BREAKING NEWS

ျမန္မာ့နာနတ္သီးျပည္ပတင္ပို႕မႈရပ္တန္႕ေန

ယခုလက္ရွိ ျမန္မာ့နာနတ္သီးျပည္ပတင္ပို႕မႈမွာ ရပ္တန္႕ေနေၾကာင္း နာနတ္သီးစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

နာနတ္သီးျပည္ပတင္ပို႕မႈမွာ ဝယ္လိုအားမရွိတာေၾကာင့္ႏွစ္လနီးပါးၾကာရပ္တန္႕ေနတာျဖစ္တယ္လို႔ နာနတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ အတြင္းေရးမွဴး ဦးစိုင္းေဇာ္ညႊန္႕ကေျပာ ပါတယ္။

“ နာနတ္သီးကတင္ပို႔မႈရပ္ေနတာ ႏွစ္လနီးပါးေလာက္ရွိသြားၿပီ။ အခက္အခဲျဖစ္ေနတာေပါ့။ ဝယ္လုိ အားနည္းသြားတာေပါ့။ တရုတ္ဘက္ကသူတို႕ေပၚလစီ ေၾကာင့္ အဝင္မခံေတာ့ဘူး။ အခုက တင္ပို႕မႈ မရွိေတာ့ နာနတ္သီးကျပည္တြင္းမွာလာပံုေနတယ္။ ေစ်းေတြကလည္းမရေတာ့ဘူး”

နာနတ္သီးကို ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာအမ်ားဆံုးစိုက္ပ်ိဳးမႈမ်ားရွိၿပီး သီေပါ ၊လာရိႈး နဲ႕တန္႕ယန္းတို႕ မွာအမ်ားဆံုးစိုက္ပ်ိဳးေၾကာင္းသိရပါတယ္။

ျမန္မာ့နာနတ္သီးကို တရုတ္ျပည္ကိုအဓိကထားတင္ပို႕ေရာင္းခ်ေနၿပီး နာနတ္သီးစိုက္ဧကေပါင္း (၃၀၀၀၀)ဝန္းက်င္ခန္႕ရွိေၾကာင္းလည္း နာနတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

မြန်မာ့နာနတ်သီးပြည်ပတင်ပို့မှုရပ်တန့်နေ
ယခုလက်ရှိ မြန်မာ့နာနတ်သီးပြည်ပတင်ပို့မှုမှာ ရပ်တန့်နေကြောင်း နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
နာနတ်သီးပြည်ပတင်ပို့မှုမှာ ဝယ်လိုအားမရှိတာကြောင့်နှစ်လနီးပါးကြာရပ်တန့်နေတာဖြစ်တယ်လို့ နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းဇော်ညွှန့်ကပြော ပါတယ်။
“ နာနတ်သီးကတင်ပို့မှုရပ်နေတာ နှစ်လနီးပါးလောက်ရှိသွားပြီ။ အခက်အခဲဖြစ်နေတာပေါ့။ ဝယ်လို အားနည်းသွားတာပေါ့။ တရုတ်ဘက်ကသူတို့ပေါ်လစီ ကြောင့် အဝင်မခံတော့ဘူး။ အခုက တင်ပို့မှု မရှိတော့ နာနတ်သီးကပြည်တွင်းမှာလာပုံနေတယ်။ ဈေးတွေကလည်းမရတော့ဘူး”
နာနတ်သီးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာအများဆုံးစိုက်ပျိုးမှုများရှိပြီး သီပေါ ၊လာရှိုး နဲ့တန့်ယန်းတို့ မှာအများဆုံးစိုက်ပျိုးကြောင်းသိရပါတယ်။
မြန်မာ့နာနတ်သီးကို တရုတ်ပြည်ကိုအဓိကထားတင်ပို့ရောင်းချနေပြီး နာနတ်သီးစိုက်ဧကပေါင်း (၃၀၀၀၀)ဝန်းကျင်ခန့်ရှိကြောင်းလည်း နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *