BREAKING NEWS

ထိုင္းႏိုင္ငံကို ျမန္မာ့နာနတ္ တန္(၄၀၀)တင္ပို႕သြားရန္ညိွႏိႈင္းေဆာင္ရြက္ေန

ျမန္မာ့နာနတ္သီးကို ထိုင္းႏိုင္ငံသို႕ တစ္လလွ်င္ တန္(၄၀၀)တင္ပို႕သြားႏိုင္ရန္အတြက္ ညိွႏိႈင္းေဆာင္ ရြက္ေနေၾကာင္း ျမန္မာ့နာနတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

နာနတ္သီးကိုတန္ဖိုးျမွင့္ထုတ္ကုန္အျဖစ္ ထုတ္လုပ္ကာတစ္လကိုတန္(၄၀၀)တင္ပို႔ႏိုင္ဖို႕အတြက္ ႏွစ္ ဖက္ႏိုင္ငံကုမၸဏီအခ်င္းခ်င္း ေဆြးေႏြးညိွႏိႈင္းေနေၾကာင္း ျမန္မာ့နာနတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ ေရာင္းခ်သူမ်ားအသင္းမွ အတြင္းေရးမွဴး ဦးစိုင္းေက်ာ္ညႊန္႕ကေျပာပါတယ္။

“ နာနတ္သီးကတရုတ္ျပည္ဘက္မတင္ပို႔တာလည္းၾကာေနၿပီ။အခုဆိုရင္ ျပည္တြင္းမွာ နာနတ္သီးေတြ ကလည္းစုပံုေနေတာ့ ေစ်းကမရဘူး။အခုကထိုုင္းႏိုင္ငံကို တန္ဖိုးျမွင့္ထုတ္ကုန္အျဖစ္တင္ပို႕ႏိုင္ဖို႕ေတာ့ ဒီဘက္ကကုမၸဏီနဲ႕ ထိုင္းဘက္ကကုမၸဏီေဆြးေႏြးေနတယ္။ပို႕ျဖစ္ရင္ေတာ့ တစ္လတန္(၄၀၀) ေလာက္တင္ပို႔သြားမယ္”

ျမန္မာ့နာနတ္သီးကိုတန္ဖုိးျမွင့္ထုတ္ကုန္အျဖစ္တင္ပို႔ႏိုင္ရန္အတြက္ စက္ရံုတည္ေဆာက္မႈ ၊ ေရေျမ အေနအထားနဲ႕ကုန္ႀကမ္းတို႕ကို အဓိကေဆြးေႏြးေနတာျဖစ္ေၾကာင္းလည္း အဆိုပါအသင္းမွသိရပါ တယ္။

နာနတ္သီးကို ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာအမ်ားဆံုးစိုက္ပ်ိဳးတာျဖစ္ၿပီး နာနတ္စိုက္ဧကေပါင္း (၃၀၀၀၀) ခန္႕စိုက္ပ်ိဳးထားတာျဖစ္ေၾကာင္းလည္း ျမန္မာ့နာနတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

ထိုင်းနိုင်ငံကို မြန်မာ့နာနတ် တန်(၄၀၀)တင်ပို့သွားရန်ညှိနှိုင်းဆောင်ရွက်နေ
မြန်မာ့နာနတ်သီးကို ထိုင်းနိုင်ငံသို့ တစ်လလျှင် တန်(၄၀၀)တင်ပို့သွားနိုင်ရန်အတွက် ညှိနှိုင်းဆောင် ရွက်နေကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
နာနတ်သီးကိုတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာတစ်လကိုတန်(၄၀၀)တင်ပို့နိုင်ဖို့အတွက် နှစ် ဖက်နိုင်ငံကုမ္ပဏီအချင်းချင်း ဆွေးနွေးညှိနှိုင်းနေကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။
“ နာနတ်သီးကတရုတ်ပြည်ဘက်မတင်ပို့တာလည်းကြာနေပြီ။အခုဆိုရင် ပြည်တွင်းမှာ နာနတ်သီးတွေ ကလည်းစုပုံနေတော့ ဈေးကမရဘူး။အခုကထိုင်းနိုင်ငံကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်တင်ပို့နိုင်ဖို့တော့ ဒီဘက်ကကုမ္ပဏီနဲ့ ထိုင်းဘက်ကကုမ္ပဏီဆွေးနွေးနေတယ်။ပို့ဖြစ်ရင်တော့ တစ်လတန်(၄၀၀) လောက်တင်ပို့သွားမယ်”
မြန်မာ့နာနတ်သီးကိုတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်တင်ပို့နိုင်ရန်အတွက် စက်ရုံတည်ဆောက်မှု ၊ ရေမြေ အနေအထားနဲ့ကုန်ကြမ်းတို့ကို အဓိကဆွေးနွေးနေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါ တယ်။
နာနတ်သီးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာအများဆုံးစိုက်ပျိုးတာဖြစ်ပြီး နာနတ်စိုက်ဧကပေါင်း (၃၀၀၀၀) ခန့်စိုက်ပျိုးထားတာဖြစ်ကြောင်းလည်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *