BREAKING NEWS






Unicode ဖြင့်ဖတ်ရန်

===================

သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက်အခြောက်ခံနည်းပညာနဲ့ အခြောက်ခံစက်အသုံးပြုနည်းသင်တန်းဖွင့် လှစ်မည်
သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက်အခြောက်ခံနည်းပညာ Air Energy Heat Pump နဲ့ အခြောက်ခံ စက်အသုံးပြုနည်းသင်တန်းကို စက်တင်ဘာလမှာ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်း မြန်မာနိုင် ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရ ပါတယ်။
အဆိုပါသင်တန်းကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ အမှတ်(၆) ကမ္ဘာအေးဘုရားလမ်း ၊ ရန်ကင်းမြို့နယ် မှာ ၂၀၁၉ ခုနှစ်စက်တင်ဘာလ (၂)ရက်နေ့မှ (၃)ရက်နေ့ထိ နံနက်(၈)နာရီခွဲမှ ညနေ(၅)နာရီထိသင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်ရှိ Green Energy Indus try Association နဲ့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ပူးပေါင်းဖွင့်လှစ်တာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက်အခြောက်ခံနည်းပညာနဲ့ အခြောက်ခံစက်အသုံးပြုနည်းသင်တန်းကို တက်ရောက်လိုသူများအနေနဲ့ မိမိတို့ရဲ့သစ်သီးဝလံများကို ၃ ကီလိုဂရမ်မှ ၅ ကီလိုဂရမ်ထိ ယူလာပေးရန်လိုအပ်ပြီး ဖုန်းနံပါတ် ၀၁- ၂၁၈၃၆၇ နဲ့ ၀၉ – ၇၉၅၆၅၄၅၂၁ ကိုဆက်သွယ်စုံစမ်းမေး မြန်းနိုင်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *