BREAKING NEWS

အ⁠ေစ့ထုတ္⁠ေ⁠ျပာင္း စိုက္ပ်ိဳးနည္း

မ်ိဳးမ်ား

စိုက္ပ်ိဳးသင့္ေသာမ်ိဳးမ်ားမွာ ေတာင္ေပၚေဒသမ်ားတြင္ ဆင္းေ႐ႊလီစပ္မ်ိဳး၊ ဧကရီ၊ ေရဆင္း စပ္မ်ိဳး(၃)၊ ေရဆင္းစပ္မ်ိဳး(၅)၊ ၈၈၈မ်ိဳး၊ ၉၉၉မ်ိဳး တို႔ျဖစ္သည္။ ေျမျပန႔္ေဒသမ်ားတြင္ ေ႐ႊဝါ(၁)၊ စူဝမ္(၃)၊ ေရဆင္းစပ္မ်ိဳး(၂)၊ ေရဆင္းစပ္မ်ိဳး(၄) တို႔ျဖစ္သည္။

ေရေျမရာသီဥတု

အေစ့ထုတ္ေျပာင္းသည္ ေျမတြင္းရွိ အာဟာရဓါတ္ စုပ္ယူစားသုံးမႈမ်ားေသာ သီးႏွံျဖစ္သည္။ ထို႔ေၾကာင့္ ေျမဆီၾသဇာ ထက္သန္ေသာ ႏုန္းေျမ၊ ႏုန္းေျမေစး၊ သဲႏုန္းေျမတို႔တြင္ အထြက္ႏႈ န္းပိုေကာင္းသည္။ရွမ္းျပည္နယ္တြင္ ေျမနီသဲဝန္း၊ သဲႏုန္းေျမမ်ား၊ အစိုဓါတ္ထိန္းသိမ္းႏိုင္ၿပီး ေရမဝပ္ေသာ ေရစီးေရလာေကာင္းေသာ ေျမမ်ားတြင္ ျဖစ္ထြန္းမႈရွိသည္။ေျမခ်ဥ္ငန္ဓါတ္ (၅.၅-၇.၅)အတြင္း ႀကိဳက္ႏွစ္သက္သည္။မိုးေရခ်ိန္လက္မ (၃၅-၄၅) ရွိၿပီး ညီၫြတ္မွ်တစြာ ႐ြာသြန္းမႈရွိပါက ပိုေကာင္းသည္။သို႔ရာတြင္ ေျပာင္းပင္ ၁လသားအ႐ြယ္တြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈ မမိေစရန္ ဂ႐ုစိုက္ရမည္။ေရဝပ္မႈ မရွိေစရန္လည္း ႀကိဳတင္ေဆာင္႐ြက္ထားရမည္။

စိုက္ပ်ိဳးခ်ိန္

ေျပာင္းစိုက္ပ်ိဳးခ်ိန္သည္ အေရးႀကီးသည္။မိုးမ်ားတတ္သည့္ လမ်ားျဖစ္ေသာ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္လမ်ားတြင္ အပင္သက္တမ္းရေနမွသာ မိုးဒဏ္ခံႏိုင္မည္ျဖစ္သည္။ ထို႔ေၾကာင့္ မိုးရာသီတြင္ စိုက္ပ်ိဳးမည္ဆိုပါက ဧၿပီလလယ္မွ ေမလကုန္အၿပီး စိုက္သင့္ၿပီး ေဆာင္းရာသီ စိုက္ပ်ိဳးမည္ဆိုပါက ေအာက္တိုဘာလ၊ႏိုဝင္ဘာလကုန္အၿပီး စိုက္ပ်ိဳးသင့္သည္။

ေျမျပဳျပင္ျခင္း

ေျမျပဳျပင္ရာတြင္ ထယ္ေရးနက္နက္၊ ထြန္ေရးညက္ညက္ထြန္ရန္ အေရးႀကီးသည္။ မိုးတြင္းေျပာင္းစိုက္မည္ဆိုပါက မိုးႀကိဳထယ္ေရးဝင္ေပးႏိုင္လွ်င္ ပိုေကာင္းသည္။ေျမမျပဳျပင္မီ ႏြားေခ်းေျမေဆြး (၁၀-၁၅)စီးအထိ ခ်ေပးရမည္။ေတာင္ေစာင္း၊ ေတာင္ကုန္းမ်ားတြင္ ေျမျပဳျပင္ခ်ိန္ ေပါက္ျပားမ်ားျဖင့္ (၂.၅)ေပ အကြာေျမာင္းမ်ား ျပဳလုပ္၍ ေျမာင္းမ်ားတြင္ သဘာ၀ ႏြားေခ်းေျမၾသဇာမ်ာ လိုက္၍ခ်ေပးရမည္။ယူရီးယား ၂အိတ္၊ တီစူပါ ၂အိတ္၊ ပိုတက္ရွ္ အိတ္တစ္ဝက္ အသုံးျပဳရန္လိုအပ္သည္။ တီစူပါႏွင့္ ပိုတက္ရွ္ေျမၾသဇာကို ေျမျပဳျပင္ခ်ိန္တြင္ ေျမခံအျဖစ္ တစ္ႀကိမ္တည္း ထည့္သြင္းေပးရမည္။ယူရီးယားေျမၾသဇာအား ေျမျပဳျပင္ခ်ိန္တြင္ ေျမခံအျဖစ္ တစ္ႀကိမ္၊ အပင္ႀကီးထြားခ်ိန္ ၁လသားတြင္ တစ္ႀကိမ္၊ ပန္းမပြင့္မွ တစ္ႀကိမ္၊ ေျပာင္းဖူးေစ့အစာျဖည့္သြင္းခ်ိန္တြင္ တစ္ႀကိမ္ထည့္ေပးရမည္။

စိုက္ပ်ိဳးျခင္း

ေႏြထြန္ေရးခံထားေသာ စိုက္ကြင္းမ်ားတြင္ မိုးရာသီေျမျပဳျပင္ခ်ိန္တြင္ မိုးရာသီ အေစ့ထုတ္ေျ ပာင္းစိုက္ရန္ အေကာင္းဆုံးျဖစ္သည္။ေႏြထြန္ေရး မခံႏိုင္ပါက မိုးႀကိဳထြန္ေရးခံျခင္းျဖင့္ ထြန္ေရးေကာင္းၿပီး အစိုဓါတ္ပိုရရွိသျဖင့္ အထြက္ႏႈန္းေကာင္းေစသည္။ေ တာင္ကုန္းေ တာင္ေစာင္းမ်ားတြင္ မထြန္ယက္ႏိုင္ပါက ေပါက္ျပားျဖင့္ ထြန္ေရးေကာင္းေကာင္း ေျမျပဳျပင္ၿပီး တစ္တန္းႏွင့္ တစ္တန္း ၂ေပခြဲ၊ တစ္ပင္ႏွင့္ တစ္ပင္ ၉လက္မျခား၍ မ်ိဳးေစ့ခ်ေပးရမည္။ တစ္က်င္းလွ်င္ တစ္ေစ့ႏႈန္းသာ ခ်ေပးရမည္။ေမလ၊ ဇြန္လမ်ားတြင္ ႐ြာသြန္းေသာ မိုးေရတြင္ စိုက္ပ်ိဳးထားေသာ အပင္မ်ားကို ၁၄ရက္အတြင္ အခ်ိန္မီ သားခြဲေပးရမည္။ပင္ေျခေျမဆြေပးရန္ အထူးလိုအပ္ၿပီး အခ်ိန္မီ သားမခြဲဘဲ ေနာက္က်မွ အပင္သားခြဲပါက အထြက္ႏႈန္းက် ဆင္းသြားတတ္သည္။

အပင္ျပဳစုျခင္း

တစ္ပင္လွ်င္ စံႏႈန္းျပည့္ တစ္ဖူးႏႈန္းရရွိေစရန္ အပင္သက္တမ္း(၃၅-၄၀) ရက္သားအတြင္း ေဘာင္တင္ေျမေတာင္မေျမႇာက္မီ ယူရီးယား ၂၈ ေပါင္ကို ႏြားေခ်းေဆြးႏွင့္ ေရာ၍ စိုက္တန္းမ်ားၾကားတြင္ ခ်ၿပီး ေျမေတာင္ေျမႇာက္ေပါင္းတင္ေပးရမည္။ ထိုသက္တမ္း အ႐ြယ္မွာပင္ အဖိုႏွံသည္ လ်င္ျမန္စြာႀကီးထြားလာၿပီး ပင္စည္ေျခာက္ဆစ္မွစ၍ ေျပာင္းဖူးအစို႔သားေလာင္းမ်ား ထြက္လာသည္။၎ႀကီးထြားရန္ အတြက္ အစိုဓါတ္ႏွင့္ ႏိုက္ထ႐ိုဂ်င္၊ ေဖာ့စဖရပ္၊ပိုတက္စီယမ္ ဓါတ္မ်ားလိုအပ္သည္။ အပင္သက္ ၈ပတ္ သားအ႐ြယ္တြင္ အဖိုႏွံမ်ား စတင္ထြက္လာၿပီး (၆၀-၆၆) ရက္သားတြင္ အဖိုႏွံမွ အဖိုဝတ္မႈန္မ်ား စတင္ကြဲထြက္လာသည္။ ထိုအခ်ိန္တြင္ မၿမိတ္ဆာမ်ား လည္း ေျပာင္းဖူး အျပင္သို႔ထြက္ လာသည္။ ထိုအမအၿမိတ္မ်ားေပၚသို႔ အမဝတ္မႈန္မ်ား က်ေရာက္ၿပီး မ်ိဳးေအာင္သည္။ ထိုအခ်ိန္တြင္ ပင္ပိုင္းႀကီးထြားမႈမွာလည္း ရပ္တန႔္သြားသည္။မ်ိဳးေအာင္ၿပီး ၁၂ရက္မွစတင္၍ ေျပာင္းေစ့သားေလာင္း စတင္ႀကီးထြားၿပီး အေစ့အတြင္း ကစီဓါတ္ ျဖည့္တင္းသည္။ အမျမတ္ဆာထြက္လာၿပီး ၂၄ရက္သားခန႔္တြင္ အေစ့မွာ ရာႏႈန္းျပည့္ႀကီးထြားလာၿပီး အစာျဖည့္တင္းမႈ ရပ္ဆိုင္းသြားသည္။ေျပာင္းေစ့အတြင္း ကစီဓါတ္ျဖည့္တင္းခ်ိန္တြင္ အ႐ြက္ကခ်က္လုပ္ေသာ အစာ၏ ၆၀% ကို အေစ့ျဖစ္ေစရန္အတြက္ အသုံးခ်သည္။ ထိုအခ်ိန္တြင္ ေအာင္ေစ့မ်ားေစရန္အတြက္ ယူရီးယား ၂၅ေပါင္ကို ႏြားေခ်းေဆြးႏွင့္ ေရာ၍ေကြၽးရမည္။

ကာကြယ္ျခင္း

ေျပာင္းဖူးပင္ ၄၅ရက္သား အ႐ြယ္တြင္ ႐ြက္စားပိုးႏွင့္ ေခါင္ၫြန႔္ထိုးပိုးမ်ားက်ေရာက္တတ္သည္။ ပန္းပြင့္ခ်ိန္တြင္ ပိုးျဖတ္ပါက ပ်ပိုးမ်ား က်ေရာက္တတ္သည္။ ထိုပိုးမ်ားကို ဒိုင္မီသီယြန္၊ ဆူမီသီယြန္ပိုးသတ္ေဆးမ်ားျဖင့္ ကာကြယ္ႏိုင္သည္။ႂကြက္၊ ၾကက္တူေ႐ြးႏွင့္ ရွဥ့္တို႔သည္ ႏို႔ရည္တည္ခ်ိန္တြင္ ဖ်က္ဆီးတတ္သျဖင့္ ေဆးဖ်န္းျခင္း၊ေျခာက္လွန႔္ျခင္းျဖင့္ ကာကြယ္ႏိုင္သည္။ ေျပာင္းမ်ား အဝါေရာင္သန္းၿပီး ေျပာင္း႐ိုးအညႇာတြင္ အညိဳေရာင္ကြင္း မေတြ႕ရမီ ၁၀ရက္ခန႔္ အလိုတြင္ အပင္ၾကားရွိေပါင္းမ်ားကို ေပါင္းသတ္ေဆးဖ်န္း၍ ႏွိမ္နင္းေပးရမည္။

ရိတ္သိမ္းျခင္း

အေစ့ထုတ္ေျပာင္းဖူးဖက္ အဝါေရာင္သန္းၿပီး အဖူးအညႇာတြင္ အညိဳေရာင္ကြင္းေပၚလာပါက ရိတ္သိမ္းသင့္သည္။ထိုအခ်ိန္တြင္ အေစ့တြင္း အစိုဓါတ္ (၂၅-၃၅)% ခန႔္ ရွိႏိုင္သျဖင့္ ဖက္ကို ခ်က္ခ်င္းခြာၿပီး (၅-၇) ရက္ခန႔္ ခပ္ပါးပါးေနလွန္းေပးပါ။အေစ့ေခြၽၿပီးပါက တစ္ေနထပ္လွန္းၿပီး အဖ်င္း၊ အေမွာ္၊ လုံးပိန္၊ လုံးညႇပ္မ်ားကို သန႔္စင္ရမည္။ မ်ိဳးေစ့အျဖစ္ထားရွိပါက မ်ိဳးေစ့ ၁ကီလိုကို ဟိုမိုင္းမႈိသတ္ေဆး ၁ကီလိုႏွင့္ ေရာနယ္၍ အိတ္သြတ္သိုေလွာင္ႏိုင္သည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

အစေ့ထုတ်ပြောင်း စိုက်ပျိုးနည်း
————————-

မျိုးများ
စိုက်ပျိုးသင့်သောမျိုးများမှာ တောင်ပေါ်ဒေသများတွင် ဆင်းရွှေလီစပ်မျိုး၊ ဧကရီ၊ ရေ ဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၅)၊ ၈၈၈မျိုး၊ ၉၉၉မျိုး တို့ဖြစ်သည်။ မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊ စူဝမ်(၃)၊ ရေဆင်းစပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၄) တို့ဖြစ်သည်။
ရေမြေရာသီဥတု
အစေ့ထုတ်ပြောင်းသည် မြေတွင်းရှိ အာဟာရဓါတ် စုပ်ယူစားသုံးမှုများသော သီးနှံ ဖြစ်သည်။ထို့ကြောင့် မြေဆီသြဇာ ထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့တွင် အထွက်နှုန်းပိုကောင်းသည်။ရှမ်းပြည်နယ်တွင် မြေနီသဲဝန်း၊ သဲနုန်းမြေများ၊ အစိုဓါတ်ထိန်းသိမ်းနိုင်ပြီး ရေမဝပ်သော ရေစီးရေလာကောင်းသော မြေများတွင် ဖြစ်ထွန်းမှုရှိသည်။မြေချဉ်ငန်ဓါတ် (၅.၅-၇.၅)အတွင်း ကြိုက်နှစ်သက်သည်။မိုးရေချိန်လက်မ (၃၅-၄၅) ရှိပြီး ညီညွတ်မျှတစွာ ရွာသွန်းမှုရှိပါက ပိုကောင်းသည်။သို့ရာတွင် ပြောင်းပင် ၁လသားအရွယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု မမိစေရန် ဂရုစိုက်ရမည်။ရေဝပ်မှု မရှိစေရန်လည်း ကြိုတင်ဆောင်ရွက်ထားရမည်။

စိုက်ပျိုးချိန်
ပြောင်းစိုက်ပျိုးချိန်သည် အရေးကြီးသည်။မိုးများတတ်သည့် လများဖြစ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အပင်သက်တမ်းရနေမှသာ မိုးဒဏ်ခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးရာသီတွင် စိုက်ပျိုးမည်ဆိုပါက ဧပြီလလယ်မှ မေလကုန်အပြီး စိုက်သင့်ပြီး ဆောင်းရာသီ စိုက်ပျိုးမည်ဆိုပါက အောက်တိုဘာလ၊နိုဝင်ဘာလကုန်အပြီး စိုက်ပျိုးသင့်သည်။
မြေပြုပြင်ခြင်း
မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ထွန်ရန် အရေးကြီးသည်။မိုးတွင်းပြောင်းစိုက်မည်ဆိုပါက မိုးကြိုထယ်ရေးဝင်ပေးနိုင်လျှင် ပိုကောင်းသည်။မြေမပြုပြင်မီ နွားချေးမြေဆွေး (၁၀-၁၅)စီးအထိ ချပေးရမည်။တောင်စောင်း၊ တောင်ကုန်းများတွင် မြေပြုပြင်ချိန် ပေါက်ပြားများဖြင့် (၂.၅)ပေ အကွာမြောင်းများ ပြုလုပ်၍ မြောင်းများတွင် သဘာ၀ နွားချေးမြေသြဇာမျာ လိုက်၍ချပေးရမည်။ယူရီးယား ၂အိတ်၊ တီစူပါ ၂အိတ်၊ ပိုတက်ရှ် အိတ်တစ်ဝက် အသုံးပြုရန်လိုအပ်သည်။ တီစူပါနှင့် ပိုတက်ရှ်မြေသြဇာကို မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်တည်း ထည့်သွင်းပေးရမည်။ယူရီးယားမြေသြဇာအား မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်၊ အပင်ကြီးထွားချိန် ၁လသားတွင် တစ်ကြိမ်၊ ပန်းမပွင့်မှ တစ်ကြိမ်၊ ပြောင်းဖူးစေ့အစာဖြည့်သွင်းချိန်တွင် တစ်ကြိမ်ထည့်ပေးရမည်။
စိုက်ပျိုးခြင်း
နွေထွန်ရေးခံထားသော စိုက်ကွင်းများတွင် မိုးရာသီမြေပြုပြင်ချိန်တွင် မိုးရာသီ အစေ့ထုတ်ပြောင်းစိုက်ရန် အကောင်းဆုံးဖြစ်သည်။နွေထွန်ရေး မခံနိုင်ပါက မိုးကြိုထွန်ရေးခံခြင်းဖြင့် ထွန်ရေးကောင်းပြီး အစိုဓါတ်ပိုရရှိသဖြင့် အထွက်နှုန်းကောင်းစေသည်။တောင်ကုန်းတောင်စောင်းများတွင် မထွန်ယက်နိုင်ပါက ပေါက်ပြားဖြင့် ထွန်ရေးကောင်းကောင်း မြေပြုပြင်ပြီး တစ်တန်းနှင့် တစ်တန်း ၂ပေခွဲ၊ တစ်ပင်နှင့် တစ်ပင် ၉လက်မခြား၍ မျိုးစေ့ချပေးရမည်။တစ်ကျင်းလျှင် တစ်စေ့နှုန်းသာ ချပေးရမည်။
မေလ၊ ဇွန်လများတွင် ရွာသွန်းသော မိုးရေတွင် စိုက်ပျိုးထားသော အပင်များကို ၁၄ရက်အတွင် အချိန်မီ သားခွဲပေးရမည်။ပင်ခြေမြေဆွပေးရန် အထူးလိုအပ်ပြီး အချိန်မီ သားမခွဲဘဲ နောက်ကျမှ အပင်သားခွဲပါက အထွက်နှုန်းကျဆင်းသွားတတ်သည်။
အပင်ပြုစုခြင်း
တစ်ပင်လျှင် စံနှုန်းပြည့် တစ်ဖူးနှုန်းရရှိစေရန် အပင်သက်တမ်း(၃၅-၄၀) ရက်သားအတွင်း ဘောင်တင်မြေတောင်မမြှောက်မီ ယူရီးယား ၂၈ ပေါင်ကို နွားချေးဆွေးနှင့် ရော၍ စိုက်တန်းများကြားတွင် ချပြီး မြေတောင်မြှောက်ပေါင်းတင်ပေးရမည်။ ထိုသက်တမ်း အရွယ်မှာပင် အဖိုနှံသည် လျင်မြန်စွာကြီးထွားလာပြီး ပင်စည်ခြောက်ဆစ်မှစ၍ ပြောင်းဖူးအစို့သားလောင်းများ ထွက်လာသည်။၎င်းကြီးထွားရန် အတွက် အစိုဓါတ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ပိုတက်စီယမ် ဓါတ်များလိုအပ်သည်။
အပင်သက် ၈ပတ်သားအရွယ်တွင် အဖိုနှံများ စတင်ထွက်လာပြီး (၆၀-၆၆) ရက်သားတွင် အဖိုနှံမှ အဖိုဝတ်မှုန်များ စတင်ကွဲထွက်လာသည်။ ထိုအချိန်တွင် မမြိတ်ဆာများ လည်း ပြောင်းဖူး အပြင်သို့ထွက်လာသည်။ ထိုအမအမြိတ်များပေါ်သို့ အမဝတ်မှုန်များ ကျရောက်ပြီး မျိုးအောင်သည်။ထိုအချိန်တွင် ပင်ပိုင်းကြီးထွားမှုမှာလည်း ရပ်တန့်သွားသည်။မျိုးအောင်ပြီး ၁၂ရက်မှစတင်၍ ပြောင်းစေ့သားလောင်း စတင်ကြီးထွားပြီး အစေ့အတွင်း ကစီဓါတ် ဖြည့်တင်းသည်။ အမမြတ်ဆာထွက်လာပြီး ၂၄ရက်သားခန့်တွင် အစေ့မှာ ရာနှုန်းပြည့်ကြီးထွားလာပြီး အစာဖြည့်တင်းမှု ရပ်ဆိုင်းသွားသည်။ပြောင်းစေ့အတွင်း ကစီဓါတ်ဖြည့်တင်းချိန်တွင် အရွက်ကချက်လုပ်သော အစာ၏ ၆၀% ကို အစေ့ဖြစ်စေရန်အတွက် အသုံးချသည်။ထိုအချိန်တွင် အောင်စေ့များစေရန်အတွက် ယူရီးယား ၂၅ပေါင်ကို နွားချေးဆွေးနှင့် ရော၍ကျွေးရမည်။
ကာကွယ်ခြင်း
ပြောင်းဖူးပင် ၄၅ရက်သား အရွယ်တွင် ရွက်စားပိုးနှင့် ခေါင်ညွန့်ထိုးပိုးများကျရောက်တတ်သည်။ ပန်းပွင့်ချိန်တွင် ပိုးဖြတ်ပါက ပျပိုးများ ကျရောက်တတ်သည်။ ထိုပိုးများကို ဒိုင်မီသီယွန်၊ ဆူမီသီယွန်ပိုးသတ်ဆေးများဖြင့် ကာကွယ်နိုင်သည်။ကြွက်၊ ကြက်တူရွေးနှင့် ရှဉ့်တို့သည် နို့ရည်တည်ချိန်တွင် ဖျက်ဆီးတတ်သဖြင့် ဆေးဖျန်းခြင်း၊ခြောက်လှန့်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ပြောင်းများ အဝါရောင်သန်းပြီး ပြောင်းရိုးအညှာတွင် အညိုရောင်ကွင်း မတွေ့ရမီ ၁၀ရက်ခန့် အလိုတွင် အပင်ကြားရှိပေါင်းများကို ပေါင်းသတ်ဆေးဖျန်း၍ နှိမ်နင်းပေးရမည်။
ရိတ်သိမ်းခြင်း
အစေ့ထုတ်ပြောင်းဖူးဖက် အဝါရောင်သန်းပြီး အဖူးအညှာတွင် အညိုရောင်ကွင်းပေါ်လာပါက ရိတ်သိမ်းသင့်သည်။ထိုအချိန်တွင် အစေ့တွင်း အစိုဓါတ် (၂၅-၃၅)% ခန့် ရှိနိုင်သဖြင့် ဖက်ကို ချက်ချင်းခွာပြီး (၅-၇) ရက်ခန့် ခပ်ပါးပါးနေလှန်းပေးပါ။အစေ့ချွေပြီးပါက တစ်နေထပ်လှန်းပြီး အဖျင်း၊ အမှော်၊ လုံးပိန်၊ လုံးညှပ်များကို သန့်စင်ရမည်။ မျိုးစေ့အဖြစ်ထားရှိပါက မျိုးစေ့ ၁ကီလိုကို ဟိုမိုင်းမှိုသတ်ဆေး ၁ကီလိုနှင့် ရောနယ်၍ အိတ်သွတ်သိုလှောင်နိုင်သည်။





Leave a Reply

Your email address will not be published. Required fields are marked *