BREAKING NEWS

မေကြးတိုင္းေဒသႀကီးတြင္ ဆီထြက္သီးႏွံအာမခံစနစ္လုပ္ေဆာင္သြားရန္စီစဥ္ေန

ယခုႏွစ္အတြင္း မေကြးတိုင္းေဒသႀကီးမွာ ဆီထြက္သီးႏွံကို သီးႏွံအာမခံစနစ္လုပ္ေဆာင္သြားရန္ စီစဥ္ ေနေၾကာင္း Global World Insurance ကုမၸဏီမွသိရပါတယ္။

မေကြးတိုင္းေဒသႀကီးအတြင္း ဆီထြက္သီးႏွံအာမခံစနစ္စမ္းသပ္လုပ္ကိုင္ႏိုင္ရန္ သက္ဆိုုင္ရာအဖြဲ႕နဲ႕ ေဆြးေႏြးလုပ္ကိုင္သြားမွာျဖစ္ေၾကာင္း Global World Insurance ကုမၸဏီမွ ဒါရိုက္တာ ဦးစိုးဝင္းသန္႕ ကေျပာပါတယ္။

“ အခုကမေကြးမွာ ဆီထြက္သီးႏွံလုပ္ေဆာင္ဖို႔အတြက္ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္နဲ႕ေတြ႕ဖို႕စာ တင္ထားတယ္။ ႏွမ္းဆီတို႕ဘာတို႕ထားမရဘူးလားလို႕ေမးလာတာေတြရွိေတာ့ အဲဒါေၾကာင့္ ဆီထြက္ သီးႏွံနဲ႕ပတ္သတ္လို႕ေဆာင္ရြက္သြားမွာေတြေဆြးေႏြးသြားမယ္”

ယခုႏွစ္အတြင္းမွာ ထပ္မံ၍ စပါးသီးႏွံအာမခံစနစ္အတြက္ ပဲခူးတိုင္းေဒသႀကီးမွာ လုပ္ေဆာင္သြားရန္ အတြက္ စီစဥ္လုပ္ေဆာင္ေနေၾကာင္းလည္းအဆိုပါကုမၸဏီမွသိရပါတယ္။

ယခုႏွစ္အတြင္း သီးႏွံအာမခံစနစ္အတြက္ စပါးကိုဧက(၁၀၀)စီနဲ႕ ၿမိဳ႕နယ္သံုးၿမိဳ႕နယ္မွာ အေကာင္အ ထည္ေဖာ္ေနတာျဖစ္ေၾကာင္းလည္း Global World Insurance ကုမၸဏီမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

==================

မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံအာမခံစနစ်လုပ်ဆောင်သွားရန်စီစဉ်နေ
ယခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံကို သီးနှံအာမခံစနစ်လုပ်ဆောင်သွားရန် စီစဉ် နေကြောင်း Global World Insurance ကုမ္ပဏီမှသိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအာမခံစနစ်စမ်းသပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာအဖွဲ့နဲ့ ဆွေးနွေးလုပ်ကိုင်သွားမှာဖြစ်ကြောင်း Global World Insurance ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့် ကပြောပါတယ်။
“ အခုကမကွေးမှာ ဆီထွက်သီးနှံလုပ်ဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တွေ့ဖို့စာ တင်ထားတယ်။ နှမ်းဆီတို့ဘာတို့ထားမရဘူးလားလို့မေးလာတာတွေရှိတော့ အဲဒါကြောင့် ဆီထွက် သီးနှံနဲ့ပတ်သတ်လို့ဆောင်ရွက်သွားမှာတွေဆွေးနွေးသွားမယ်”
ယခုနှစ်အတွင်းမှာ ထပ်မံ၍ စပါးသီးနှံအာမခံစနစ်အတွက် ပဲခူးတိုင်းဒေသကြီးမှာ လုပ်ဆောင်သွားရန် အတွက် စီစဉ်လုပ်ဆောင်နေကြောင်းလည်းအဆိုပါကုမ္ပဏီမှသိရပါတယ်။
ယခုနှစ်အတွင်း သီးနှံအာမခံစနစ်အတွက် စပါးကိုဧက(၁၀၀)စီနဲ့ မြို့နယ်သုံးမြို့နယ်မှာ အကောင်အ ထည်ဖော်နေတာဖြစ်ကြောင်းလည်း Global World Insurance ကုမ္ပဏီမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *