BREAKING NEWS

ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများရဲ့ တီထွင်ဆန်းသစ်မှုများကို GIZ မှကူညီပေးသွားမည်

ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများရဲ့ တီထွင်ဆန်းသစ်မှုများအတွက် ဂျာမနီနိုင်ငံGIZ အဖွဲ့မှ ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း GIZ Coffee Inovation Fan Project မှသိရပါတယ်။

ကော်ဖီကဏ္ဍတစ်ခုလုံးမှာ ပါဝင်သူများကို တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ပြုလုပ်တာ ဖြစ်တယ်လို့ GIZ Coffee Inovation Fan Project မှ နည်းပညာအကြံပေး ဒေါ်ပ်ြည့ပြည့်ပွင့်ကပြောပါတယ်။

“GIZ ကနေပြီးတော့ ကော်ဖီကဏ္ဍတစ်ခုလုံးမှာပါတဲ့သူတွေ ကော်ဖီစိုက်ပျိုးတဲ့သူရော ၊ ထုတ်လုပ်တဲ့ သူရော ၊ လှော်တဲ့သူရော fan ပေးမယ်။တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာကိုရွေးမှာ။proposal တင်ရ မှာပါ။ ကော်ဖီကဏ္ဍာကနောက်ပိုင်းမှာတိုးတက်ဖွံ့ဖြိုးလာတယ်။ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု အားနည်း နေတဲ့အတွက် စိုက်တဲ့သူတွေပါပါဝင်လာနိုင်အောင်လုပ်ပေးတာပါ”

တောင်သူများအနေနဲ့လည်း အဖွဲ့လိုက်စုကာ တီထွင်ဆန်းသစ်မှုအိုင်ဒီယာများကိုတင်နိုင်ပြီး လျှောက် ထားမယ့်သူများမှာ အတွေ့အကြုံ(၃)နှစ်ရှိရမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအစီအစဉ် ကိုစိတ်ဝင်စားသူများအနေနဲ့ E-mail ဖြစ်တဲ့ pyai.twing @giz.ge နဲ့ maypwint thyu.phyu@gmail.com ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံကော်ဖီအသင်းဝင်များ ၊ ကော်ဖီလုပ်ငန်းရှင်များ ၊ကော်ဖီစိုက်ပျိုးထုတ် လုပ်သူများ နဲ့ ကော်ဖီဆိုင်များကို ကူညီပေးသွားမှာဖြစ်ကြောင်း GIZ Coffee Inovation Fan Proj ect မှသိရ ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *