BREAKING NEWS

ပဲပုပ္ကို တန္ဖိုးျမွင့္ထုတ္ကုန္ထုတ္လုပ္ႏုိင္ေရး ေဆြးေႏြး

ျမန္မာ့ပဲပုပ္ကို တန္ဖိုးျမွင့္ထုတ္ကုန္ထုတ္လုပ္ႏုိင္ေရးအတြက္ ပဲပုပ္စီမံကိန္းေဆြးေႏြးပြဲမွာ အၾကံျပဳ တင္ျပခဲ့ေၾကာင္းစိုက္ပ်ိဳး ေရးဦးစီးဌာနမွသိရပါတယ္။

ပဲပုပ္ကို စိုက္ပ်ိဳးထုတ္လုပ္ေနတဲ့ ပုဂၢလိကလုပ္ငန္းရွင္မ်ားအေနနဲ႕ဆက္လက္ၿပီး တန္ဖိုးျမွင့္ ထုတ္ကုန္ ထုတ္လုပ္ႏိုင္ ရန္လိုအပ္ေၾကာင္းကိုေဆြးေႏြးခဲ့ပါတယ္လို႕ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာရဲတင့္ထြန္းကေျပာပါတယ္။

“ပဲပုပ္ကတန္ဖိုးျမွင့္သီးႏွံလုပ္ဖို႕အတြက္အေကာင္းဆံုးသီးႏွံပါ။ တိရစာၱန္အစာ၊ ဆီထြက္လုပ္တဲ့ လုပ္ ငန္းေတြ ပဲပုပ္ကိုႏိုုင္ငံျခားကေနဝယ္ယူတင္သြင္းေနမယ့္အစား စက္ရံု ၊အလုပ္ရံုေတြ ၊ ေပၚေပါက္ လာ မယ္ဆိုရင္ ျပည္တြင္းမွာပဲစား ၊ျပည္တြင္းမွာပဲထုတ္လုပ္ႏုိင္မယ္ဆုိရင္ တန္ဖိုးျမွင့္ ထုတ္ကုန္ေတြအ တြက္ပိုေကာင္းလာမွာပါ”

ပဲပုပ္စိုက္ပ်ိဳးထုတ္လုပ္မႈေတာင္သူမ်ားနဲ႕လုပ္ငန္းရွင္မ်ားအတြက္ နည္းပညာမ်ား ပံ့ပိုးေပးေန ေၾကာင္း လည္းအဆိုပါဌာနမွသိရပါတယ္။

ျမန္မာ့ပဲပုပ္ကိုတန္ဖိုးျမွင့္ထုတ္ကုန္မ်ားအျဖစ္ ပဲႏို႕ရည္ ၊ ပဲျပား ၊ ဖေယာင္းတိုင္ နဲ႕ဆပ္ျပာမ်ားထုတ္ လုပ္ေနမႈမ်ားရွိေနတာျဖစ္ေၾကာင္းလည္း စိုက္ပ်ိဳးေရးဦးစီးဌာနမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

ပဲပုပ်ကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး ဆွေးနွေး
မြန်မာ့ပဲပုပ်ကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေးအတွက် ပဲပုပ်စီမံကိန်းဆွေးနွေးပွဲမှာ အကြံပြု တင်ပြခဲ့ကြောင်းစိုက်ပျိုး ရေးဦးစီးဌာနမှသိရပါတယ်။
ပဲပုပ်ကို စိုက်ပျိုးထုတ်လုပ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ဆက်လက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်နိုင် ရန်လိုအပ်ကြောင်းကိုဆွေးနွေးခဲ့ပါတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းကပြောပါတယ်။
“ပဲပုပ်ကတန်ဖိုးမြှင့်သီးနှံလုပ်ဖို့အတွက်အကောင်းဆုံးသီးနှံပါ။ တိရစ္တာန်အစာ၊ ဆီထွက်လုပ်တဲ့ လုပ် ငန်းတွေ ပဲပုပ်ကိုနိုင်ငံခြားကနေဝယ်ယူတင်သွင်းနေမယ့်အစား စက်ရုံ ၊အလုပ်ရုံတွေ ၊ ပေါ်ပေါက် လာ မယ်ဆိုရင် ပြည်တွင်းမှာပဲစား ၊ပြည်တွင်းမှာပဲထုတ်လုပ်နိုင်မယ်ဆိုရင် တန်ဖိုးမြှင့် ထုတ်ကုန်တွေအ တွက်ပိုကောင်းလာမှာပါ”
ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုတောင်သူများနဲ့လုပ်ငန်းရှင်များအတွက် နည်းပညာများ ပံ့ပိုးပေးနေ ကြောင်း လည်းအဆိုပါဌာနမှသိရပါတယ်။
မြန်မာ့ပဲပုပ်ကိုတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပဲနို့ရည် ၊ ပဲပြား ၊ ဖယောင်းတိုင် နဲ့ဆပ်ပြာများထုတ် လုပ်နေမှုများရှိနေတာဖြစ်ကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *