BREAKING NEWS

ျမန္မာ့သီးႏွံ(၂၀) မ်ိဳး ဝယ္ယူတင္ပို႕ႏိုင္ရန္စီစဥ္လုပ္ေဆာင္သြားမည္

ျမန္မာ့သစ္သီးဝလံနဲ႕ဟင္းသီးဟင္းရြက္(၂၀) မ်ိဳး ဝယ္ယူတင္ပို႕ႏိုင္ေရးအတြက္ စီစဥ္လုပ္ေဆာင္ သြား မွာျဖစ္ေၾကာင္း ျမန္ မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ ဟင္းသီးဟင္းရြက္စိုက္ပ်ိဳး ထုတ္လုပ္ တင္ပို႕ ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။

သစ္သီးဝလံ(၂၀) မ်ိဳးတင္ပို႕ႏိုင္ရန္အတြက္ အစိုးရဌာနမ်ားကိုတင္ျပသြားမွာျဖစ္ၿပီး စီစဥ္လုပ္ေဆာင္ သြားမွာ တယ္လို႕ ျမန္မာႏိုင္ငံ သစ္သီးဝလံပန္းမာန္ႏွင့္ဟင္း သီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႕ ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးစိုးသန္းမင္းဒင္ကေျပာပါတယ္။

“ျမန္မာ့သစ္သီးဝလံ(၂၀) မ်ိဳးတင္ပို႕ႏိုင္ဖို႕ အသင္းအဖြဲ႕အခ်င္းခ်င္းညိွႏိႈင္းေဆြးေႏြးခဲ့တယ္။အသင္းအ ေနနဲ႕ စီးပြားေရးနဲ႕ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကိုတင္ျပသြားမယ္။ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနကိုတင္ျပမယ္။ တင္ျပၿပီးတဲ့အခါက်ရင္ ခြင့္ျပဳခ်က္ရၿပီဆိုရင္ေတာ့ေနာင္ႏွစ္ အခါေလာက္ တင္ပို႕ႏိုင္ဖို႕မွန္းထားပါတယ္”

ဂ်င္းစိမ္း ၊ နာနတ္သီး ၊ ဌက္ေပ်ာသီး ၊ ေထာပတ္သီး ၊ ပင္မွည့္သီး ၊ ဒန္႕သလြန္သီး ၊ ေျပာင္းဖူး ၊ မုန္လာဥ ၊ မွ်စ္စသည္မ်ားကို ဝယ္ယူေရာင္းခ်ႏိုင္ေရးအတြက္ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။

ျမန္မာ့သစ္သီးဝလံ(၂၀)မ်ိဳးကိုတင္ပို႕ႏိုင္ေရးအတြက္ တရုတ္ျပည္ဝမ္တိန္မွ က်ိန္ၾကည့္ရင္အဖြဲ႕ နဲ႕ ျမန္မာႏိုင္ငံသစ္သီးဝလံ၊ပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းတို႕ေဆြးေႏြးညိွႏိႈင္းခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

=====================

မြန်မာ့သီးနှံ(၂၀) မျိုး ဝယ်ယူတင်ပို့နိုင်ရန်စီစဉ်လုပ်ဆောင်သွားမည်
မြန်မာသစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်(၂၀) မျိုး ဝယ်ယူတင်ပို့နိုင်ရေးအတွက် စီစဉ်လုပ်ဆောင် သွား မှာဖြစ်ကြောင်း မြန် မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရပါတယ်။
သစ်သီးဝလံ(၂၀) မျိုးတင်ပို့နိုင်ရန်အတွက် အစိုးရဌာနများကိုတင်ပြသွားမှာဖြစ်ပြီး စီစဉ်လုပ်ဆောင် သွားမှာ တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်ကပြောပါတယ်။
“မြန်မာ့သစ်သီးဝလံ(၂၀) မျိုးတင်ပို့နိုင်ဖို့ အသင်းအဖွဲ့အချင်းချင်းညှိနှိုင်းဆွေးနွေးခဲ့တယ်။အသင်းအ နေနဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုတင်ပြသွားမယ်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုတင်ပြမယ်။ တင်ပြပြီးတဲ့အခါကျရင် ခွင့်ပြုချက်ရပြီဆိုရင်တော့နောင်နှစ် အခါလောက် တင်ပို့နိုင်ဖို့မှန်းထားပါတယ်”
ဂျင်းစိမ်း ၊ နာနတ်သီး ၊ ဌက်ပျောသီး ၊ ထောပတ်သီး ၊ ပင်မှည့်သီး ၊ ဒန့်သလွန်သီး ၊ ပြောင်းဖူး ၊ မုန်လာဥ ၊ မျှစ်စသည်များကို ဝယ်ယူရောင်းချနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
မြန်မာ့သစ်သီးဝလံ(၂၀)မျိုးကိုတင်ပို့နိုင်ရေးအတွက် တရုတ်ပြည်ဝမ်တိန်မှ ကျိန်ကြည့်ရင်အဖွဲ့ နဲ့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ဆွေးနွေးညှိနှိုင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *