ျမန္မာ့ သီးႏွံမ်ိဳး(၂၀)တင္ပို႔ႏိုင္ရန္ တရုတ္ႏိုင္ငံႏွင့္ေဆြးေႏြး

တရုတ္ကို ျမန္မာ့အသီးအႏွံမ်ိဳး(၂၀) ဝယ္ယူတင္ပို႕ႏိုင္ဖို႕အတြက္ ေဆြးေႏြးလုပ္ေဆာင္ေနေၾကာင္း ျမန္မာ့ႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။

ျမန္မာ့သီးႏွံမ်ိဳး(၂၀)တင္ပို႔ခြင့္ရရွိႏိုင္ေရးအတြက္ တရုတ္ႏိုင္ငံမွတာဝန္ရွိသူမ်ားနဲ႕ ေဆြးေႏြး လုပ္ ေဆာင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးစိုးသန္းမင္းဒင္ကေျပာပါတယ္။

“တရုတ္ဘက္နဲ႕ေဆြးေႏြးၿပီးၿပီ၊ဒီေဆြးေႏြးမႈဟာႏွစ္ႏိုင္ငံကုန္သြယ္ေရးျဖစ္တာေၾကာင့္ ဝန္ႀကီးဌာန ေတြကေနၿပီးေတာ့ ေဆြးေႏြးၿပီးေတာ့ေျပာဆိုရမယ္။ G to G ေျပာရမယ့္ကိစၥေပါ့။ (သီးႏွံအရည္အ ေသြးစစ္ေဆးေရးအဖြဲ႕) AQSIQအဖြဲ႕နဲ႕ လည္းေတြ႕ၿပီးၿပီေျပာဆိုၿပီးၿပီလုပ္ထံုးလုပ္နည္းေတြခ်ျပတယ္။ ပုဂၢလိကက႑တစ္ခုတည္း လုပ္လို႕ မရဘူး”

ျမန္မာ့သီးႏွံမ်ားဝယ္ယူႏိုင္ေရးအတြက္ ယခင္လက ေဆြးေႏြးကမ္းလွမ္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းမွသိရ ပါ တယ္။

ဂ်င္းစိမ္း၊ နာနတ္သီး၊ ဌက္ေပ်ာသီး၊ ေထာပတ္ သီး၊ကၽြဲေကာသီး၊ပိန္းနဲသီး၊ သံပုရာသီး၊ သေဘာၤသီး၊ ပင္မွည့္သီး၊ဒန္႔ဒလြန္သီး၊ေျပာင္းဖူး၊မုန္လာဥ၊မၽွစ္နဲ႕စတာေတြကို တရုတ္ႏိုင္ငံမွ ဝယ္ယူသြား မွာျဖစ္ ေၾကာင္းျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ား အသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

မြန်မာ့ သီးနှံမျိုး(၂၀)တင်ပို့နိုင်ရန် တရုတ်နိုင်ငံနှင့်ဆွေးနွေး
တရုတ်ကို မြန်မာ့အသီးအနှံမျိုး(၂၀) ဝယ်ယူတင်ပို့နိုင်ဖို့အတွက် ဆွေးနွေးလုပ်ဆောင်နေကြောင်း မြန်မာ့နိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မြန်မာ့သီးနှံမျိုး(၂၀)တင်ပို့ခွင့်ရရှိနိုင်ရေးအတွက် တရုတ်နိုင်ငံမှတာဝန်ရှိသူများနဲ့ ဆွေးနွေး လုပ် ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်ကပြောပါတယ်။
“တရုတ်ဘက်နဲ့ဆွေးနွေးပြီးပြီ၊ဒီဆွေးနွေးမှုဟာနှစ်နိုင်ငံကုန်သွယ်ရေးဖြစ်တာကြောင့် ဝန်ကြီးဌာန တွေကနေပြီးတော့ ဆွေးနွေးပြီးတော့ပြောဆိုရမယ်။ G to G ပြောရမယ့်ကိစ္စပေါ့။ (သီးနှံအရည်အ သွေးစစ်ဆေးရေးအဖွဲ့) AQSIQအဖွဲ့နဲ့ လည်းတွေ့ပြီးပြီပြောဆိုပြီးပြီလုပ်ထုံးလုပ်နည်းတွေချပြတယ်။ ပုဂ္ဂလိကကဏ္ဍတစ်ခုတည်း လုပ်လို့ မရဘူး”
မြန်မာ့သီးနှံများဝယ်ယူနိုင်ရေးအတွက် ယခင်လက ဆွေးနွေးကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြောင်း မြန်မာ နိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှသိရ ပါ တယ်။
ဂျင်းစိမ်း၊ နာနတ်သီး၊ ဌက်ပျောသီး၊ ထောပတ် သီး၊ကျွဲကောသီး၊ပိန်းနဲသီး၊ သံပုရာသီး၊ သဘောၤသီး၊ ပင်မှည့်သီး၊ဒန့်ဒလွန်သီး၊ပြောင်းဖူး၊မုန်လာဥ၊မျှစ်နဲ့စတာတွေကို တရုတ်နိုင်ငံမှ ဝယ်ယူသွား မှာဖြစ် ကြောင်းမြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *