ေလွ်ာ္ျဖဴေစ်းႏႈန္းက်ဆင္းေန

ယခုႏွစ္အတြင္းေလွ်ာ္ျဖဴေစ်းႏႈန္းမ်ားမွာ က်ဆင္းေနေၾကာင္း ျမန္မာႏိုင္ငံေလွ်ာ္ျဖဴစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

ျပည္တြင္းမွာေလွ်ာ္ျဖဴမ်ားမ်ားေနၿပီး ေစ်းႏႈန္းမတည္ၿငိမ္မႈမ်ားရွိေနတာေၾကာင့္ ေစ်းႏႈန္းမ်ားက်ဆင္း ေနတယ္လို႕ ျမန္မာႏိုင္ငံေလွ်ာ္ျဖဴစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ အတြင္းေရးမွဴး ဦးဟိန္းထက္ကေျပာပါတယ္။

“ေတာင္သူေတြကလည္းမေရာင္းပဲနဲ႕ေလွာင္ထားတာေတြရွိတယ္။လက္ရွိေစ်းက(၃၀၀၀၀)ေလာက္ပဲရွိတယ္။ေရာင္းတဲ့လူေတြကလည္းနည္းတယ္။တခ်ိဳ႕ကလည္းထိန္းထားတာေတြရွိေတာ့ ေစ်းႏႈန္းမတည္ ၿငိမ္ပဲ က်ဆင္းေနတာပါ”

ျမန္မာ့ေလွ်ာ္ျဖဴကိုယခုႏွစ္အတြင္းျပည္ပႏိုင္ငံေစ်းကြက္သစ္မ်ားကို တင္ပို႔ေရာင္းခ်ႏိုင္ရန္စီစဥ္ေန ေၾကာင္းလည္းအဆိုပါအသင္းမွသိရပါတယ္။

ယခင္ကေလွ်ာ္ျဖဴတစ္ပိႆာကို က်ပ္၄၀၀၀၀ ဝန္းက်င္မွ ၆၀၀၀၀ က်ပ္ဝန္းက်င္ရွိခဲ့ရာမွ အခုလက္ရွိ မွာ တစ္ပိႆာကို က်ပ္ ၃၀၀၀၀ သာရွိေတာ့ေၾကာင္း ျမန္မာႏိုင္ငံေလွ်ာ္ျဖဴစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

==================

လျှော်ဖြူဈေးနှုန်းကျဆင်းနေ
ယခုနှစ်အတွင်းလျှော်ဖြူဈေးနှုန်းများမှာ ကျဆင်းနေကြောင်း မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
ပြည်တွင်းမှာလျှော်ဖြူများများနေပြီး ဈေးနှုန်းမတည်ငြိမ်မှုများရှိနေတာကြောင့် ဈေးနှုန်းများကျဆင်း နေတယ်လို့ မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်ကပြောပါတယ်။
“တောင်သူတွေကလည်းမရောင်းပဲနဲ့လှောင်ထားတာတွေရှိတယ်။လက်ရှိဈေးက(၃၀၀၀၀)လောက်ပဲရှိတယ်။ရောင်းတဲ့လူတွေကလည်းနည်းတယ်။တချို့ကလည်းထိန်းထားတာတွေရှိတော့ ဈေးနှုန်းမတည် ငြိမ်ပဲ ကျဆင်းနေတာပါ”
မြန်မာ့လျှော်ဖြူကိုယခုနှစ်အတွင်းပြည်ပနိုင်ငံဈေးကွက်သစ်များကို တင်ပို့ရောင်းချနိုင်ရန်စီစဉ်နေ ကြောင်းလည်းအဆိုပါအသင်းမှသိရပါတယ်။
ယခင်ကလျှော်ဖြူတစ်ပိဿာကို ကျပ်၄၀၀၀၀ ဝန်းကျင်မှ ၆၀၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ အခုလက်ရှိ မှာ တစ်ပိဿာကို ကျပ် ၃၀၀၀၀ သာရှိတော့ကြောင်း မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *