BREAKING NEWS

ဆပ္⁠ေ⁠ျပာင္း စိုက္ပ်ိဳးနည္း

အဂၤလိပ္အမည္ – Millet

ရုကၡေဗဒအမည္ – မ်ိဳးအလိုက္ရွိသည္။

မ်ိဳးရင္း – Gramineae

မူရင္းေဒသ – အာရွအေရွ႕ဖ်ား

ဆပ္ေျပာင္းအမ်ိဳးအစား ခြဲျခားျခင္း

အဓိကအားျဖင့္ လူးႏွင့္ ဆပ္ ဟူ၍  ႏွစ္မ်ိဳးရွိသည္။ လူးပင္စည္ကို တိရစာၦန္တို႔ စားမိလွ်င္  ပူေသာေၾကာင့္  မစားႏိုင္ ၊ ဆပ္ပင္စည္ကို မူ တိရစာၦန္တို႔ စားသံုးႏိုင္သည္။

လူးတြင္ ရိုးရိုးလူး (panicum  miliaceum) ႏွင့္ ျမက္လူး (Panicummiliare) တို႔ရွိၾကသည္။

လက္ေတြ႔ အသံုးခ် ဘက္စံုစိုက္ပ်ိဳးနည္းပညာ

ဆပ္ တြင္ အီတလီဆပ္ (Setaria italical) ကုလားဆပ္ (Pennsetumty Phoide ) ဂ်ပန္ဆပ္ ၊ ဆပ္နီ၊ ဟန္ေဂရီဆပ္၊ ကိုဒါဆပ္ ဟူ၍ အမ်ိဳးမ်ိဳးရွိၾကသည္။

အထြက္ေကာင္း ဆပ္ေျပာင္း တစ္မ်ိဳး၏ အရည္အခ်င္း အခ်ိဳ႕

အမ်ိဳးအမည္                 –           ဘာဂ်ရာ

အမ်ိဳးအစား                  –           ကုလားဆပ္

အပင္အျမင့္                  –           ၁၀ – ေပ

အႏွံအရွည္                   –           ၁၄ လက္မမွ ၂၂ လက္မ

အသက္ရက္                 –           ရက္ – ၈၀ မွ ၁၀

တစ္ဧကအေစ့အထြက္ႏႈန္း       –           တင္း (၂၀)

တစ္ဧက အရိုးအထြက္ႏႈန္း        –           ၈ တန္ မွ ၁၀ တန္

ဆပ္ စိုက္ပ်ိဳးျခင္း

ဆပ္သည္ ေျမအမ်ိဳးအစား မေရြးေသာ္လည္း ေျမၾသဇာထက္သန္ ေကာင္းမြန္ေသာေျမတြင္ အထြက္ပိုေကာင္းသည္။

ဆပ္သည္ ပူေႏြးေသာ ရာသီဥတု ႀကိဳက္ႏွစ္သက္ေသာ္လည္း အျမင့္ေပ ေျခာက္ေထာင္အထိ ရွိေသာ ကုန္းျမင့္မ်ားတြင္လည္း စိုက္ပ်ိဳးႏိုင္သည္။ သို႔ေသာ္ ေန႔တာတိုေသာ အခါမွ ပန္းပြင့္ သည့္ေန႔တာတိုႀကိဳက္ပင္ ျဖစ္သည္။

မိုးစက်သည္ႏွင့္ ထြန္ ၅ – စပ္၊ ၆ – စပ္ ၀င္ၿပီးေနာက္ စိုက္ပ်ိဳးရန္ အသင့္ျဖစ္သည္။ ေျမမာမွ ထယ္ကို သံုးရသည္။ အပူပိုင္းေဒသ သဲဆန္ေသာ ေျမတြင္ ထယ္သံုးေလ့ သံုးထမရွိ။

ဆပ္ကို မိုးႏွင့္ မိုးေႏွာင္းတြင္ စိုက္ပ်ိဳးႏိုင္သည္။

ဆပ္ကို ႏြားစာအတြက္ ႀကဲပက္၍ စိုက္ပ်ိဳးႏိုင္ၿပီး ႀကဲၿပီးက ထြန္ျဖင့္ ဖံုးရသည္။ အပင္ေပါက္ လာလွ်င္ ထူလြန္းက ထြန္ျဖင့္မႈန္းရသည္။ ဤနည္းသည္ တစ္ဧကလွ်င္ မ်ိဳးေစ့သံုးျပည္မွ ေလျပည္ လိုအပ္သည္။

အတန္းလိုက္ စိုက္ပါက တစ္တန္း ႏွင့္ တစ္တန္း တစ္ေပခြာၿပီး တစ္ပင္ ႏွင့္ တစ္ပင္ အမ်ားဆံုး  ႏွစ္လက္မခြာ၍ စိုက္ပ်ိဳးရသည္။ ဤနည္းသည္ တစ္ဧကလွ်င္ မ်ိဳးေစ့ တစ္ျပည္ ႏွစ္ျပည္ခန္႔ လိုအပ္သည္။

အေစ့မ်ားသည္ ေသးငယ္ေသာ ေၾကာင့္ ေျမအနက္ လက္မ၀က္ခန္႔သာထား၍ စိုက္ပ်ိဳးသင့္ သည္။ သဲဆန္ေသာေျမႏွင့္ အစိုဓာတ္ ဆုတ္ယုတ္ေနေသာ ေျမမ်ိဳးတုိ႔တြင္ တစ္လက္မ ေက်ာ္ေက်ာ္ အနက္ထား၍ စိုက္ပ်ိဳးသင့္သည္။

အပင္အသက္ သံုးလခြဲ ေလးလအၾကာတြင္ ရိတ္သိမ္းႏိုင္သည္။ အႏွံထိပ္ဖ်ားပိုင္း အေစ့မ်ားမွ စ၍ အႏွံအရင္းပိုင္း အေစ့မ်ားအထိ တစ္စ တစ္စ ရင့္မွည့္သည္။ လံုး၀ မရင့္မီ ရက္အနည္း ငယ္ေစာ၍ ရိတ္သိမ္းမွ အေလအလြင့္ နည္းေစသည္။ ထိုအခ်ိန္၌ အပင္မွာမူ စိမ္းေနေသးသည္။

ဆပ္တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုး ႏွင့္ မိႈေရာဂါ

အထင္အရွား အရွိေသးပါ။

­­­­

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ဆပ်⁠ေ⁠ပြာင်း စိုက်ပျိုးနည်း

==================

အင်္ဂလိပ်အမည် – Millet

ရုက္ခဗေဒအမည် – မျိုးအလိုက်ရှိသည်။

မျိုးရင်း – Gramineae

မူရင်းဒေသ – အာရှအရှေ့ဖျား

ဆပ်ပြောင်းအမျိုးအစား ခွဲခြားခြင်း

အဓိကအားဖြင့် လူးနှင့် ဆပ် ဟူ၍ နှစ်မျိုးရှိသည်။ လူးပင်စည်ကို တိရစ္ဆာန်တို့ စားမိလျှင် ပူသောကြောင့် မစားနိုင် ၊ ဆပ်ပင်စည်ကို မူ တိရစ္ဆာန်တို့ စားသုံးနိုင်သည်။

လူးတွင် ရိုးရိုးလူး (panicum miliaceum) နှင့် မြက်လူး (Panicummiliare) တို့ရှိကြသည်။

လက်တွေ့ အသုံးချ ဘက်စုံစိုက်ပျိုးနည်းပညာ

ဆပ် တွင် အီတလီဆပ် (Setaria italical) ကုလားဆပ် (Pennsetumty Phoide ) ဂျပန်ဆပ် ၊ ဆပ်နီ၊ ဟန်ဂေရီဆပ်၊ ကိုဒါဆပ် ဟူ၍ အမျိုးမျိုးရှိကြသည်။

အထွက်ကောင်း ဆပ်ပြောင်း တစ်မျိုး၏ အရည်အချင်း အချို့

အမျိုးအမည် – ဘာဂျရာ

အမျိုးအစား – ကုလားဆပ်

အပင်အမြင့် – ၁၀ – ပေ

အနှံအရှည် – ၁၄ လက်မမှ ၂၂ လက်မ

အသက်ရက် – ရက် – ၈၀ မှ ၁၀

တစ်ဧကအစေ့အထွက်နှုန်း – တင်း (၂၀)

တစ်ဧက အရိုးအထွက်နှုန်း – ၈ တန် မှ ၁၀ တန်

ဆပ် စိုက်ပျိုးခြင်း

ဆပ်သည် မြေအမျိုးအစား မရွေးသော်လည်း မြေသြဇာထက်သန် ကောင်းမွန်သောမြေတွင် အထွက်ပိုကောင်းသည်။

ဆပ်သည် ပူနွေးသော ရာသီဥတု ကြိုက်နှစ်သက်သော်လည်း အမြင့်ပေ ခြောက်ထောင်အထိ ရှိသော ကုန်းမြင့်များတွင်လည်း စိုက်ပျိုးနိုင်သည်။ သို့သော် နေ့တာတိုသော အခါမှ ပန်းပွင့် သည့်နေ့တာတိုကြိုက်ပင် ဖြစ်သည်။

မိုးစကျသည်နှင့် ထွန် ၅ – စပ်၊ ၆ – စပ် ဝင်ပြီးနောက် စိုက်ပျိုးရန် အသင့်ဖြစ်သည်။ မြေမာမှ ထယ်ကို သုံးရသည်။ အပူပိုင်းဒေသ သဲဆန်သော မြေတွင် ထယ်သုံးလေ့ သုံးထမရှိ။

ဆပ်ကို မိုးနှင့် မိုးနှောင်းတွင် စိုက်ပျိုးနိုင်သည်။

ဆပ်ကို နွားစာအတွက် ကြဲပက်၍ စိုက်ပျိုးနိုင်ပြီး ကြဲပြီးက ထွန်ဖြင့် ဖုံးရသည်။ အပင်ပေါက် လာလျှင် ထူလွန်းက ထွန်ဖြင့်မှုန်းရသည်။ ဤနည်းသည် တစ်ဧကလျှင် မျိုးစေ့သုံးပြည်မှ လေပြည် လိုအပ်သည်။

အတန်းလိုက် စိုက်ပါက တစ်တန်း နှင့် တစ်တန်း တစ်ပေခွာပြီး တစ်ပင် နှင့် တစ်ပင် အများဆုံး နှစ်လက်မခွာ၍ စိုက်ပျိုးရသည်။ ဤနည်းသည် တစ်ဧကလျှင် မျိုးစေ့ တစ်ပြည် နှစ်ပြည်ခန့် လိုအပ်သည်။

အစေ့များသည် သေးငယ်သော ကြောင့် မြေအနက် လက်မဝက်ခန့်သာထား၍ စိုက်ပျိုးသင့် သည်။ သဲဆန်သောမြေနှင့် အစိုဓာတ် ဆုတ်ယုတ်နေသော မြေမျိုးတို့တွင် တစ်လက်မ ကျော်ကျော် အနက်ထား၍ စိုက်ပျိုးသင့်သည်။

အပင်အသက် သုံးလခွဲ လေးလအကြာတွင် ရိတ်သိမ်းနိုင်သည်။ အနှံထိပ်ဖျားပိုင်း အစေ့များမှ စ၍ အနှံအရင်းပိုင်း အစေ့များအထိ တစ်စ တစ်စ ရင့်မှည့်သည်။ လုံး၀ မရင့်မီ ရက်အနည်း ငယ်စော၍ ရိတ်သိမ်းမှ အလေအလွင့် နည်းစေသည်။ ထိုအချိန်၌ အပင်မှာမူ စိမ်းနေသေးသည်။

ဆပ်တွင် ကျရောက်တတ်သော ဖျက်ပိုး နှင့် မှိုရောဂါ

အထင်အရှား အရှိသေးပါ။

­­­­

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *