BREAKING NEWS

နာနတ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှုစဉ်ဆက်မပြတ် အလုပ်ရုံဆွေးနွေးပွဲကျင်းပသွားမည်

နာနတ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှုစဉ်ဆက်မပြတ်အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်(၂၆)ရက်နေ့၊  သီပေါမြို့နယ် မြမိုးဇံခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း နာနတ်သီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရ ပါတယ်။

နာနတ်နဲ့ပြောင်းကို စစိုက်သည်မှ ဈေးကွက်ရောက်သည်အထိ တောင်သူများနဲ့အစိုးရအချင်းချင်း ချိတ်ဆက် နိုင်စေရန် ဆွေးနွေးသွားမှာဖြစ်တယ်လို့ နာနတ်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။

“နာနတ်နဲ့ပြောင်းကို စစိုက်တော့မယ့်အချိန်ကနေ ဈေးကွက်ထဲထိ ဘာတွေလုပ်လို့ရလဲ။ ဈေးကွက်မှာ အသီး ကိုခူးပြီးရောင်းမှာလား။တန်ဖိုးမြှင့်ထုတ်ကုန်ဘယ်လိုလုပ်လို့ရသလဲဆွေးနွေးမယ်။တောင်သူတွေကနေနည်းပညာအကူအညီ ၊ ဈေးကွက် ၊ တန်ဖိုးမြှင့်ထုတ်ကုန်ဘယ်လိုထုတ်လို့ရမလဲချိတ်ဆက်ဆွေးနွေးချင်တယ်”

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူများ ၊ နာနတ်စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများနဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ တက်ရောက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံမှာနာနတ်သီးစိုက်ဧကပေါင်း (၃၀၀၀၀)ဝန်းကျင်ခန့်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာအများဆုံးစိုက် ပျိုးထားကြောင်းနာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *