျဖင့္ “Trichome” ဟုေခၚသည္။ သို႔ေသာ္ Trichome ၏ အဓိပၸါယ္အျပည့္အစံုသည္ အေမႊးမ်ားကိုသာ သီးျခားရည္ၫႊန္းသည္မဟုတ္ဘဲ အေမႊးမ်ား( Hairs )၊ ဂလင္းအေမႊးမ်ား (Glandular hairs)၊ အေၾကးဖက္မ်ား(Scales)ႏွင့္  အရြက္မ်က္ႏွာျပင္တြင္ ေတြ႔႐ွိရေသာ အဖုအႀကိတ္ငယ္ေလးမ်ား( Papillae ) လည္း ပါဝင္ေနသည္။
Papillae တို႔သည္လည္း အင္းဆက္မ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ Leafgalls ႏွင့္ မတူညီေၾကာင္း
သိထားရမည္။ တဖန္ အေမႊးတို႔တြင္လည္း ႐ိုး႐ိုးအေမႊးမ်ားႏွင့္ ယား​ေမႊးမ်ား(Stinging hairs) ဟူ၍ ၂ မ်ိဳး ကြဲျပားေနသည္။
Trichomes ေတြကို ဂရိဘာသာစကားျဖင့္ τρίχωμα (trichōma) ဟုေခၚၿပီး အပင္တို႔၏
အျပင္ဘက္တြင္႐ွိေသာ အဂၤါ သို႔မဟုတ္ “hair” ဟု အဓိပၸါယ္ဖြင့္ဆိုထားသည္။
Trichomes မ်ားတြင္ ဖြဲ႔စည္းတည္ေဆာက္ပံုႏွင့္ လုပ္ငန္းတာဝန္မ်ား အမ်ိဳးမ်ိဳးကြဲျပားၾကသည္။
မည္သို႔ပင္ဆိုေစကာမူ Trichomes မ်ား၏ အဓိကလုပ္ငန္းတာဝန္သည္ အပင္စားသတၱဝါမ်ားကို
ခုခံကာကြယ္ရန္အတြက္ျဖစ္သည္။ တခ်ိဳေသာ အပင္တို႔၏ ခုခံကာကြယ္ေရး
အဂၤါျဖစ္ေသာ ႐ိုး႐ိုးအေမႊးမ်ားႏွင့္ ယားေမႊးတို႔သည္ သြင္ျပင္လကၡဏာအရ ကြဲျပားမႈ သိပ္မ႐ွိေသာ္လည္း အပင္စားသတၱဝါမ်ားကို ဟန္႔တားႏိုင္စြမ္းသည္ မတူညီေၾကာင္း ေတြ႔႐ွိရသည္။
႐ိုး႐ိုးအေမႊးမ်ား(Hairs) ထက္ ယားေမႊးမ်ားက အပင္စားသတၱဝါမ်ားကို ဟန္႔တားႏိုင္စြမ္းမွာ
သာလြန္ေနသည္။
႐ိုး႐ိုးအေမႊးမ်ားသည္ အပင္စားသတၱဝါ  တခ်ိဳ႕အတြက္ ခုခံကာကြယ္ေရးစနစ္တြင္
ထိေရာက္မႈ႐ွိေသာ္လည္း အင္းဆက္မ်ားအတြက္ ထိေရာက္မႈမ႐ွိေခ်။
ယားေမႊး(Stinging hairs) ဟု ေခၚေသာ ယားယံေစတက္ေသာ အေမႊးမ်ားသည္
အပင္စားသတၱဝါမ်ားအျပင္ အင္းဆက္မ်ားကိုလည္း ခုခံကာကြယ္ႏိုင္စြမ္း႐ွိသည္။
ယားေမႊးမ်ားကို မေတာ္တဆထိမိခဲ့ေသာ္ သတၱဝါတို႔၏ အေရျပားအတြင္းသို႔ အလြယ္တကူ
တိုးဝင္ႏိုင္ၿပီး နာက်င္က်ိန္းစပ္ျခင္းႏွင့္  ယားယံျခင္းတို႔ ျဖစ္ေစႏိုင္သည္။ ထိေတြ႔မိပါက ယားယံေစတက္ေသာ  အေမႊးမ်ားပါ႐ွိသည့္ အပင္မ်ိဳးစိတ္အမ်ားအျပား
႐ွိေသာ္လည္း လူသိအမ်ားဆံုးႏွင့္ အထင္႐ွားဆံုးအပင္မွာ “True nettles” ဟုေခၚေသာ
ဖက္ယားပင္(Laportea interrupta) ျဖစ္သည္။

ဖက္ယားပင္(Laportea interrupta) ဖက္ယားပင္သည္ Urticaceae မ်ိဳးရင္းတြင္
ပါဝင္ၿပီး ယားေမႊးမ်ား(Stinging hairs)ပါ႐ွိေသာ အပင္တစ္မ်ိဳးျဖစ္သည္။
မေတာ္တဆထိမိပါက အေရျပားကို ယားယံေစတက္သည္။
ယားယံေစတက္ေသာ အေမႊးမ်ားကို ခိုင္မာေသာအေျခက ေထာက္ကူေပးထားၿပီး
အဖ်ားသည္ ႂကြပ္ဆပ္ကာက်ိဳးလြယ္သည္။ ယားေမႊး၏ အဖ်ားပိုင္းသည္ အေရျပားအတြင္း
ထိုးေဖာက္ဝင္ေရာက္ၿပီး အဆိပ္ရည္မ်ား ေရာက္႐ွိသြားေစသည္။
အတိအက်ဆိုရပါက ၎ယားေမႊးမ်ားတြင္ ဓာတုအဆိပ္တစ္မ်ိဳးျဖစ္ေသာ Histamine ,
အင္းဆက္ေတြကို ေဘးဥပါဒ္ျဖစ္ေစေသာ Acetylcholine အဆိပ္ႏွင့္ Formic acid တို႔
ပါ႐ွိေနသည္။ ထို႔အျပင္ ယားယံေစသည့္ လက္တေလာေဝတနာကို ခံစားရမႈ သိသာေစေသာ Serotonin ဓာတုေဗဒပစၥည္းျဒပ္ပါင္းမ်ားလည္း ေပါင္းစပ္ ပါ႐ွိေနသည္။ ထို႔ေၾကာင့္ပင္ အေရျပားကုိထိမိပါက ျပင္းထန္စြာယားယံေစၿပီး အပင္စားသတၱဝါမ်ား စားသံုးျခင္းမ႐ွိၾကေခ်။
Urticaceae မ်ိဳးရင္းထဲမွ အပင္အားလံုးသည္ ယားယံေစတက္ေသာ အပင္မ်ားမဟုတ္ဘဲ
Laportea မ်ိဳးစုဝင္ အပင္တခ်ိဳ႕သာ  ယားယံေစတက္သည္။

၎ မ်ိဳးရင္းထဲမွ “Urtica dioica L.” မ်ိဳးစိတ္ကိုဟင္းရြက္အျဖစ္ စားသံုးႏိုင္ၿပီး ေဆးဝါးႏွင့္
ခ်ည္မွ်င္မ်ားထုတ္လုပ္ႏိုင္ေၾကာင္း သိရသည္။Laportea မ်ိဳးစုထဲမွ ယားယံေစတက္ေသာ
အပင္မ်ားႏွင့္ အျခားမ်ိဳးစုထဲမွ အပင္တို႔သည္အေမႊး႐ွိတာျခင္း တူညီေနေသာ္လည္း
ဓာတုျဒပ္ေပါင္းပါဝင္မႈ ကြာျခားသည္။ ဆိုလိုသည္မွာ Urticaceae မ်ိဳးရင္းဝင္
အပင္အားလံုးနီးပါးတြင္ အေမႊးမ်ားပါ႐ွိၾကၿပီး ယားယံေစတက္ေသာ ယားေမႊးမ်ားမဟုတ္ပါ။
အေမႊး႐ွိတဲ့ အပင္ေတြကေတာ့ တခ်ိဳ႕ေသာ အပင္စားသတၱဝါမ်ား မစားသံုးႏိုင္ေအာင္
ဟန္႔တားႏိုင္ေသာ္လည္း အင္းဆက္ေတြအတြက္ေတာ့ ထိေရာက္မႈမ႐ွိေခ်။

ဖက္ယားပင္ကဲ့သို႔ပင္ ထိမိပါက ယားယံတက္ေသာအပင္မ်ားစြာကို ေတြ႔ျမင္ဖူးသည္။
အပင္ တစ္မ်ိဳးႏွင့္တစ္မ်ိဳး အသြင္သဏၭာန္မတူညီေသာ္လည္း တူညီမႈတစ္ခုမွာ
အမည္ျဖစ္၍ ယားယံတက္ေသာ အပင္ဟူသမွ်ကို”ဖက္ယားပင္” လို႔သာ အမည္ေပးထားၾကသည္။
ေလ့လာၾကည့္ပါက ဖက္ယားပင္ဟု ေခၚေစကာမူအပင္အမ်ိဳးမ်ိဳးျဖစ္ေနသည္ကို ေတြ႔႐ွိရမည္။
ထို႔ေၾကာင့္ပင္ ဖက္ယားပင္မ်ားအေၾကာင္း သိလို၍ေလ့လာၾကည့္ရာ ဖက္ယားႀကီး၊ ဖက္ယားငယ္၊
ႏြယ္ဖက္ယား၊ ဆင္ဖက္ယား၊ ၾကက္ဖက္ယား၊ေတာဖက္ယား၊ ေတာင္ဖက္ယား စသျဖင့္
အပင္ပံုသဏၭာန္အမ်ိဳးမ်ိဳး ကြဲျပားေနသည္ကိုစိတ္ဝင္စားဖြယ္ ေတြ႔႐ွိရသည္။
ကြၽန္ေတာ့္အေနျဖင့္ ဖက္ယားပင္မ်ားအေၾကာင္းေလ့လာေတြ႔႐ွိခ်က္မ်ားကို ယခု ေခါင္းစဥ္ေအာက္တြင္
ေရးသားေဖာ္ျပရန္ ရည္ရြယ္ထားေသာ္လည္း အခ်က္အလက္ အကိုးအကား မျပည့္စံု၍
ခ်န္လွန္ထားခဲ့ပါသည္။

ယားယံေစတက္ေသာ အပင္မ်ားတြင္ ထင္႐ွားလူသိမ်ားေသာ ေနာက္ထက္အပင္တစ္မ်ိဳးမွာ
ေခြးေလွးယားပင္(Mucuna pruriens) ျဖစ္သည္။ ေခြးေလွးယားပင္ကို ျမန္မာျပည္ေနရာအႏွံ႔အျပားတြင္ ေတြ႔႐ွိရၿပီး ယားယံေစတက္သည့္ အပင္တစ္မ်ိဳး
ျဖစ္ေသာေၾကာင့္ လူတိုင္းနီးပါးသိၾကသည္။  ေခြးေလွးယားပင္၏ အဓိက ယားယံေစတက္ေသာ
အစိတ္အပိုင္းမွာ အသီးေတာင့္ျဖစ္သည္။ အသီးေတာင့္(Seed pods) အေပၚယံ႐ွိ
ယားေမႊးမ်ားကို ထိမိပါက အေရျပားေပၚတြင္ အလြန္ယားယံေသာ ေဝတနာကို ခံစားရသည္။
၎ ယားေမႊးမ်ားတြင္ Mucunain ႏွင့္ Serotonin အမည္ရွိေသာ ဓာတ္ပစၥည္းႏွစ္မ်ဳိး ပါဝင္ေနသျဖင့္
ထိေတြ႕မိသည့္ေနရာကို ယားယံေစျခင္းျဖစ္သည္။ ထို႔ေၾကာင့္ပင္ အပင္စားသတၱဝါတို႔၏
စားသံုးခံရမည့္ ေဘးအႏၱရာယ္မွ ကင္းေဝးေစသည္။

ယားယံေစတက္ေသာ အပင္မ်ားစြာ႐ွိၿပီး ဝါးမ်ိဳးႏြယ္မ်ားတြင္ ယားယံေစတက္သည့္
ယားေမႊးမ်ားပါ႐ွိၾကၿပီး အေရျပားႏွင့္ ထိမိပါက ယားယံျခင္းကို ျဖစ္ေစႏိုင္သည္။
ယင္းကဲ့သို႔ပင္ ေကာက္႐ိုးေမွာ္၊ ပဲေမွာ္(ပဲပုပ္၊ မတ္ပဲ)၊ ကိုင္းျမက္၊ သက္ငယ္ အစ႐ွိသည့္
အပင္တို႔သည္လည္း အေရျပားႏွင့္ ထိမိပါက ယားယံျခင္းကိုျဖစ္ေစႏိုင္သည္။
ယားယံေစတက္ေသာ အပင္အားလံုကို ျခံဳငံု၍ယားယံေစတက္ေသာအပင္မ်ား
( Itchy-rash plants) ဟု ေခၚေဝၚၾကသည္။

ယားယံေစတက္ေသာ ယားေမႊးမ်ားအေၾကာင္း အၾကမ္းဖ်င္းေဖာ္ျပခဲ့ၿပီးေနာက္ ယားယံမႈ
မျဖစ္ေသာ အေမႊးမ်ားအေၾကာင္း အနည္းငယ္ ေရးသားေဖာ္ျပပါမည္။
ယားယံမႈမျဖစ္ႏိုင္သည့္ အေမႊးတို႔သည္ ယားယံျခင္းမ႐ွိေစကာမူ အေမႊးထူေသာ
အပင္မ်ားျဖစ္ေနပါက အပင္စားသတၱဝါတို႔က စားသံုးျခင္း မျပဳၾကပါ။
ယားယံျခင္းမ႐ွိသည့္ အေမႊးတို႔၏ ဖြဲ႔စည္းတည္ေဆာက္ပံုသည္ ယားယံေစေသာ
ယားေမႊးမ်ားႏွင့္ ဆင္ေသာ္လည္း  မာေၾကာေတာင့္တင္းျခင္း မ႐ွိသျဖင့္
အေရျပားအတြင္းသို႔ အလြယ္တကူ မဝင္ေရာက္ႏိုင္ပါ။ အေရျပားအတြင္းသို႔ ဝင္ေရာက္ႏိုင္ေစကာမူ အဆိပ္ဓာတ္ေပါင္းမ်ား မပါ႐ွိေသာေၾကာင့္ ယားယံျခင္း မျဖစ္ႏိုင္ပါ။
တခ်ိဳ႕ေသာ Cactus မ်ိဳးႏြယ္ဝင္ အပင္မ်ားတြင္ ဆူး သို႔မဟုတ္ အေမႊးမ်ားကို ေတြ႔႐ွိရၿပီး
အေရျပားအတြင္း စူးဝင္ခဲ့ေသာ္ နာက်င္မႈ ေဝတနာကိုသာ ခံစားရၿပီး ယားယံျခင္းမျဖစ္ႏိုင္ပါ။
ယင္းကဲ့သို႔ျဖစ္ျခင္းသည္ အေမႊးမ်ားတြင္ အဆိပ္ဓာတ္ေပါင္းမ်ား မပါဝင္၍ ျဖစ္သည္။
ဥပမာ – ဆင္ႏွာေမာင္းပင္(Heliotropium indicum) ေတာက္တဲ့လက္ဝါး(Coldenia procumbens L,.) ခရမ္းခ်ဥ္( Tomato ) အစ႐ွိသည့္ အပင္မ်ားတြင္ ေတြ႔႐ွိရေသာ အေမႊးမ်ားျဖစ္သည္။
အေမႊးမ်ားသည္ ယားယံသည္ျဖစ္ေစ၊  ယားယံမႈမ႐ွိသည္ျဖစ္ေစ ၎တို႔၏ အဓိကလုပ္ငန္းတာဝန္မွာ အပင္စားသတၱဝါမ်ားကိုခုခံကာကြယ္ေရးအတြက္ျဖစ္သည္။
သို႔ေသာ္ အေမႊးမ်ားသည္ ခုခံကာကြယ္ေရးအတြက္ သီးျခားတည္႐ွိေနသည္မဟုတ္ဘဲ အျခားေသာ
လုပ္ငန္းတာဝန္မ်ားကိုလည္း ပူတြဲထမ္းေဆာင္ရသည္။

ဥပမာဆိုရေသာ္ သဲကႏၱာရတြင္​ေပါက္​​ေသာ အပင္​တခ်ိဳ႕ႏွင္​့ သစ္ပင္ႀကီးမ်ားေပၚတြင္
ကပ္ေပါက္ေသာ သစ္ကပ္ပင္(Epiphytes)တို႔၏ အရြက္​မ်ား​ေပၚတြင္ အ​ေမႊးမ်ားပါ႐ွိေနၿပီး
၎ အေမႊးမ်ားသည္ ေလထုထဲမွ ေရခိုးေရေငြ႔မ်ားကို တိုက္႐ိုက္စုပ္ယူႏိုင္ၾကသည္။
ပူျပင္းေျခာက္ေသြ႔ေသာ ေဒသမ်ားတြင္ ေပါက္ေရာက္ေသာ အပင္တို႔သည္ ၎တို႔အတြက္
လိုအပ္ေသာ ေရဓာတ္ကို အေမႊးမ်ား၏ အကူအညီျဖင့္ ေလထုထဲမွ တိုက္႐ိုက္ရယူ၍
အသက္႐ွင္သန္ရသည္။ ေရစုပ္ယူသည့္ တာဝန္ကို အျမစ္တို႔ကသာ ထမ္းေဆာင္ေနသည္မဟုတ္ပဲ အေမႊးတို႔ကလည္း ကူညီလုပ္ေဆာင္ေပးရသည္။ Carnivorous plants ဟု ေခၚေသာ
အသားစားပင္မ်ားတြင္ပါ႐ွိေသာ အေမႊးမ်ားသည္သားေကာင္ဖမ္းရာတြင္ အေထာက္အကူမ်ားစြာ
ရ႐ွိေစသည္။ ထို႔အျပင္ အေမႊးတို႔သည္ မ်ိဳးဆက္ပ်ံ့ႏွံ႔ရာတြင္လည္း အကူအညီရ႐ွိေစသည္။
အပင္တို႔၏ ပင္ပိုင္းအဂၤါမ်ားမွ အေမႊးတို႔သည္ ခုခံကာကြယ္ေရးရန္ အဓိကျဖစ္ေသာ္လည္း
အသီးႏွင့္ အေစ့မ်ားမွ အေမႊးတို႔သည္ မ်ိဳးပ်ံ့ႏွံ႔ျခင္းအတြက္ျဖစ္ၿပီး အေစ့ခြံတို႔မွ  ထူးကဲစြာျဖစ္လာေသာ အေမႊးတို႔သည္ အေစ့အား ေလႏွင့္အတူ အလြယ္တကူလြင့္ပါ၍ မိခင္အပင္ႏွင့္ ေဝးရာအရပ္သို႔ ေရာက္႐ွိသြားသည္။ ထိုကဲ့သို႔ အသီးႏွင့္ အေစ့မ်ား ေလအကူအညီျဖင့္
ပ်ံ့ႏွံ႔ျခင္းကို(Seeds dispersal by Wind ) ဟူ၍ ေခၚဆိုသည္။

ဥပမာ – မု႐ိုးေစးပင္( Calotropis procera )၊ လက္ထုတ္ႀကီး(Holarrhena antidysenterica)၊
ဒုဓလီပန္​း(ျခ​ေသၤ့သြား)Dandelion(Lion´s tooth)၊  ဗိစပ္ပင္( Eupatorium odoratum L. )၊
လက္ပံခါး( Alstonia scholaris )၊ ေကာက္႐ိုးႏြယ္(Oxystelma esculentum)၊
ခြာညိဳႀကီး(Clematis smilacifolia Wall.) ႏွင့္ ဆက္ခ်ိဳရစ္(Naravelia zeylanica) တို႔ ျဖစ္သည္။

Credit – Nyan Myint

Unicode ျဖင့္ဖတ္ရန္

အပင်တို့ ၏ ခုခံကာကွယ်ရေးစနစ်များ( The Plant of Defence Systems )

=======================================================

အပင်တို့၏ ခုခံကာကွယ်ရေးစနစ်များအကြောင်း မရေးသားမီ ဖိစီးမှုများကို ဦးစွာဖော်ပြပါမည်။
“Stress” ဖိစီးမှုများကို သက်မဲ့ကြောင့်ဖြစ်ရသော အဇီဝဖိစီးမှုများ(Abiotic Stress)နှင့်
သက်ရှိများကြောင့် ဖြစ်ရသော ဇီဝဖိစီးမှုများ(Biotic Stress) ဟူ၍ ၂ မျိုး
ခွဲခြားထားသည်။
သက်မဲ့ကြောင့်ဖြစ်ရသော အဇီဝဖိစီးမှုများ(Abiotic Stress) –
– အပူချိန်မြင့်မားခြင်း(Hight temperature)
– အပူချိန်နိမ့်ကျခြင်း( Low temperature )
– ရေဝပ်ခြင်း(Water Logging)
– လေပြင်းတိုက်ခက်ခံရခြင်း( Wind )
– မိုးခေါင်ခြင်း( Drought )
– စိုထိုင်းစလျော့နည်းခြင်း( Low Humidity )
– အလင်းရောင်မလုံလောက်ခြင်း(Low sunlight)
– သတ္တုအဆိပ်သင့်ခြင်း(Heavy Metal Toxicity)
– ပြောင်းရွှေ့စိုက်ပျိုးခြင်း( Transplanting )
– ဆားငံရည်ဒဏ်( Salinity )
သက်ရှိကြောင့်ဖြစ်ရသော ဇီဝဖိစီးမှုများ(Biotic Stress) –
– အပင်စားသတ္တဝါများ( Herbivorous )
– ပိုးမွှားရောဂါများ( Pests )
– ဘက်တီးရီးယားများ( Bacteria )
– မြေသန်ကောင်များ( Nematodes )
– မှိုများ( Fungs )
– ဗိုင်းရပ်စ်များ( Virus )
အထက်ဖော်ပြပါ ဖိစီးမှုတစ်ခုခုသည် အပင်တို့အပေါ် သက်ရောက်ခြင်းကြောင့် အပင်တို့တွင် ခုခံကာကွယ်နိုင်သောစနစ်များ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဖိစီးမှုတစ်ခုခု၏ သက်ရောက်မှုဒဏ်ကို
ခုခံကာကွယ်ရန် (သို့) လျော့ချရန် ဖြစ်ပေါ်လာသည့် စနစ်များကို ခုခံကာကွယ်ရေးစနစ်များ( Defence
System ) ဟု ခေါ်သည်။

ခုခံကာကွယ်ရေးစနစ်တို့သည် သက်ရောက်လာသည့် ဖိစီးမှုအမျိုးအစားအပေါ် မူတည်၍ တုံ့ပြန်မှုနှင့်
ခုခံကာကွယ်မှုပုံစံတို့သည် အမျိုးမျိုးကွဲပြားနေပြီး အပင်မျိုးစိတ်အပေါ်မူတည်၍လည်း
ခုခံကာကွယ်ရေးစနစ်တို့သည် ခြားနားနေသည်။
ဥပမာ – အပူချိန်မြင့်မားခြင်းကို ခုခံကာကွယ်ခြင်း
ရာသီဥတုကောင်းမွန်သော ပုံမှန်အခြေအနေတွင် အရွက်များ၏ မျက်နှာပြင်တွင်ရှိနေသော
လေပေါက်များ(Stomata) ၏ ဖွင့်ခြင်း/ပိတ်ခြင်း ဖြစ်စဉ်သည် နရီစည်းချက်များအတိုင်း
ပုံမှန်လည်ပတ်နေသည်။ သို့သော် လေပေါက်များပွင့်နေချိန်တွင် အပူချိန်မြင့်မားခြင်းကဲ့သို့ ဖိစီးမှု(Stress) သက်ရောက်လာပါက ပွင့်နေသည့် လေပေါက်များကို ပိတ်ပစ်လိုက်ပြီး ပုံမှန်လည်ပတ်နေသည့် နရီစည်းချက်( Circadian Rhythms ) ကို ပြောင်းလဲလိုက်ကြသည်။
ပုံမှန်အခြေအနေတွင် လေပေါက်များပွင့်နေခြင်းသည် အပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်
ဓာတ်ငွေ့လဲလှယ်ခြင်း(Exchange of gases)၊ ပင်ရည်ငွေ့ပျံခြင်း( Transpiration ) ကဲ့သို့သော
အပင် ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ရန်ဖြစ်သော်လည်း
လေပေါက်များ(Stomata) ပွင့်နေချိန်တွင် အပင်အတွင်း ပင်ရည်ငွေ့ပျံခြင်း(Transpiration)
ဖြစ်စဉ်ကြောင့် ရေပျောက်ဆုံးခြင်းဖြစ်ပေါ်စေသည်။ ပုံမှန်အခြေအနေထက် အပူချိန်မြင့်မားနေချိန်တွင် Transpiration နှုန်းသည် မြင့်မားသောကြောင့် အပင်အတွင်း ရေပျောက်ဆုံးခြင်းနှုန်းသည်လည်း
အလွန်လျင်မြန်သည်။ အပူချိန်မြင့်မားနေချိန်တွင် Transpiration နှုန်း မြင့်မားခြင်းသည် အပင်တွင်း ရေဓာတ်ခန်းခြောက်၍ အပင်ညှိုးခြင်း(Plant Wilting) ဖြစ်စေနိုင်သည်။
ဆိုလိုသည်မှာ အပူချိန်မြင့်မားနေချိန်တွင် လေပေါက်များ(Stomata) ပွင့်နေခြင်းသည်
အပင်အတွင်း ပင်ရည်ငွေ့ပျံခြင်း(Transpiration)ကို မြင့်မားစေသဖြင့် အပင်တို့ အသက်ရှင်ရပ် တည ်နိုင်ရန် အခက်အခဲဖြစ်စေသည်။

အပူချိန်မြင့်မားနေချိန်တွင် Transpiration ဖြစ်စဉ်ကြောင့် ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်စေရန်
လေပေါက်များ(Stomata)ကို ပိတ်ပစ်၍ Transpiration နှုန်းကို ထိန်းချုပ်လိုက်ခြင်းသည်
အပူချိန်မြင့်မားခြင်းကို ခုခံကာကွယ်ခြင်းဖြစ်သည်။ အပူချိန်မြင့်မားခြင်းကို ခုခံကာကွယ်နိုင်ရန်
လေပေါက်များ(Stomata) ပိတ်ပစ်ခြင်းအပြင် အရွက်လိပ်ခြင်း( Leaf rolling )၊ အရွက်များကို
ချွေချပစ်ခြင်း စသည့် လက္ခဏာတို့ကိုလည်း အပင်တချို့တွင် တွေ့ရလေ့ရှိသည်။
အရွက်လိပ်ခြင်း( Leaf rolling ) လက္ခဏာကို ခရမ်းချဉ်ပင်၊ ပြောင်းပင်နှင့် ညောင်ပင်အရွက်များတွင် အများဆုံးတွေ့ရှိရသည်။ အရွက်လိပ်ခြင်းသည် အပင်အတွင်း ရေဓာတ်များ လျော့နည်းလာ၍ ပြန့်တင်းအား(Turgor pressure) လျော့ကျသွားခြင်းကြောင့် ဖြစ်သည်။ တချို့သောသူတို့က ညောင်ရွက်များ အရွက်လိပ်ခြင်းအား ညောင်ရွက်ကန်တော့ထိုးခြင်းဟု ပြောဆိုကြပြီး ဗုဒ္ဓဘုရားရှင်အား ပူဇော်ကန်တော့ခြင်း ဖြစ်သည်ဟူ၍လည်း ယုံကြည်နေကြသည်။
အမှန်စင်စစ် ညောင်ရွက်ကန်တော့ထိုးခြင်းအား သိပ္ပံနည်းကျ အဖြေရှာကြည့်သည့်အခါ
အပင်အတွင်း ရေဓာတ်လျော့နည်းနေချိန် ပတ်ဝန်းကျင်တွင် အပူချိန်မြင့်မားသည့်အခါ
ရေဓာတ်ဆုံးရှုံးမှုသက်သာစေရန် သဘာဝအရ အရွက်များကို လိပ်ပြစ်ခြင်းသည်။
တနည်းဆိုရသော် အပင်အတွင်း ရေဓာတ်နည်းလာ၍ ပြန့်တင်းအား(Turgor pressure) လျော့ကျသွားခြင်း ဖြစ်ပြီး အပူချိန်မြင့်မားခြင်းကို ခုခံကာကွယ်ခြင်းလည်း
ဖြစ်သည်။

တချို့သော ရွက်ကြွေပင်များတွင် အပင်အတွင်း ရေဓာတ်လျော့နည်းချိန် ပတ်ဝန်းကျင်၌
အပူချိန်မြင့်မားလာပါက အပင်ပေါ်ရှိ အရွက်များကို ချွေချလေ့ရှိသည်။ လေပေါက်များပိတ်ပစ်ခြင်း၊ အရွက်လိပ်ခြင်း၊ အရွက်များချွေချပစ်ခြင်း ဖြစ်စဉ်တို့သည် အပင်တို့တွင် သဘာဝအလျောက်ဖြစ်ပေါ် သည့် အပူချိန်မြင့်မားခြင်းကို ခုခံကာကွယ်နေသော
စနစ်များဖြစ်သည်။
အပင်တို့၏ ခုခံကာကွယ်ရေးစနစ်များအကြောင်း –
အပင်တို့၏ ခုခံကာကွယ်ရေးစနစ်ဆိုသည်မှာ ဖိစီးမှုအမျိုးမျိုး၏ သက်ရောက်မှုဒဏ်ကို
ခုခံကာကွယ်ရန် ဖြစ်ပေါ်လာသောစနစ်များကို ခုခံကာကွယ်စနစ်များအဖြစ် အကြမ်းဖျင်း
သိရှိပြီးနောက် ဖိစီးမှုအမျိုးမျိုးမှ အပင်စားသတ္တဝါများ(Herbivorous)ကြောင့် ဖြစ်ပေါ်လာသော ခု ခံကာကွယ်ရေးစနစ်များ အကြောင်းကိုသာ ယခုစာစုတွင် အဓိကထား ရေးသားသွားမည်ဖြစ်၍ တခြားသော ဖိစီးမှုများကြောင့် ဖြစ်ပေါ်လာသော ခုခံကာကွယ်ရေး စနစ်များအကြောင်းကို နောက်ပိုင်း အလျဉ်းသင့်ပါက သီးခြား ရေးသားဖော်ပြပေးပါမည်။
ကျွန်ုပ်တို့ နေထိုင်ရာ ဤကမ္ဘာကြီးသည် သက်ရှိများနှင့် လွှမ်းခြုံထားသော သက်ရှိကမ္ဘာ
( Living Planet ) တစ်ခုဖြစ်သည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ စကြဝဠာအတွင်း
သက်ရှိများနေထိုင်ရန် သင့်လျော်ဆုံးသော
ဂြိုလ်ကမ္ဘာဟုလည်း ဆိုကြသည်။ သက်ရှိကမ္ဘာတွင် နေထိုင်ကြသော သက်ရှိများ
ရှင်သန်ရန်တည်နိုင်ရန် မရှိမဖြစ်အရေးကြီးသော ရင်းမြစ်များတွင် အစားအစာသည်လည်း
တစ်ခုအပါအဝင်ဖြစ်နေသည်။ အစားအစာအတွက် သက်ရှိအချင်းချင်း
အပြန်ပြန်အလှန်လှန် မှီခိုနေရသည့် ဖြစ်စဉ်ကို အစာကွင်းဆက်( Food chains ) ဟု ခေါ်သည်။
အပင်တို့သည် နေရောင်ခြည်စွမ်းအင်ဖြင့် ကိုယ်ပိုင်အစာချက်လုပ်နိုင်ကြသည်။
၎င်းဖြစ်စဉ်ကို အလင်းမှီအစာစုဖွဲ့ခြင်းဖြစ်စဉ် ( Photosynthesis ) ဖြစ်စဉ်ဟု ခေါ်တွင်ပြီး
ဓာတုဖြစ်စဉ်များတွင် အခြေခံအကျဆုံးနှင့် ကြီးကျယ်ခန်းနားဆုံး Phenomenon
ဖြစ်သည်ဟုဆိုရသော် လွန်မည်မထင်ပါ။ အပင်တို့သည် Photosynthesis ဖြစ်စဉ်မှ
ရရှိလာသော စွမ်းအင်များကို ကြီးထွားဖွံ့ဖြိုးအတွက် အသုံးပြုရသည်။ Photosynthesis ဖြစ်စဉ် မှ အစပြု၍ ဖြစ်ပေါ်လာသော အပင်တစ်သျှူးများကို အပင်စားသတ္တဝါတို့က စားသုံးကြရသည်။
ဤသည်မှာ အစာကွင်းဆက်(Food chains) ၏ ကနဦးအစဖြစ်သည်။
အစာကွင်းဆက်၏ အစဖြစ်သော အပင်တို့ကို ထုတ်လုပ်သူ(Producer) ဟု ခေါ်ဆို၍
အပင်စားသတ္တဝါများကို ပထမစားသုံးသူ (Primary consumers) သို့မဟုတ် အပင်စားသတ္တဝါများ(Herbivorous)ဟုခေါ်သည်။

အပင်စားသတ္တဝါများတွင် နှံကောင်၊ ပျား၊ ရှဉ့်၊ ယုန်နှင့် သမင်များအပါအဝင် အပင်တို့ကိုသာ စားသုံးသည့် အပင်စားသတ္တဝါများဖြစ်၍ အဆိုပါ အပင်စားသတ္တဝါများကို စားသုံးကြသည့်
သတ္တဝါများကို အသားစားသတ္တဝါများ ( Carnivorous ) သို့မဟုတ် ဒုတိယစားသုံးသူများ
( Secondary consumers )ဟု ခေါ်သည်။ အသားစားသတ္တဝါများတွင် မြွေ၊ ဖား၊ ကြောင်နှင့်
ပုတ်သင်များအပါဝင် အသားစားသတ္တဝါငယ်များကို စားသုံးကြသည့် အသားစားသတ္တဝါကြီးများ
သို့မဟုတ် တတိယစားသုံးသူများကို (Tertiary consumer) ဟု ခေါ်သည်။

ဥပမာ – ဝက်ဝံ၊ သိန်းငှက်၊ ကျား၊ ငါးမန်း ထိုမှတဖန် အပင်များ၊ သတ္တဝါများ သေဆုံးခဲ့သော်
၎င်းတို့ကို စားသုံးသည့် မှိုများနှင့် ဘက်တီးရီးယားများကို ချေဖျက်သူများ( Decomposers )ဟု ခေါ်သည်။

ခြွင်းချက်အဖြစ် မသေဆုံးသေးသော သက်ရှိတို့၏ ကိုယ်ပေါ်တွင် Decomposers များကို တွေ့ရသည်။
ထိုမှ တဆင့်ပြီး တဆင့် စားသောက်ခဲ့ရာ နောက်ဆုံးတွင် အပင်များ ပြန်လည်အသုံးပြုနိုင်သည့်
အာဟာရများ( Nutrients ) အဖြစ်သို့ ရောက်ရှိသွားကြသည်။
ယင်းကဲ့သို့ သက်ရှိအချင်းချင်း စားသောက်ကြသည့် ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံ၍ အစာကွင်းစက်
( Food chains ) ဟု ခေါ်ဆိုသည်။

အစာကွင်းစက်အကြောင်း အကြမ်းဖျင်းသိရှိပြီးနောက် အပင်တို့၏ခုခံကာကွယ်ရေးစနစ်များအကြောင်း
ဆက်လက်ဖော်ပြပေးပါမည်။အထက်တွင် ဖော်ပြခဲ့သော အစာကွင်းဆက်၏ အခြေခံအုတ်မြစ်တွင် အပင်စားသတ္တဝါတို့က အပင်တို့ကိုစားသုံးကြောင်းသိနိုင်သည်။
တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားမှုမပြုနိုင်သည့် အစားခံ အပင်များကို အပင်စားသတ္တဝါများ
အလွန်အကျွံ စားသုံးမှုမပြုနိုင်ရန် ဟန့်တားခြင်း၊ တွန်းလှန်ခြင်း၊ ကာကွယ်ခြင်း စနစ်များကို ခုခံကာကွယ်ရေးစနစ်များ သို့မဟုတ် ကာကွယ်ရေးယန္တရားများဟု သက်မှတ်သည်။
ခုခံကာကွယ်ရေးယန္တရားသည် အပင်တို့၏ တစ်သျှူးများ( ပင်စည်၊ အရွက်၊ အမြစ်များနှင့် မျိုးပွားအင်္ဂါများ ) ကို အပင်စားသတ္တဝါများ အလွန်အကျွံ
စားသုံးခြင်းကြောင့် သတ္တလောကအတွင်း တစ်ဖက်စောင်းနင်းမဖြစ်ရအောင် သဘာဝတရားက အမြဲပဲ့ကိုင်ပေးထားသော သဘာဝဖြစ်စဉ်ဖြစ်သည်။ ခုခံကာကွယ်ရေး ဆင့်ကဲဖြစ်စဉ်( Evolution )
သမိုင်းအား ခြေရာကောက်ကြည့်ပါက
လွန်ခဲ့သော နှစ်ပေါင်း ၂ ဒဿမ ၅ ဘီလီယံမှ နှစ်သန်း ၇၅၀ ကြား ကပ်ကမ္ဘာဖြစ်သည့် ပရိုတယ်ရို ဇိုးရစ်ကပ်ကမ္ဘာ(Proterozoic Aeon) ကာလအတွင်း ပေါ်ပေါက်ခဲ့သော အပင်များတွင် ခုခံကာကွယ်ရေးစနစ်များ မဖွံ့ဖြိုးသေးဘဲ အစားခံသက်သက်သာ ဖြစ်တည်ခဲ့ကြပြီး
သဘာဝ၏ ရွေးချယ်မှု(Natural selection) အရ အပင်တို့သည် အပင်စားသတ္တဝါများ၏
အစားခံဘဝသက်သက်မှ လွတ်မြောက်နိုင်ရန် အချိန်ကာလတစ်ခု ဖြတ်သန်းပြီး တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲခဲ့ကြသည်။ ဆင့်ကဲပြောင်းလဲခဲ့သော ကာကွယ်ရေးစနစ်များသည်
အပင်စားသတ္တဝါများ၏ စားသုံးခံရခြင်းကို ဟန့်တား ကန့်သတ်ရာတွင် ထိရောက်မှုရှိသည်။
အပင်စားသတ္တဝါများ၏ စားသုံးခြင်းကို ကန့်သတ်နိုင်သည့် အကျိုးသက်ရောက်မှုများက
၎င်းတို့ အသက်ရှင်ရပ်တည်နိုင်ရန် သဘာဝက လိုက်လျောညီထွေဖြစ်ခွင့်ပေးထားသကဲ့သို့
ဖြစ်စေသည်။
ကျွန်တော် လေ့လာသိရှိထားသလောက် အပင်တို့၏ ခုခံကာကွယ်ရေးစနစ်များသည် အပင်မျိုးစိတ်အလိုက် အမျိုးမျိုးကွဲပြားနေကြသည်။ အပင်မျိုးစိတ် တစ်မျိုးခြင်းစီတွင်
ခုခံကာကွယ်ရေး စနစ် တစ်မျိုးမျိုးအား ပိုင်ဆိုင်ထားသည်ကိုတွေ့ရှိရပြီး
တချို့သော အပင်မျိုးစိတ်များမှာတော့ ခုခံကာကွယ်ရေးစနစ် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ပိုင်ဆိုင်ထားတက်ကြသည်။
အပင်တို့၏ ခုခံကာကွယ်ရေးစနစ် တစ်မျိုးနှင့် တစ်မျိုးသည် ချိတ်ဆက်နေပြီး တချို့လည်း သီးသန့်အသွင်ဆောင်နေသည်ကို တွေ့ရှိရ၏။ ထူးခြားချက်အဖြစ် လေ့လာတွေ့ရှိရသည်မှာ
ခုခံကာကွယ်ရေးစနစ်များသည် မျိုးစိတ်တူ အပင်အချင်းချင်းသော်လည်းကောင်း၊
မျိုးစိတ်မတူသော အပင်များနှင့်သော်လည်းကောင်း ချိတ်ဆက် သတိပေးနိုင်ကြသည်။
အပင်မျိုးစိတ်တစ်မျိုးသည် အပင်စားသတ္တဝါတို့၏ တိုက်ခိုက်စားသောက်ခြင်းခံရပါက ခုခံကာကွယ်ရေ းယန္တရားများ အသက်ဝင်လာပြီး ဟန့်တားခြင်း၊ တွန်းလှန်းခြင်းများကို
ပြုလုပ်နိုင်ကြောင်း တွေ့ရသည်။

ထို့အပြင် တခြားသော အပင်များကိုလည်း ခုခံကာကွယ်ရေးစနစ်များ အသင့်ပြင်ထားရန်
အသိပေးနိုင်သည်ဟု Ecologist ပညာရှင်တို့က ပြောဆိုကြသည်။ အပင်မျိုးစိတ် တစ်မျိုးနှင့် တစ်မျိုး ဆက်သွယ်ရန် အမြစ်များကတဆင့် ဆက်သွယ်နိုင်ကြပြီး
အမြစ်များ၏ ကြားခံနယ်တွင် Arbuscular Mycorrhizal Fungal(AMF) မှိုများက ကွန်ယက်သဖွယ် ချိတ်ဆက် ဆက်သွယ်ပေးနိုင်သည်ဟု သိရှိရသည်။အပင်တို့၏ ခုခံကာကွယ်ရေးစနစ်များသည်
အလွန်ရှုပ်ထွေးနေပြီး ကျယ်ပြန့်နက်နဲသည်။ မည်သို့ပင်ဆိုစေကာမူ ခုခံကာကွယ်ရေးစနစ်
အားလုံး၏ ဘုံတူညီချက်မှာ သတ္တလောကအတွင်းအသက်ရှင်ရပ်တည်နိုင်ရန်အတွက်ဖြစ်သည်။
အပင်တို့က အပင်စားသတ္တဝါများကိုခုခံကာကွယ်ခြင်းစနစ်များ –
ခုခံကာကွယ်ရေးစနစ်တွင် အမြဲတမ်း(သို့မဟုတ်) ပြင်ပခုခံကာကွယ်ရေးစနစ်များ( Constitutive
Defense System) နှင့် အတွင်း ခုခံကာကွယ်ရေး စနစ်များ( Inductive Defense System ) ဟူ၍
နည်းလမ်း ၂ သွယ်ရှိသည်။ အပင်တို့၏ ပြင်ပ ခုခံကာကွယ်ရေးစနစ်သည် အမြဲတမ်း အသင့်ဖြစ်သော ပုံစံမျိုးဖြစ်၍ အတွင်း ခုခံကာကွယ်ရေးစနစ်များသည် သာမန်အခြေအနေတွင် နိုးထခြင်းမရှိဘဲ
အပင်သို့ တစ်ခုခုသောဖိစီးမှု သက်ရောက်လာမှသာ ခုခံကာကွယ်ရေးစနစ်များ နိုးကြွလာသော
ပုံစံမျိုးဖြစ်သည်။ အပင်တွင်း ခုခံကာကွယ်ရေးစနစ်များကို အပင်ဟော်မုန်းများ ထိန်းချုပ်ထားခြင်းဖြစ်သည်။
#ပြင်ပခုခံကာကွယ်ရေးစနစ်များ( Constitutive Defense System ) –
ပြင်ပခုခံကာကွယ်ရေးစနစ်များသည် ကာကွယ်ရန် အမြဲတမ်းအသင့်ဖြစ်နေသော ပုံစံမျိုးဖြစ်၍
ယေဘုယျအားဖြင့် သစ်ခေါက်(Tree bark)၊ ဆူးများ(Spines)၊ အမွှေးများ(Trichome)နှင့်
ဖယောင်းလွှာ(Cuticle) တို့ဖြစ်ကြသည်။ ယင်းတို့ကို ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်ခြင်း
စနစ်များ( Physical defenses ) ဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ပြင်ပခုခံကာကွယ်ရေးစနစ်များ( Constitutive Defense System ) သည် အပင်တို့၏ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါအသီးသီးမှ ထူးကဲစွာ
ဖြစ်ပေါ်လာသော ပြင်ပအင်္ဂါအစိတ်အပိုင်းများ ဖြစ်သည်။
အခေါက်တို့ဖြင့် ခုခံကာကွယ်ခြင်း( Defences System of Bark ) –
သစ်ပင်များတွင် အခေါက်များရှိနေသည်ကို လူတိုင်းသိကြသည် တွေ့ဖူးမြင်ဖူးကြသည်။
သို့သော် သစ်ပင်များတွင် သစ်ခေါက်များ ရှိနေရခြင်း၏ အခြေခံသဘောတရားများကို
သိရှိသူတို့မှာ အနည်းငယ်သာရှိကြောင်း တွေ့ရှိရသည်။ သစ်ခေါက်(Bark)တို့သည် အပင်မျိုးစိတ်အလိုက် မတူကွဲပြားနေသကဲ့သို့ အပင်တို့တွင် သစ်ခေါက်များ ရှိနေရခြင်း၏ ရည်ရွက်ချက်တို့သည်လည်း အမျိုးမျိုး ကွဲပြားနေကြသည်။ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသော သစ်ခေါက်များ၏ သွင်ပြင်လက္ခဏာအလိုက် ဖြစ်နိုင်ခြေရှိသည့် အရင်းခံအကြောင်းတရားများကို
အပင်ဝါသနာရှင်တို့ အဖြေရှာကြည့်သောအခါ အင်မတန်ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာ
တွက်ချက်ရသလိုမျိုးဖြစ်စေသည်။
အခေါက်သည် ပင်စည်(Trunk) ၏ အပြင်ဘက်ဆုံးအင်္ဂါဖြစ်ပြီး Periderm အလွှာမှ ဖြစ်ပေါ်လာသော
Dead tissue များဖြစ်သည်။ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်တွင် “Rhytidome.” သည် အခေါက်ကို ရည်ညွှန်းသော စကားလုံးဖြစ်သည်။ အခေါက်တို့သည် မရေတွက်နိုင်သော ပါတ်ဝန်းကျင်ဆိုင်ရာ အကြောင်းများကြောင့် ဆင့်ကဲဖြစ်ပေါ်လာသော အင်္ဂါဖြစ်သည်။ အပင်များစွာတို့၏အခေါက်သည် စထွက်ခါစတွင် ချောမွတ်နေသော်လည်း အိုသွားသည့်အခါ အစင်းကြောင်း(Ridgeds)၊ အကြေးဖက်များ ( Scaly ) နှင့် အက်ကြောင်းများ(Cracked) ဖြစ်ပေါ်လာသည်။ အခေါက်သည် ရေကြော(Xylem)၊ အသားတိုးလွှာ( Cambium )၊ အစာကြော( Phloem ) တို့နှင့် ကပ်လျက်တည်ရှိ၍ အပင်မျိုးစိတ်အလိုက် အရောင်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ အရောင်အသွေးနှင့် အသွင်သဏ္ဌာန်များ မည်သို့ပင်ကွဲပြားစေကာမူ အခေါက်တို့၏ အဓိကတာဝန်မှာ ပြင်ပမှ သက်ရောက်လာမည့် ဖိစီးမှုများကို ကာကွယ်ရန်ဖြစ်သည်။
အပင်၏ ပြင်ပအင်္ဂါဖြစ်သော အခေါက်သည် ပြင်ပဝန်းကျင်မှ သက်ရောက်လာသည့် ဖိစီးမှု( Stress ) များကို အခြားနေရာများထက် ပိုမိုခံစားရလေ့ရှိသည်။
အပင်၏ အရေပြားကဲ့သို့ဖြစ်နေသော အခေါက်သည် ပြင်ပမှ သက်ရောက်လာသော ဖိစီးမှုများကို
ချပ်ဝတ်တန်ဆာ(Armour) ကဲ့သို့ ကာကွယ်ပေးသည်။ အခေါက်တို့သည် အပင်စားသတ္တဝါများ
(Herbivorous)၊ အင်းဆက်များ(Insects)၊ မှိုများ(Fungal)၊ ဘက်တီးရီးယားများ(Bacterial)
အပါအဝင် ရောဂါဖြစ်စေသောသက်ရှိများ ( Pathogens ) ကို ကာကွယ်ပေးနိုင်သည်။
၎င်းအပြင် အပင်၏ အစာရေသယ်ပို့ရာ အစာကြော၊ ရေကြောများကို ကာကွယ်ပေးသည်။
အပူချိန်လွန်ကဲခြင်း( Excess heat )၊ အအေးလွန်ကဲခြင်း( Excess cold )၊ ပြင်းထန်သောနေရောင်ခြည်( Extreme Amounts of Sunshine )နှင့် ရေငွေ့ပျံခြင်း( Evaporation ) တို့ကိုလည်းကာကွယ်ပေးသည်။ အပင်တွေမှာ အခေါက်တွေသာမရှိခဲ့ပါက အပင်အတွက် မရှိမဖြစ်အရေးပါသော အစာရေကြောတစ်သျှူးများ(Vascular tissues) ပျက်စီးပြီး အပင်အတွင်း ရေဓာတ်ခမ်းခြောက်မည့် အန္တရာယ်နှင့် တွေ့ကြုံရမည်ဖြစ်သည်။

အခေါက်ထူသော အပင်တို့သည် အစိုဓာတ်(Moisture) ထိန်ထားနိုင်စွမ်းအားကောင်းသောကြောင့် အပူစီးကူးခြင်းနှေးကွေးသဖြင့်မီးဒဏ်ကာကွယ်နိုင်သည်။
ဥပမာ – ဂျင်ကို(Ginkgo)၊ တရုတ်စကား၊ ထနှောင်းတချို့သော အပင်တို့၏ အခေါက်များတွင်
အဆိပ်ရှိ ဓာတုဗေဒ ဓာတ်ပေါင်းများ ပေါင်းစပ်ပါရှိနေသောကြောင့် ပိုးမွှားများနှင့် အပင်စားသတ္တဝါများ ကို ခုခံကာကွယ်ရာတွင် ထိရောက်မှုရှိကြောင်းတွေ့ရသည်။
အပင်တို့၏ အခေါက်များသည် အကြောင်းအမျိုးမျိုးကြောင့် ဒါဏ်ရာအနာတရများဖြစ်ခဲ့ပါက
ကြမ်းတမ်းသောအခေါက်(Rough Bark) များက ချောမွတ်သောအခေါက်(Smooth bark) တို့ထက်
မြန်မြန်ပြန်ကောင်းနိုင်စွမ်းရှိသည်။ တချို့သော အခါက်များသည် Photosynthetic
ဖြစ်စဉ်ကို အရန်အနေဖြင့် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းတည်ဆောက်ထားကြသည်။
အဆူးများဖြင့် ခုခံကာကွယ်ခြင်း ( Spines and Thorns Defenses ) –
အပင်များကို ကျွဲနွားတိရိစ္ဆာန်များ( Cattle ) ပါဝင်သည့် တချို့သော နို့တိုက်သတ္တဝါများ
( Mammals )နှင့် အင်းဆက်များ( Insects ) ပါဝင်သော တချို့သော အဆစ်အပိုင်းရှိသတ္တဝါများ
( Arthropods ) တို့က စားသုံးကြသည်။ အပင်စားသတ္တဝါများ( Herbivores ) ၏ စားသုံးခြင်းကို ဆန့်ကျင်ရန် အပင်တို့တွင် ခုခံကာကွယ်ရေးစနစ်များ ပါရှိကြသည်။ အပင်တို့၏ ခုခံကာကွယ်ရေးစနစ်များတွင် ရုပ်ပိုင်းဆိုင်ရာယန္တရားနည်းများ( Defense Mechanisms ) သည် အပင်စားသတ္တဝါများကို ခုခံကာကွယ်ရာတွင် အလွန်ထိရောက်မှုရှိ၍ ရုပ်ပိုင်းဆိုင်ရာနည်းလမ်းတစ်ခုဖြစ်သော ဆူးများဖြင့် ခုခံကာကွယ်ခြင်းသည်လည်း
အပင်စားသတ္တဝါများကို ကာကွယ်ဟန့်တားရာတွင် များစွာအကျိုးရှိသော ဗျူဟာတစ်မျိုးဖြစ်သည်။
ဆူးများသည် အပင်စားသတ္တဝါတို့၏ စားသုံးခြင်းကို ခုခံကာကွယ်ရန် ထူးကဲစွာ
ဖြစ်ပေါ်လာသော ပြင်ပအင်္ဂါအစိတ်အပိုင်းများ ဖြစ်သည်။ အဆူးရှိသော အပင်မျိုးစိတ်များစွာရှိ၍
အဆူးအားလုံးသည် ထူးကဲအင်္ဂါများဖြစ်သည်။ အဆူးများတွင် Modified Branches
အကိုင်းများမှ ထူးကဲလာသော ပင်စည်ဆူးများ (Thorns)၊ Modified Leaves အရွက်များမှ
ထူးကဲလာသော အရွက်ဆူး( Spines )နှင့် ဆူးမွှားများ(Prickle) ဟူ၍ အမျိုးမျိုးရှိသည်။
ပုံစံအားဖြင့် – ကြိမ်ပင်တွင်တွေ့ရသော ရွက်အိမ်ဆူး( Leaf sheath spine )၊ ဆူးဖြူပင်( Acacia Arabica )တွင် တွေ့ရသော ရွက်စွယ်ဆူး( Stipular spine )၊ နာနက်ရွက်နားတွင် တွေ့ရသော လွှသွားပုံ ရွက်နားဆူး( Serrated spine )၊ ရှားစောင်းမျိုးနွယ်ဝင်အပင်များ(Cactus) တွင်
တွေ့ရသော ဆူးရွက်များ( Leaf Spines )၊ ထနှောင်းပင်(Acacia leucophloea )တွင်
တွေ့ရသော ဆူးရွက်စွယ်များ(Spinous stipules)၊ ကုန်းခရာပင်(Argemone mexicana L.,) ၏
ရွက်နားတွင်တွေ့ရသော ရွက်နားဆူး ( Leaf margin spine )၊ ဆီးသီးပင်တွင်တွေ့ရသော ချိတ်သဏ္ဌာန် ရွက်စွယ်ဆူးများ(Stipule spines)၊ လက်ပံပင်တို့၏ ပင်စည်အကိုင်းအခက်များတွင်
တွေ့ရသော ပင်စည်ဆူးများ( Thorns ) စသဖြင့် ဆူး အမျိုးအစားများစွာရှိ၍
ဆူးများဖြင့်ပြည့်နှက်နေသော အပင်တို့ကိုမည်သည့်အပင်စားသတ္တဝါမဆို စားသောက်ရန်
တွန့်ဆုတ်တက်ကြမြဲဖြစ်သည်။ ဆူးများ၏ အဓိကလုပ်ငန်းတာဝန်သည် အပင်တို့ကို
လာရောက်စားသုံးမည့် အပင်စားသတ္တဝါများကိုဒဏ်ရာအနာတရများ ရရှိစေပြီး ဟန့်တားနိုင်ရန်
ဖြစ်သည်။
ဥပမာ – နှင်းဆီပင်ရဲ့ ပင်စည်အကိုင်းအခက်များတွင်တွေ့ရသော ဆူးမွှားများ( Prickle ) သည်
အပင်ကိုစားသုံးမည့် အပင်စားသတ္တဝါများ( Herbivores )ကို ဟန့်တားထားနိုင်သည်။
ထို့အပြင် နှင်းဆီပင်၏ အရွက်သတ္တုရည် ( Tea leaves )နှင့် ဝတ်ရည်( Nectar ) တို့တွင်
ကဖင်းဓာတ်( Caffeine )များ ပါရှိနေသဖြင့် ပုရွက်ဆိတ်များကို သေစေနိုင်သည်။
ဥပမာ – Central America, တောင်ပိုင်းတွင် ပေါက်ရောက်သော အာကေးရှားအပင်တစ်မျိုး
(Acacia collinsii)၏ ဆူးများသည် အပင်စားသတ္တဝါများကို ဟန့်တားနိုင်သည့်အပြင်
ဆူးအတွင်း အခေါင်းပေါက်(Hollow) ထဲတွင် ပုရွက်ဆိတ်များကို နေထိုင်စေခြင်းဖြင့်
တချို့သော အပင်စားသတ္တဝါများကို ပုရွက်ဆိတ်တို့က ကူညီတိုက်ခိုက်ပေးသည်။
ဥပမာ – Kiss me quick(Euphorbia milii) အပင်တို့၏ ဆူးများသည် အပင်စားသတ္တဝါတို့ကို
ကာကွယ်နိုင်သည့်အပြင် အပင်၌ရှိနေသော Toxicity compounds များက
အပင်စားသတ္တဝါများအား အန္တရာယ်ဖြစ်စေသည်။
ဥပမာ – ဒူးရင်းသီး(Durio zibethenus)၏ အသီးခွံပေါ်မှ ဆူးများ(Spines) သည်
အပင်စားသတ္တဝါများကို ကာကွယ်ဟန့်တားရန် ဖြစ်ပေါ်လာသော အင်္ဂါများဖြစ်သည်။
ဒူးရင်းသီးကဲ့သို့ပင် ဆူးများပါရှိသော အသီးအမျိုးအစားများစွာ ရှိနေသည်။
အပင်တို့၏ ပင်ပိုင်းအင်္ဂါများတွင် ရှိနေသောဆူးများ၏အဓိကတာဝန်မှာ အပင်စားသတ္တဝါတို့ကို
ကာကွယ်ဟန့်တားရန်ဖြစ်သော်လည်း အပူချိန်လျော့ချခြင်းနှင့် တချို့သောအပင်များတွင်
တွယ်တက်ခြင်း ကဲ့သို့သော တာဝန်တို့ကိုလည်းထမ်းဆောင်ရသည်။
လိင်ပိုင်းအင်္ဂါ သို့မဟုတ် မျိုးပွားအင်္ဂါဖြစ်သည့် အသီးများတွင် ပါရှိနေသော ဆူးများ၏
လုပ်ငန်းတာဝန်သည် အပင်စားသတ္တဝါများကို ကာကွယ်ဟန့်တားခြင်းအပြင် မျိုးဆက်ပျံ့နှံ့ခြင်း
( Seeds Dispersing ) တာဝန်ကိုလည်းဆောင်ရွက်ရသည်။
ဆူးများ(Spines)ပါရှိသော အသီးတို့သည် တိရိစ္ဆာန်၏ခန္ဓာကိုယ်ပေါ်တွင် ကပ်ပါသွားပြီး
မိခင်အပင်နှင့် ဝေးရာဆီသို့ ပျံ့နှံ့ရောက်ရှိသွားသည်။ထိုကဲ့သို့ ပျံ့နှံ့ခြင်းအား Epizoochory ဟုခေါ်သည်။
ဥပမာ – ကပ်စေးနှဲကြီး( Urena lobata )၊ ကုန်းထိကရုံး( Mimosa pudica Linn.)၊ ဆေးဂဠုန်သီး( Martynia annua)၊ ဆူးလေ( Tribulus terrestris) တို့ ဖြစ်သည်။
အမွှေးများဖြင့် ခုခံကာကွယ်ခြင်း ( Defence Systems of Hairs ) –
အပင်တချို့ရဲ့ ပြင်ပအင်္ဂါအစိတ်အပိုင်း အသီးသီးတွင် အမွှေးများ( Hairs ) ပါရှိကြသည်။
အဆိုပါ အမွှေးများကို လက်တင်ဘာသာဖြင့် “Trichome” ဟုခေါ်သည်။ သို့သော် Trichome ၏ အဓိပ္ပါယ်အပြည့်အစုံသည် အမွှေးများကိုသာ သီးခြားရည်ညွှန်းသည်မဟုတ်ဘဲ အမွှေးများ( Hairs )၊ ဂလင်းအမွှေးများ (Glandular hairs)၊ အကြေးဖက်များ(Scales)နှင့် အရွက်မျက်နှာပြင်တွင် တွေ့ရှိရသော အဖုအကြိတ်ငယ်လေးများ( Papillae ) လည်း ပါဝင်နေသည်။
Papillae တို့သည်လည်း အင်းဆက်များကြောင့် ဖြစ်ပေါ်လာသည့် Leafgalls နှင့် မတူညီကြောင်း
သိထားရမည်။ တဖန် အမွှေးတို့တွင်လည်း ရိုးရိုးအမွှေးများနှင့် ယားမွှေးများ(Stinging hairs) ဟူ၍ ၂ မျိုး ကွဲပြားနေသည်။
Trichomes တွေကို ဂရိဘာသာစကားဖြင့် τρίχωμα (trichōma) ဟုခေါ်ပြီး အပင်တို့၏
အပြင်ဘက်တွင်ရှိသော အင်္ဂါ သို့မဟုတ် “hair” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
Trichomes များတွင် ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းတာဝန်များ အမျိုးမျိုးကွဲပြားကြသည်။
မည်သို့ပင်ဆိုစေကာမူ Trichomes များ၏ အဓိကလုပ်ငန်းတာဝန်သည် အပင်စားသတ္တဝါများကို
ခုခံကာကွယ်ရန်အတွက်ဖြစ်သည်။ တချိုသော အပင်တို့၏ ခုခံကာကွယ်ရေး
အင်္ဂါဖြစ်သော ရိုးရိုးအမွှေးများနှင့် ယားမွှေးတို့သည် သွင်ပြင်လက္ခဏာအရ ကွဲပြားမှု သိပ်မရှိသော်လည်း အပင်စားသတ္တဝါများကို ဟန့်တားနိုင်စွမ်းသည် မတူညီကြောင်း တွေ့ရှိရသည်။
ရိုးရိုးအမွှေးများ(Hairs) ထက် ယားမွှေးများက အပင်စားသတ္တဝါများကို ဟန့်တားနိုင်စွမ်းမှာ
သာလွန်နေသည်။
ရိုးရိုးအမွှေးများသည် အပင်စားသတ္တဝါ တချို့အတွက် ခုခံကာကွယ်ရေးစနစ်တွင်
ထိရောက်မှုရှိသော်လည်း အင်းဆက်များအတွက် ထိရောက်မှုမရှိချေ။
ယားမွှေး(Stinging hairs) ဟု ခေါ်သော ယားယံစေတက်သော အမွှေးများသည်
အပင်စားသတ္တဝါများအပြင် အင်းဆက်များကိုလည်း ခုခံကာကွယ်နိုင်စွမ်းရှိသည်။
ယားမွှေးများကို မတော်တဆထိမိခဲ့သော် သတ္တဝါတို့၏ အရေပြားအတွင်းသို့ အလွယ်တကူ
တိုးဝင်နိုင်ပြီး နာကျင်ကျိန်းစပ်ခြင်းနှင့် ယားယံခြင်းတို့ ဖြစ်စေနိုင်သည်။ ထိတွေ့မိပါက ယားယံစေတက်သော အမွှေးများပါရှိသည့် အပင်မျိုးစိတ်အများအပြား
ရှိသော်လည်း လူသိအများဆုံးနှင့် အထင်ရှားဆုံးအပင်မှာ “True nettles” ဟုခေါ်သော
ဖက်ယားပင်(Laportea interrupta) ဖြစ်သည်။
ဖက်ယားပင်(Laportea interrupta) ဖက်ယားပင်သည် Urticaceae မျိုးရင်းတွင်
ပါဝင်ပြီး ယားမွှေးများ(Stinging hairs)ပါရှိသော အပင်တစ်မျိုးဖြစ်သည်။
မတော်တဆထိမိပါက အရေပြားကို ယားယံစေတက်သည်။
ယားယံစေတက်သော အမွှေးများကို ခိုင်မာသောအခြေက ထောက်ကူပေးထားပြီး
အဖျားသည် ကြွပ်ဆပ်ကာကျိုးလွယ်သည်။ ယားမွှေး၏ အဖျားပိုင်းသည် အရေပြားအတွင်း
ထိုးဖောက်ဝင်ရောက်ပြီး အဆိပ်ရည်များ ရောက်ရှိသွားစေသည်။
အတိအကျဆိုရပါက ၎င်းယားမွှေးများတွင် ဓာတုအဆိပ်တစ်မျိုးဖြစ်သော Histamine ,
အင်းဆက်တွေကို ဘေးဥပါဒ်ဖြစ်စေသော Acetylcholine အဆိပ်နှင့် Formic acid တို့
ပါရှိနေသည်။ ထို့အပြင် ယားယံစေသည့် လက်တလောဝေတနာကို ခံစားရမှု သိသာစေသော Serotonin ဓာတုဗေဒပစ္စည်းဒြပ်ပါင်းများလည်း ပေါင်းစပ် ပါရှိနေသည်။ ထို့ကြောင့်ပင် အရေပြားကိုထိမိပါက ပြင်းထန်စွာယားယံစေပြီး အပင်စားသတ္တဝါများ စားသုံးခြင်းမရှိကြချေ။
Urticaceae မျိုးရင်းထဲမှ အပင်အားလုံးသည် ယားယံစေတက်သော အပင်များမဟုတ်ဘဲ
Laportea မျိုးစုဝင် အပင်တချို့သာ ယားယံစေတက်သည်။

၎င်း မျိုးရင်းထဲမှ “Urtica dioica L.” မျိုးစိတ်ကိုဟင်းရွက်အဖြစ် စားသုံးနိုင်ပြီး ဆေးဝါးနှင့်
ချည်မျှင်များထုတ်လုပ်နိုင်ကြောင်း သိရသည်။Laportea မျိုးစုထဲမှ ယားယံစေတက်သော
အပင်များနှင့် အခြားမျိုးစုထဲမှ အပင်တို့သည်အမွှေးရှိတာခြင်း တူညီနေသော်လည်း
ဓာတုဒြပ်ပေါင်းပါဝင်မှု ကွာခြားသည်။ ဆိုလိုသည်မှာ Urticaceae မျိုးရင်းဝင်
အပင်အားလုံးနီးပါးတွင် အမွှေးများပါရှိကြပြီး ယားယံစေတက်သော ယားမွှေးများမဟုတ်ပါ။
အမွှေးရှိတဲ့ အပင်တွေကတော့ တချို့သော အပင်စားသတ္တဝါများ မစားသုံးနိုင်အောင်
ဟန့်တားနိုင်သော်လည်း အင်းဆက်တွေအတွက်တော့ ထိရောက်မှုမရှိချေ။
ဖက်ယားပင်ကဲ့သို့ပင် ထိမိပါက ယားယံတက်သောအပင်များစွာကို တွေ့မြင်ဖူးသည်။
အပင် တစ်မျိုးနှင့်တစ်မျိုး အသွင်သဏ္ဌာန်မတူညီသော်လည်း တူညီမှုတစ်ခုမှာ
အမည်ဖြစ်၍ ယားယံတက်သော အပင်ဟူသမျှကို”ဖက်ယားပင်” လို့သာ အမည်ပေးထားကြသည်။
လေ့လာကြည့်ပါက ဖက်ယားပင်ဟု ခေါ်စေကာမူအပင်အမျိုးမျိုးဖြစ်နေသည်ကို တွေ့ရှိရမည်။
ထို့ကြောင့်ပင် ဖက်ယားပင်များအကြောင်း သိလို၍လေ့လာကြည့်ရာ ဖက်ယားကြီး၊ ဖက်ယားငယ်၊
နွယ်ဖက်ယား၊ ဆင်ဖက်ယား၊ ကြက်ဖက်ယား၊တောဖက်ယား၊ တောင်ဖက်ယား စသဖြင့်
အပင်ပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားနေသည်ကိုစိတ်ဝင်စားဖွယ် တွေ့ရှိရသည်။
ကျွန်တော့်အနေဖြင့် ဖက်ယားပင်များအကြောင်းလေ့လာတွေ့ရှိချက်များကို ယခု ခေါင်းစဉ်အောက်တွင်
ရေးသားဖော်ပြရန် ရည်ရွယ်ထားသော်လည်း အချက်အလက် အကိုးအကား မပြည့်စုံ၍
ချန်လှန်ထားခဲ့ပါသည်။
ယားယံစေတက်သော အပင်များတွင် ထင်ရှားလူသိများသော နောက်ထက်အပင်တစ်မျိုးမှာ
ခွေးလှေးယားပင်(Mucuna pruriens) ဖြစ်သည်။ ခွေးလှေးယားပင်ကို မြန်မာပြည်နေရာအနှံ့အပြားတွင် တွေ့ရှိရပြီး ယားယံစေတက်သည့် အပင်တစ်မျိုး
ဖြစ်သောကြောင့် လူတိုင်းနီးပါးသိကြသည်။ ခွေးလှေးယားပင်၏ အဓိက ယားယံစေတက်သော
အစိတ်အပိုင်းမှာ အသီးတောင့်ဖြစ်သည်။ အသီးတောင့်(Seed pods) အပေါ်ယံရှိ
ယားမွှေးများကို ထိမိပါက အရေပြားပေါ်တွင် အလွန်ယားယံသော ဝေတနာကို ခံစားရသည်။
၎င်း ယားမွှေးများတွင် Mucunain နှင့် Serotonin အမည်ရှိသော ဓာတ်ပစ္စည်းနှစ်မျိုး ပါဝင်နေသဖြင့်
ထိတွေ့မိသည့်နေရာကို ယားယံစေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အပင်စားသတ္တဝါတို့၏
စားသုံးခံရမည့် ဘေးအန္တရာယ်မှ ကင်းဝေးစေသည်။
ယားယံစေတက်သော အပင်များစွာရှိပြီး ဝါးမျိုးနွယ်များတွင် ယားယံစေတက်သည့်
ယားမွှေးများပါရှိကြပြီး အရေပြားနှင့် ထိမိပါက ယားယံခြင်းကို ဖြစ်စေနိုင်သည်။
ယင်းကဲ့သို့ပင် ကောက်ရိုးမှော်၊ ပဲမှော်(ပဲပုပ်၊ မတ်ပဲ)၊ ကိုင်းမြက်၊ သက်ငယ် အစရှိသည့်
အပင်တို့သည်လည်း အရေပြားနှင့် ထိမိပါက ယားယံခြင်းကိုဖြစ်စေနိုင်သည်။
ယားယံစေတက်သော အပင်အားလုံကို ခြုံငုံ၍ယားယံစေတက်သောအပင်များ
( Itchy-rash plants) ဟု ခေါ်ဝေါ်ကြသည်။
ယားယံစေတက်သော ယားမွှေးများအကြောင်း အကြမ်းဖျင်းဖော်ပြခဲ့ပြီးနောက် ယားယံမှု
မဖြစ်သော အမွှေးများအကြောင်း အနည်းငယ် ရေးသားဖော်ပြပါမည်။
ယားယံမှုမဖြစ်နိုင်သည့် အမွှေးတို့သည် ယားယံခြင်းမရှိစေကာမူ အမွှေးထူသော
အပင်များဖြစ်နေပါက အပင်စားသတ္တဝါတို့က စားသုံးခြင်း မပြုကြပါ။
ယားယံခြင်းမရှိသည့် အမွှေးတို့၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ယားယံစေသော
ယားမွှေးများနှင့် ဆင်သော်လည်း မာကြောတောင့်တင်းခြင်း မရှိသဖြင့်
အရေပြားအတွင်းသို့ အလွယ်တကူ မဝင်ရောက်နိုင်ပါ။ အရေပြားအတွင်းသို့ ဝင်ရောက်နိုင်စေကာမူ အဆိပ်ဓာတ်ပေါင်းများ မပါရှိသောကြောင့် ယားယံခြင်း မဖြစ်နိုင်ပါ။
တချို့သော Cactus မျိုးနွယ်ဝင် အပင်များတွင် ဆူး သို့မဟုတ် အမွှေးများကို တွေ့ရှိရပြီး
အရေပြားအတွင်း စူးဝင်ခဲ့သော် နာကျင်မှု ဝေတနာကိုသာ ခံစားရပြီး ယားယံခြင်းမဖြစ်နိုင်ပါ။
ယင်းကဲ့သို့ဖြစ်ခြင်းသည် အမွှေးများတွင် အဆိပ်ဓာတ်ပေါင်းများ မပါဝင်၍ ဖြစ်သည်။
ဥပမာ – ဆင်နှာမောင်းပင်(Heliotropium indicum) တောက်တဲ့လက်ဝါး(Coldenia procumbens L,.) ခရမ်းချဉ်( Tomato ) အစရှိသည့် အပင်များတွင် တွေ့ရှိရသော အမွှေးများဖြစ်သည်။
အမွှေးများသည် ယားယံသည်ဖြစ်စေ၊ ယားယံမှုမရှိသည်ဖြစ်စေ ၎င်းတို့၏ အဓိကလုပ်ငန်းတာဝန်မှာ အပင်စားသတ္တဝါများကိုခုခံကာကွယ်ရေးအတွက်ဖြစ်သည်။
သို့သော် အမွှေးများသည် ခုခံကာကွယ်ရေးအတွက် သီးခြားတည်ရှိနေသည်မဟုတ်ဘဲ အခြားသော
လုပ်ငန်းတာဝန်များကိုလည်း ပူတွဲထမ်းဆောင်ရသည်။

ဥပမာဆိုရသော် သဲကန္တာရတွင်ပေါက်သော အပင်တချို့နှင့် သစ်ပင်ကြီးများပေါ်တွင်
ကပ်ပေါက်သော သစ်ကပ်ပင်(Epiphytes)တို့၏ အရွက်များပေါ်တွင် အမွှေးများပါရှိနေပြီး
၎င်း အမွှေးများသည် လေထုထဲမှ ရေခိုးရေငွေ့များကို တိုက်ရိုက်စုပ်ယူနိုင်ကြသည်။
ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပေါက်ရောက်သော အပင်တို့သည် ၎င်းတို့အတွက်
လိုအပ်သော ရေဓာတ်ကို အမွှေးများ၏ အကူအညီဖြင့် လေထုထဲမှ တိုက်ရိုက်ရယူ၍
အသက်ရှင်သန်ရသည်။ ရေစုပ်ယူသည့် တာဝန်ကို အမြစ်တို့ကသာ ထမ်းဆောင်နေသည်မဟုတ်ပဲ အမွှေးတို့ကလည်း ကူညီလုပ်ဆောင်ပေးရသည်။ Carnivorous plants ဟု ခေါ်သော
အသားစားပင်များတွင်ပါရှိသော အမွှေးများသည်သားကောင်ဖမ်းရာတွင် အထောက်အကူများစွာ
ရရှိစေသည်။ ထို့အပြင် အမွှေးတို့သည် မျိုးဆက်ပျံ့နှံ့ရာတွင်လည်း အကူအညီရရှိစေသည်။
အပင်တို့၏ ပင်ပိုင်းအင်္ဂါများမှ အမွှေးတို့သည် ခုခံကာကွယ်ရေးရန် အဓိကဖြစ်သော်လည်း
အသီးနှင့် အစေ့များမှ အမွှေးတို့သည် မျိုးပျံ့နှံ့ခြင်းအတွက်ဖြစ်ပြီး အစေ့ခွံတို့မှ ထူးကဲစွာဖြစ်လာသော အမွှေးတို့သည် အစေ့အား လေနှင့်အတူ အလွယ်တကူလွင့်ပါ၍ မိခင်အပင်နှင့် ဝေးရာအရပ်သို့ ရောက်ရှိသွားသည်။ ထိုကဲ့သို့ အသီးနှင့် အစေ့များ လေအကူအညီဖြင့်
ပျံ့နှံ့ခြင်းကို(Seeds dispersal by Wind ) ဟူ၍ ခေါ်ဆိုသည်။

ဥပမာ – မုရိုးစေးပင်( Calotropis procera )၊ လက်ထုတ်ကြီး(Holarrhena antidysenterica)၊
ဒုဓလီပန်း(ခြင်္သေ့သွား)Dandelion(Lion´s tooth)၊ ဗိစပ်ပင်( Eupatorium odoratum L. )၊
လက်ပံခါး( Alstonia scholaris )၊ ကောက်ရိုးနွယ်(Oxystelma esculentum)၊
ခွာညိုကြီး(Clematis smilacifolia Wall.) နှင့် ဆက်ချိုရစ်(Naravelia zeylanica) တို့ ဖြစ်သည်။
Credit – Nyan Myint





Leave a Reply

Your email address will not be published. Required fields are marked *