BREAKING NEWS








Unicode ဖြင့်ဖတ်ရန်

================

မြန်မာ့သရက်တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပနိုင်ငံများကိုတင်ပို့နိုင်ရန်ဆောင်ရွက်နေ
မြန်မာ့သရက်ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများကိုတင်ပို့နိုင်ရန်စီစဉ် ဆောင်ရွက်နေကြောင်း သရက်အစုအဖွဲ့မှသိရပါတယ်။
အရည်အသွေးကောင်းတဲ့သရက်သီးများကိုတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး စင်ကာပူနဲ့မလေး ရှားနိုင်ငံများကိုတင်ပို့သွားမှာဖြစ်တယ်လို့ သရက်အစုအဖွဲ့မှ ဥက္ကဌ ဒေါ်သန်းသန်းဆွေကပြောပါ တယ်။
“ အရည်အသွေးကောင်းတဲ့သရက်သီးတွေကို ပြည်ပနိုင်ငံတွေကို အသီးတိုင်းပို့ရုံတင်မဟုတ်ပဲ တန်ဖိုးမြှင့်ထုတ် ကုန်တွေအဖြစ်ထုတ်ပြီးတော့ တင်ပို့သွားဖို့အတွက်စီစဉ်လုပ်ဆောင်နေပါတယ်။ စင်ကာပူကိုလည်းတင်ပို့ထားတာလေးတွေရှိတော့ အဆင်ပြေရင်တင်ပို့သွားမှာပါ”
မြန်မာ့သရက်ကို ဖျော်ရည် ၊ ရေခဲချောင်း ၊ သရက်ပြင်နဲ့ အခြားထုတ်ကုန်များအဖြစ်တင်ပို့ရောင်း ချသွားမှာဖြစ်ကြောင်း အဆိုပါအစုအဖွဲ့မှသိရပါတယ်။
မြန်မာ့သရက်တန်ဖိုးမြှင့်ထုတ်ကုန်များကို တရုတ်နိုင်ငံ ၊ စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို တင်ပို့ နိုင်ရန်စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သရက်အစုအဖွဲ့မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *