BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

=====================

ဆန်စပါးမျိုးစေ့ Website တစ်ခုတည်ထောင်နိုင်ရန် ဆွေးနွေး
ဆန်စပါးမျိုးစေ့ကဏ္ဍနဲ့ပတ်သတ်၍ Website တစ်ခုတည်ထောင်နိုင်ရန် ဆွေးနွေး လုပ်ဆောင်လျက် ရှိနေ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
စပါးမျိုးစေ့နဲ့ပတ်သတ်ပြီးတော့ တစ်နေရာတည်းတစ်စုတစ်စည်းတည်းရနိုင်စေရန်အတွက် ဆွေးနွေး ဆောင်ရွက်နေပါတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။
“ စပါးနဲ့ပတ်သတ်ပြီး မျိုးစေ့ထုတ်တဲ့ကုမ္ပဏီတွေ ၊ Website ထဲဝင်လို့ရအောင် ဝယ်ယူချင်သူတွေ ဖြန့်ဖြူးချင်သူတွေ မျိုးစေ့နဲ့ပတ်သတ်ရင်ခေါင်းစဉ်တစ်ခုအောက်မှာ စုစည်းပြီးဆောင်ရွက်နိုင်တဲ့ Websiteကြီးတစ်ခု ထူထောင်ဖို့ဆွေးနွေးဆောင်ရွက်နေပါတယ်”
အဆိုပါ စပါးမျိုးစေ့ Website တည်ထောင်နိုင်ရန်အတွက် Welthungerhilfe-WHH အဖွဲ့နဲ့ မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။
ဆန်စပါးမျိုးစေ့စိုက်ပျိုးခြင်း ၊ ထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးခြင်း နဲ့ရောင်းဝယ်ခြင်းကဏ္ဍတစ်ခုလုံးအတွက် တည်ထောင်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *