BREAKING NEWS

ပဲပုပ္သီးႏွံကိုေတာင္သူမ်ားအတြက္ေထာက္ခံခ်က္ေပးႏိုင္ရန္ သုေတသနလုပ္ေဆာင္သြားမည္

ပဲပုပ္သီးႏွံကို ေတာင္သူမ်ားအတြက္ ေထာက္ခံခ်က္ေပးႏိုင္ရန္ ဆက္လက္သုေတသနျပဳလုပ္ေဆာင္ သြားမွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

ပဲပုပ္သီးႏွံရဲ႕ထြက္ႏႈန္းအေနအထားမ်ား ေတာင္သူမ်ားတိတိက်က်သိရွိေစႏိုင္ရန္အတြက္ သုေတသန ျပဳလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔လြင္ဦးကေျပာပါတယ္။

“ပဲပုပ္အတြက္သီးသန္႕ထုတ္တဲ့အဏုဇီဝကိုအသံုးျပဳရတာေပါ့။ေတာင္သူေတြကိုတိတိက်က် အထြက္ ဘယ္ေလာက္ရွိလဲ၊ကုန္ကုစရိတ္ဘယ္ေလာက္ရွိမလဲ ဒါေတြကိုသိႏိုင္ဖို႔ သုေတသနျပဳ လုပ္ေဆာင္ သြားမွာပါ”

စိုက္ပ်ိဳးထားတဲ့ အျခားပဲပုပ္ပင္မ်ားနဲ႕ႏိႈင္းယွဥ္ပါက ပိုမိုက်န္းမာသန္စြမ္းျခင္း ၊ အရြက္အေရာင္ပိုမိုစိမ္းစို ျခင္း ၊ ေရာဂါပိုးမႊားက်ေရာက္မႈဒဏ္ခံႏိုင္ျခင္း လကၡဏာမ်ားကိုေတြ႕ရွိခဲ့တာျဖစ္ေၾကာင္း အဆိုပါဌာနမွ သိရပါတယ္။

ပဲပုပ္သီးႏွံအတြက္ ပဲျမစ္ဖုဇီဝေျမၾသဇာ တြဲဖက္အသံုးျပဳသင့္သည့္ ဓါတ္ေျမၾသဇာႏႈန္းထားမ်ားကို ပဲပုပ္ စို္က္ေတာင္သူမ်ားေထာက္ခံခ်က္ေပးႏုိင္ရႏ္အတြက္ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း စိုက္ ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

=================

ပဲပုပ်သီးနှံကိုတောင်သူများအတွက်ထောက်ခံချက်ပေးနိုင်ရန် သုတေသနလုပ်ဆောင်သွားမည်
ပဲပုပ်သီးနှံကို တောင်သူများအတွက် ထောက်ခံချက်ပေးနိုင်ရန် ဆက်လက်သုတေသနပြုလုပ်ဆောင် သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
ပဲပုပ်သီးနှံရဲ့ထွက်နှုန်းအနေအထားများ တောင်သူများတိတိကျကျသိရှိစေနိုင်ရန်အတွက် သုတေသန ပြုလုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။
“ပဲပုပ်အတွက်သီးသန့်ထုတ်တဲ့အဏုဇီဝကိုအသုံးပြုရတာပေါ့။တောင်သူတွေကိုတိတိကျကျ အထွက် ဘယ်လောက်ရှိလဲ၊ကုန်ကုစရိတ်ဘယ်လောက်ရှိမလဲ ဒါတွေကိုသိနိုင်ဖို့ သုတေသနပြု လုပ်ဆောင် သွားမှာပါ”
စိုက်ပျိုးထားတဲ့ အခြားပဲပုပ်ပင်များနဲ့နှိုင်းယှဉ်ပါက ပိုမိုကျန်းမာသန်စွမ်းခြင်း ၊ အရွက်အရောင်ပိုမိုစိမ်းစို ခြင်း ၊ ရောဂါပိုးမွှားကျရောက်မှုဒဏ်ခံနိုင်ခြင်း လက္ခဏာများကိုတွေ့ရှိခဲ့တာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။
ပဲပုပ်သီးနှံအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ တွဲဖက်အသုံးပြုသင့်သည့် ဓါတ်မြေသြဇာနှုန်းထားများကို ပဲပုပ် စိုက်တောင်သူများထောက်ခံချက်ပေးနိုင်ရန်အတွက်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက် ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *