BREAKING NEWS

⁠ေဆးဖက္၀င္ ⁠ေအာင္မဲညိဳပင္ စိုက္ပ်ိဳးနည္း

ျမန္မာအမည္ ။             ။  ေအာင္မဲညိဳပင္

အဂၤလိပ္အမည္။           ။ Butterly Pea

ရုကၡေဗဒအမည္။          ။ Clioria ternatea Linn

မ်ိဳးရိုးအမည္။                ။ Paplionaceae

၁။မ်ိဳးျပားမ်ား

ယခင္က ေအာင္မဲျဖဴ၊ ေအာင္မဲညိဳ (အျပာေရာင္အဆင္းရွိေသာပန္း) အျပင္ ယခုအခါ ပန္းႏုေရာင္ ပန္းရင့္ေရာင္ ခရမ္းႏုေရာင္ ခရမ္းရင့္ေရာင္ စသျဖင့္ အေရာင္မ်ိဳးစံုႏွင့္ ႏွစ္ထပ္ရစ္အပြင့္မ်ား အထိ မ်ိဳးစံု ၀ယ္ယူရရွိႏိုင္ပီ ျဖစ္ပါတယ္။

၂။ ေပါက္ေရာက္ရာေဒသ

ျမန္မာႏိုင္ငံ အႏွံအျပားတြင္ ေတြ႔ရွိရၿပီး အညာေဒသ ျမန္မာႏိုင္ငံ အထက္ပိုင္း ခ်င္းေတာင္၊ ေမၿမိဳ ႔၊ ဗန္းေမာ္၊ ေရႊဘို၊ မိတၳီလာ ႏွင့္ ရန္ကုန္တြင္ ေတြ႔ရွိႏိုင္သည္။

၃။ ေရေျမရာသီဥတု

အေျခခံအားျဖင့္ ေအးျမေသာ ရာသီကို ႀကိဳက္ေသာ္လည္း  စြတ္စိုေသာ အပူပိုင္းမွ ေျခာက္ေသြ႔ေသာ အပူေလ်ာ့ပိုင္းအထိ စိုက္ပ်ိဳးျဖစ္ထြန္းပါတယ္။ ေျမအမ်ိဳးအစားမေရြး စိုက္ပ်ိဳးႏိုင္ေသာ္လည္း သဲဆန္ၿပီး ေျမခ်ဥ္ေသာ ေျမတြင္ ပိုမိုျဖစ္ထြန္းသည္။ ေရမ်ားၿပီး ရြံ႔ထူေသာ အေျခအေနကို ခံႏိုင္ရည္မရွိေပ။ ထို႔ေၾကာင့္ ေရသြင္းေရထုတ္ ဂရုစိုက္ရန္ လိုအပ္သည္။

၄။စိုက္ပ်ိဳးရာသီ

မိုးမ်ားစြာ ရြာသြန္းေသာ ကာလမွ လြဲ၍  တစ္ႏွစ္ပတ္လံုး စိုက္ပ်ိဳးႏိုင္ပါတယ္။ အပူေလ်ာ့ပိုင္းေဒသမ်ား တြင္ ေႏြဦးကာလသည္ စိုက္ပ်ိဳးရမည့္ အခ်ိန္ ျဖစ္သည္။

၅။ ပ်ိဳးေထာင္နည္း

အေစ့မွ ျဖစ္ေစ ကိုင္းဆက္၍ ျဖစ္ေစ မ်ိဳးပြားႏိုင္ေသာ္လည္း အေစ့စိုက္ပင္သည္ ႏွစ္ခ်ီ ေစာင့္ၿပီးမွ အပြင့္တင္ႏိုင္သျဖင့္ ကိုင္းကူးဆက္ျခင္းနည္းျဖင့္သာ မ်ိဳးပြားေလ့ရွိပါတယ္။ အေစ့ျဖင့္ စိုက္မည္ဆိုလွ်င္ အေစ့ကို အခြံပါးသြားေစဖို႔ မ်က္ႏွာျပင္တခုခုနဲ႔ ေျဖးေျဖးပြတ္တိုက္ေပးပါ။ မစိုက္ခင္ အခန္းအပူခ်ိန္ထဲမွာ တညခန္႔ ေရစိမ္ပါ။ စိုက္စဥ္ ပင္ၾကားတန္းၾကားမွာ ၃ေပ x ၆ ေပ ျဖစ္ပါတယ္။ တစ္ဧကလွ်င္ အပင္ ၂၈၀၀ ခန္႔ စိုက္ပ်ိဳးႏိုင္ပါတယ္။ စိုက္ပ်ိဳးၿပီး ၂ – ၃ ပတ္ ခန္႔ ၾကာေသာ္  အေညွာင့္ေပါက္လာသည္ကို ေတြ႔ရွိရႏိုင္ပါတယ္။

၆။ ေျမၾသဇာေကၽြးျခင္း

သဘာ၀ေျမၾသဇာကို အႏွစ္သက္ဆံုးျဖစ္ကာ အပင္ငယ္လွ်င္ သစ္ရြက္ေဆြး ႏွင့္ ႏြားေခ်း တစ္ပင္လွ်င္ တစ္တင္းႏႈန္း အျခားသဘာ၀ ဓာတ္ေျမၾသဇာ တင္း၀က္ခန္႔ ထပ္ထည့္ေပးသင့္ပါတယ္။ ႏြားေခ်း၊ ၾကက္ေခ်း အစရွိတဲ့ စြန္႔ပစ္အစၥည္းေတြ သံုးႏိုင္ပါသည္။ ပိုးက်ရင္ေတာ့ ေဆးရြက္ႀကီး စိမ္ထားတဲ့ ေရကို ေလာင္းေပးႏိုင္ပါတယ္။

၇။ ေရေပးသြင္းျခင္း

ေနေရာင္ျခည္ရရွိမႈ အေပၚ တုန္႔ျပန္မႈ မရွိေသာ အပင္မ်ိဳးျဖစ္သည္။ ပူျပင္းေသာ ရာသီမ်ိဳးတြင္ အပင္ေျခရင္းပတ္လည္ကို ေျမာင္းတူး၍ ေရေပးရပါမည္။ ေရ၀ပ္ျခင္းကို မႏွစ္သက္သျဖင့္ ေရထုပ္ေျမာင္းထဲမွ တစ္ဆင့္ ထုတ္ေပးရပါမည္။

၈။ ဆြတ္ခူးျခင္း

စစိုက္တဲ့ ရက္မွ စ၍ ၂လေက်ာ္လွ်င္ အပြင့္စပြင့္ လာၿပီး အပင္ ၄ လေက်ာ္သည္ႏွင့္ အပြင့္စံုလာၿပီ ျဖစ္ပါတယ္။ တစ္ပင္မွာ ပ်မ္းမွ် အပြင့္ ၅၀ ေလာက္ရရွိႏုိင္ပါတယ္။ အပြင့္ ေျခာက္ ၁ ကီလိုလွ်င္ ပန္းပြင့္ အစို ၂၀၀၀၀ ခန္႔ အေလးခ်ိန္ ႏွင့္  ညီမွ်ပါတယ္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ဆေးဖက်ဝင် အောင်မဲညိုပင် စိုက်ပျိုးနည်း

=================================

မြန်မာအမည် ။ ။ အောင်မဲညိုပင်
အင်္ဂလိပ်အမည်။ ။ Butterly Pea
ရုက္ခဗေဒအမည်။ ။ Clioria ternatea Linn
မျိုးရိုးအမည်။ ။ Paplionaceae
၁။မျိုးပြားများ
ယခင်က အောင်မဲဖြူ၊ အောင်မဲညို (အပြာရောင်အဆင်းရှိသောပန်း) အပြင် ယခုအခါ ပန်းနုရောင် ပန်းရင့်ရောင် ခရမ်းနုရောင် ခရမ်းရင့်ရောင် စသဖြင့် အရောင်မျိုးစုံနှင့် နှစ်ထပ်ရစ်အပွင့်များ အထိ မျိုးစုံ ဝယ်ယူရရှိနိုင်ပီ ဖြစ်ပါတယ်။
၂။ ပေါက်ရောက်ရာဒေသ
မြန်မာနိုင်ငံ အနှံအပြားတွင် တွေ့ရှိရပြီး အညာဒေသ မြန်မာနိုင်ငံ အထက်ပိုင်း ချင်းတောင်၊ မေမြို့၊ ဗန်းမော်၊ ရွှေဘို၊ မိတ္ထီလာ နှင့် ရန်ကုန်တွင် တွေ့ရှိနိုင်သည်။
၃။ ရေမြေရာသီဥတု
အခြေခံအားဖြင့် အေးမြသော ရာသီကို ကြိုက်သော်လည်း စွတ်စိုသော အပူပိုင်းမှ ခြောက်သွေ့သော အပူလျော့ပိုင်းအထိ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း သဲဆန်ပြီး မြေချဉ်သော မြေတွင် ပိုမိုဖြစ်ထွန်းသည်။ ရေများပြီး ရွံ့ထူသော အခြေအနေကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် ရေသွင်းရေထုတ် ဂရုစိုက်ရန် လိုအပ်သည်။
၄။စိုက်ပျိုးရာသီ
မိုးများစွာ ရွာသွန်းသော ကာလမှ လွဲ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။ အပူလျော့ပိုင်းဒေသများ တွင် နွေဦးကာလသည် စိုက်ပျိုးရမည့် အချိန် ဖြစ်သည်။
၅။ ပျိုးထောင်နည်း
အစေ့မှ ဖြစ်စေ ကိုင်းဆက်၍ ဖြစ်စေ မျိုးပွားနိုင်သော်လည်း အစေ့စိုက်ပင်သည် နှစ်ချီ စောင့်ပြီးမှ အပွင့်တင်နိုင်သဖြင့် ကိုင်းကူးဆက်ခြင်းနည်းဖြင့်သာ မျိုးပွားလေ့ရှိပါတယ်။ အစေ့ဖြင့် စိုက်မည်ဆိုလျှင် အစေ့ကို အခွံပါးသွားစေဖို့ မျက်နှာပြင်တခုခုနဲ့ ဖြေးဖြေးပွတ်တိုက်ပေးပါ။ မစိုက်ခင် အခန်းအပူချိန်ထဲမှာ တညခန့် ရေစိမ်ပါ။ စိုက်စဉ် ပင်ကြားတန်းကြားမှာ ၃ပေ x ၆ ပေ ဖြစ်ပါတယ်။ တစ်ဧကလျှင် အပင် ၂၈၀၀ ခန့် စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး ၂ – ၃ ပတ် ခန့် ကြာသော် အညှောင့်ပေါက်လာသည်ကို တွေ့ရှိရနိုင်ပါတယ်။
၆။ မြေသြဇာကျွေးခြင်း
သဘာဝမြေသြဇာကို အနှစ်သက်ဆုံးဖြစ်ကာ အပင်ငယ်လျှင် သစ်ရွက်ဆွေး နှင့် နွားချေး တစ်ပင်လျှင် တစ်တင်းနှုန်း အခြားသဘာ၀ ဓာတ်မြေသြဇာ တင်းဝက်ခန့် ထပ်ထည့်ပေးသင့်ပါတယ်။ နွားချေး၊ ကြက်ချေး အစရှိတဲ့ စွန့်ပစ်အစ္စည်းတွေ သုံးနိုင်ပါသည်။ ပိုးကျရင်တော့ ဆေးရွက်ကြီး စိမ်ထားတဲ့ ရေကို လောင်းပေးနိုင်ပါတယ်။
၇။ ရေပေးသွင်းခြင်း
နေရောင်ခြည်ရရှိမှု အပေါ် တုန့်ပြန်မှု မရှိသော အပင်မျိုးဖြစ်သည်။ ပူပြင်းသော ရာသီမျိုးတွင် အပင်ခြေရင်းပတ်လည်ကို မြောင်းတူး၍ ရေပေးရပါမည်။ ရေဝပ်ခြင်းကို မနှစ်သက်သဖြင့် ရေထုပ်မြောင်းထဲမှ တစ်ဆင့် ထုတ်ပေးရပါမည်။
၈။ ဆွတ်ခူးခြင်း
စစိုက်တဲ့ ရက်မှ စ၍ ၂လကျော်လျှင် အပွင့်စပွင့် လာပြီး အပင် ၄ လကျော်သည်နှင့် အပွင့်စုံလာပြီ ဖြစ်ပါတယ်။ တစ်ပင်မှာ ပျမ်းမျှ အပွင့် ၅၀ လောက်ရရှိနိုင်ပါတယ်။ အပွင့် ခြောက် ၁ ကီလိုလျှင် ပန်းပွင့် အစို ၂၀၀၀၀ ခန့် အလေးချိန် နှင့် ညီမျှပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *