BREAKING NEWS

ထိုင္းႏိုင္ငံကို အေစ့ထုတ္ေျပာင္းတန္ခ်ိန္ေလးသိန္းတင္ပို႕ထား

ယခုႏွစ္အတြင္း ထိုင္းႏိုင္ငံကို အေစ့ထုတ္ေျပာင္းတန္ခ်ိန္ေလးသိန္းထိတင္ပို႕ထားၿပီးၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေျပာင္းစိုက္ပ်ိဳးထုတ္ လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

ျမန္မာ့အေစ့ထုတ္ေျပာင္းကို အခုႏွစ္ဧၿပီလမွစတင္ကာထိုင္းႏိုင္ငံမွ စတင္ဝယ္ယူမႈ မ်ားရွိလာတဲ့ အ တြက္ အခုလက္ရွိအခ်ိန္ထိ တန္ခ်ိန္ေလးသိန္းခန္႕တင္ပို႕ႏိုင္ခဲ့တာျဖစ္တယ္လိုက ျမန္မာႏိုင္ငံ ေျပာင္း စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးမင္းခိုင္ကေျပာပါတယ္။

“ တရုတ္ဘက္က သူတို႕ေပၚလစီေၾကာင့္ဝယ္ယူမႈမရွိခဲ့တာၾကာပါၿပီ။အခုဒီႏွစ္မွာထိုင္းႏိုင္ငံနဲ႕ အေစ့ ထုတ္ေျပာင္းတင္ပို႕ဖို႕ေဆြးေႏြးခဲ့တယ္။ဧၿပီလမွာစၿပီးတင္ပို႔ခဲ့တာပါ။ဒီလကုန္ထိပဲတင္ပို႕ရေတာ့မယ္။ဟိုဘက္မွာက်ေတာ့ ေနာက္လဆိုေျပာင္းထြက္တဲ့ရာသီေရာက္ေနၿပီဆိုေတာ့မဝယ္ေတာ့ဘူး။အခု လက္ရွိထိဆို တန္ခ်ိန္ေလးသိန္းခန္႕ေလာက္ တင္ပို႔ၿပီးသြားၿပီ”

ျမန္မာ့အေစ့ထုတ္ေျပာင္းကို ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အဓိကထားစိုက္ပ်ိဳးလ်က္ရွိေနၿပီး ရွမ္းျပည္ နယ္ ေတာင္ပိုင္းနဲ႕အျခားျပည္နယ္မ်ားကိုလည္း စိုက္ပ်ိဳးလ်က္ရွိေၾကာင္း အဆိုပါအသင္းမွသိရပါ တယ္။

အေစ့ထုတ္ေျပာင္းကို တရုတ္ႏိုင္ငံကိုအဓိကထားစိုက္ပ်ိဳးလ်က္ရွိေနၿပီး အခုလက္ရွိမွာထိုင္းႏိုင္ငံကို တင္ပို႕ေနတာျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံေျပာင္းစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္း မွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

==================

ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်းတန်ချိန်လေးသိန်းတင်ပို့ထား
ယခုနှစ်အတွင်း ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်းတန်ချိန်လေးသိန်းထိတင်ပို့ထားပြီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
မြန်မာ့အစေ့ထုတ်ပြောင်းကို အခုနှစ်ဧပြီလမှစတင်ကာထိုင်းနိုင်ငံမှ စတင်ဝယ်ယူမှု များရှိလာတဲ့ အ တွက် အခုလက်ရှိအချိန်ထိ တန်ချိန်လေးသိန်းခန့်တင်ပို့နိုင်ခဲ့တာဖြစ်တယ်လိုက မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးမင်းခိုင်ကပြောပါတယ်။
“ တရုတ်ဘက်က သူတို့ပေါ်လစီကြောင့်ဝယ်ယူမှုမရှိခဲ့တာကြာပါပြီ။အခုဒီနှစ်မှာထိုင်းနိုင်ငံနဲ့ အစေ့ ထုတ်ပြောင်းတင်ပို့ဖို့ဆွေးနွေးခဲ့တယ်။ဧပြီလမှာစပြီးတင်ပို့ခဲ့တာပါ။ဒီလကုန်ထိပဲတင်ပို့ရတော့မယ်။ဟိုဘက်မှာကျတော့ နောက်လဆိုပြောင်းထွက်တဲ့ရာသီရောက်နေပြီဆိုတော့မဝယ်တော့ဘူး။အခု လက်ရှိထိဆို တန်ချိန်လေးသိန်းခန့်လောက် တင်ပို့ပြီးသွားပြီ”
မြန်မာ့အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိကထားစိုက်ပျိုးလျက်ရှိနေပြီး ရှမ်းပြည် နယ် တောင်ပိုင်းနဲ့အခြားပြည်နယ်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း အဆိုပါအသင်းမှသိရပါ တယ်။
အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံကိုအဓိကထားစိုက်ပျိုးလျက်ရှိနေပြီး အခုလက်ရှိမှာထိုင်းနိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *